
နေပြည်တော် ဇန်နဝါရီ ၂၁
ပြည်ထဲရေးဝန်ကြီးဌာန အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာ ဆံများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ ပျဉ်းမနားမြို့နယ်ရှိ ကူးတို့ဆိပ်ကျောင်းတိုက်၊ စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့နယ်ရှိ မြို့မ ရွှေကြာရုံကျောင်းတိုက်၊ ပဲခူးတိုင်းဒေသ ကြီး ပဲခူးမြို့နယ်ရှိ သာသနာ့ရက္ခိတကျောင်းတိုက်၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ ရာမညနိကာယ သာသနာ့ရက္ခိတပရိယတ္တိ မွန်ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ထေရဝါဒဓမ္မရောင်ခြည် ပရိယတ္တိစာသင်တိုက်၊ မင်္ဂလာဒုံ မြို့နယ်ရှိ မဟာအတုလ ဝေယံဘုံသာတိပိဋက ရွှေပါရမီကျောင်းတိုက်၊ ရွှေပြည်သာမြို့နယ်ရှိ ပညာပါရမီကျောင်းတိုက်နှင့် ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ်ရှိ ပုဗ္ဗာရုံကျောင်းတိုက်တို့သို့ ဆွမ်းဆန်တော်များကို လည်းကောင်း၊ ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ သရက်တောကျောင်း တိုက်၊ မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်ရှိ ပညာစက္ကရာမကျောင်း တိုက်၊ မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်ရှိ မိုးကုတ်ရိပ်သာ (မြောက်)ကျောင်းတိုက်နှင့် အောင်မြေသာစံမြို့နယ်ရှိ နဂါးပရိယတ္တိ စာသင်တိုက်၊ ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်ရှိ နောင်အင်ပရိယတ္တိ စာသင်တိုက်နှင့် လားရှိုးမြို့နယ်ရှိ လွယ်ဝိန်းတောရကျောင်းတိုက်တို့ သို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များ အတွက် ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့နှင့် ဦးစီးဌာနများမှ သက်ဆိုင် ရာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ တာဝန်ရှိ သူများက သွားရောက်ဆက်ကပ်လှူဒါန်းသည်။
သတင်းစဉ်