ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဘန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂဆိုင်ရာ ဖွံ့ဖြိုးမှုပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေးရုံး၏ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. David McLachlan-Karr နှင့် အဖွဲ့ကို လက်ခံတွေ့ဆုံ

 

နေပြည်တော်  ဇန်နဝါရီ  ၁၉


ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည်  ဘန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂဆိုင်ရာ ဖွံ့ဖြိုးမှုပူးပေါင်း ညှိနှိုင်းဆောင်ရွက်ရေးရုံး၏ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. David McLachlan-Karr နှင့်အဖွဲ့ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

 


တွေ့ဆုံစဉ်  မြန်မာနိုင်ငံအစိုးရနှင့်  ကုလသမဂ္ဂအဖွဲ့အစည်းများအကြား  လက်ရှိ ပူးပေါင်းဆောင်ရွက်မှုနှင့်  ကုလသမဂ္ဂအဖွဲ့အစည်းများ၏  နိုင်ငံဆိုင်ရာအစီအစဉ်များ ဆက်လက်အကောင်အထည်ဖော်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

 


တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိ သူများ တက်ရောက် ကြကြောင်း သိရသည်။


သတင်းစဉ်