
နေပြည်တော် ဇန်နဝါရီ ၂၀
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာ ပြည်) ၌ ဖွင့်လှစ်သည့် ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး စီမံခန့်ခွဲမှုသင်တန်း၊ အမှတ်စဉ် (၁၁) နှင့် အဆင့်မြင့် အရာထမ်း စီမံခန့်ခွဲမှုသင်တန်း၊ အမှတ်စဉ် (၁၂) တို့မှ သင်တန်းသား၊ သင်တန်းသူများကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ကော်မရှင်ဥက္ကဋ္ဌ ဦးသန်းဆွေက သန့်ရှင်းသော အစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်မှုစနစ် ဖြစ်စေရေးအတွက် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍသည် အရေးကြီးပြီး ပြည်သူ့ ဝန်ထမ်းကောင်းများ ဖြစ်လာစေရန်နှင့် ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံး လုပ်နည်းနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရေး အတွက် ယနေ့တွင် “အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍ” ဘာသာရပ်ကို သင်ကြားပို့ချ သည်။
ထို့အပြင် အဂတိလိုက်စားမှု တိုက်ဖျက် ရေးကော်မရှင်နှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ဖြောင့်မတ်တည်ကြည်မှု မြှင့်တင် ရေးပညာပေး (Edu-tainment) အစီအစဉ် အဖြစ် နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိ မြို့နယ် အမှတ်(၃)အခြေခံပညာ အထက်တန်း ကျောင်း၊ ရန်ကုန်တိုင်းဒေသကြီး လသာ မြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းနှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့ အမှတ် (၅) အခြေခံပညာ အထက်တန်း ကျောင်းတို့တွင် မူလတန်းနှင့် အလယ်တန်း အဆင့် ကျောင်းသား ကျောင်းသူများကို ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာ ပေးအစီအစဉ် (ဆရာကိုင်) စာအုပ်များမှ သင်ခန်းစာများကို ဆွေးနွေးပို့ချကြောင်း သိရသည်။
သတင်းစဉ်