တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်)နှင့် မြစ်ရေယာဉ် (စကု) ညောင်တုန်းမြို့ ဆားမလောက်ကျေးရွာရှိ ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

 

နေပြည်တော်   ဇန်နဝါရီ   ၁၉


ဧရာဝတီတိုင်းဒေသကြီး  ဧရာဝတီ မြစ်ကြောင်းတစ်လျှောက်ရှိ မြစ်ဝ ကျွန်းပေါ်ကျေးရွာများမှ   ဒေသခံ ပြည်သူများကို    ကျန်းမာရေး စောင့်ရှောက်မှု          လုပ်ငန်းများ ဆောင်ရွက်ပေးရန်     တပ်မတော် နယ်လှည့်        အထူးကုဆေးအဖွဲ့မှ ပါရဂူများ၊      ဆေးမှူးများနှင့်    သူနာပြုများပါဝင်သော တပ်မတော် မြစ်တွင်းသွား         ဆေးရုံရေယာဉ် (ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်  (စကု)    တို့သည် ယနေ့တွင် ညောင်တုန်း မြို့နယ်   ဆားမလောက်ကျေးရွာ နှင့်  ပတ်ဝန်းကျင်ကျေးရွာများမှ    ဒေသခံပြည်သူ    ၁၀၉၆   ဦးကို ၎င်းကျေးရွာ၌        ကျန်းမာရေး စောင့်ရှောက်မှု       လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

 


ထိုသို့    ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ  ၅၂၁ ဦး၊ ခွဲစိတ်ရောဂါ ၇၉ ဦး၊   သားဖွား/ မီးယပ်ရောဂါ ၈၉ ဦး၊   ကလေး ရောဂါ ၅၅ ဦး၊ အရိုးရောဂါ ၁၄၁ ဦး၊ နား၊   နှာခေါင်း၊  လည်ချောင်း ရောဂါ ၈၀ ၊ မျက်စိရောဂါ ၇၈ ဦး နှင့်    သွားရောဂါ  ၅၃  ဦးတို့ကို လိုအပ်သည့်  ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။         ထို့ပြင် အထွေထွေ ခွဲစိတ်လူနာ ၂၂  ဦးနှင့် မျက်စိခွဲစိတ်လူနာ   ၁၉   ဦးတို့ကို ခွဲစိတ်ကုသပေးခြင်းများ   ဆောင် ရွက်ပေးပြီး   ဓာတ်မှန်ရိုက်လူနာ ၄၃ ဦး၊ တယ်လီဗေးရှင်းဓာတ်မှန် ရိုက်လူနာ ၅၂ ဦး၊  ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ   ၉၈   ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ   ၁၀၅   ဦး တို့ကို   ရောဂါရှာဖွေစမ်းသပ်ပေး ခြင်းများ ဆောင်ရွက်ပေးသည်။

 


ယင်းသို့ ဆောင်ရွက်ပေးနေ မှုများကို ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်  ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများက   သွားရောက် ကြည့်ရှုအားပေးပြီး    တပ်မတော် နယ်လှည့်       အထူးကုဆေးအဖွဲ့ အတွက်   စားသောက်ဖွယ်ရာနှင့် ချီးမြှင့်ငွေများ ပေးအပ်ကာ လိုအပ် သည်များ   ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်း    သတင်းရရှိ သည်။  

                 

သတင်းစဉ်