
နေပြည်တော် ဇန်နဝါရီ ၁၉
ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဌေးအောင်သည် ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည် နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ တြိဂံဒေသတိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နီလင်း အောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ကျိုင်းတုံ မြို့ သီလဓမ္မကုန်းသာတောရ ကျောင်းသို့ သွားရောက်ပြီး သီလဓမ္မကုန်းသာတောရကျောင်း ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တကောဝိဒထံ အရုဏ်ဆွမ်း နှင့် လှူဖွယ်ပစ္စည်းများ ဆပ်ကပ် လှူဒါန်းသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး၊ ရှမ်းပြည်နယ် ဝန်ကြီး ချုပ်နှင့်အဖွဲ့သည် ကျိုင်းဖောင်း ချောင်းအတွင်းသို့ ရွှေဝါငါးကြင်း နှင့် ငါးမြစ်ချင်း ငါးသားပေါက် ကောင်ရေ ၃၀၀၀ ကျော်ကို မျိုးစိုက်ထည့်ကြသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် လွိုင်မွေ တောင်စခန်း စတုရဌသုမင်္ဂလာ စေတီတော်အနီး ချယ်ရီပင်တန်း၌ ကျင်းပသော ချယ်ရီပန်းပွဲတော် (၂၀၂၃) အခမ်းအနားသို့ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီး၊ ရှမ်းပြည်နယ် ဝန်ကြီး ချုပ်နှင့် တိုင်းမှူးတို့က ချယ်ရီပန်း ပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ပြီး ဂုံရှမ်း၊ လားဟူ၊ အာခါတိုင်းရင်း သားတို့၏ ဒေသထွက်ပစ္စည်းများ ဖြစ်သည့် ရိုးရာဝတ်စုံများ၊ ကော်ဖီ၊ လက်ဖက်ခြောက်နှင့် အစားအစာ များ၊ ဒေသခံလုပ်ငန်းရှင်များ၏ အင်တာနက်ဝန်ဆောင်မှုလုပ်ငန်း များကို လှည့်လည်ကြည့်ရှုကြ သည်။
ဖွင့်ပွဲအခမ်းအနားတွင် ပြည် ထောင်စုဝန်ကြီးက ယနေ့ပွဲတော် ကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) လွိုင်မွေဒေသ ခရီးသွားလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်လာစေရန် အတွက် ရည်ရွယ်ကျင်းပပြုလုပ် ခြင်းဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်တွင် ရှမ်းပြည်နယ်ရှိ ခရီးစဉ်ဒေသများ သို့ ပြည်တွင်းခရီးသွား ကိုးသိန်း ကျော်နှင့် ပြည်ပခရီးသွား သုံးသောင်းကျော် လာရောက် လည်ပတ်ခဲ့ကြောင်း၊ ကျိုင်းတုံမြို့ တွင် ဗုဒ္ဓဥယျာဉ်ကဲ့သို့ ခရီးသွား ဆွဲဆောင်ရာနေရာများစွာ ရှိနေပြီး ယခုကဲ့သို့ ပွဲတော်များ ကျင်းပခြင်း ဖြင့် တရုတ်(စစ်ဆောင်ပနား)- လာအို(လွန်ပရာဘွန်) - မြန်မာ (ကျိုင်းတုံ) - ထိုင်း(ချင်းမိုင်) လေးနိုင်ငံ ခရီးစဉ်ဒေသတစ်ခု အစီအစဉ်ကိုလည်း မြှင့်တင် ဆောင်ရွက်ရာရောက်နိုင်ကြောင်း ပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ် ဝန်ကြီးချုပ်နှင့် တြိဂံဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူးတို့က ချယ်ရီ ပန်းပွဲတော် ကျင်းပရခြင်းရည်ရွယ် ချက်များ၊ ရှမ်းပြည်နယ်အတွင်းရှိ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ကဏ္ဍဆောင်ရွက်နေမှု၊ ခရီးစဉ် ဒေသများ ဆက်လက်ဖော်ဆောင် သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ကြသည်။
ယင်းနောက် တိုင်းရင်းသား ယဉ်ကျေးမှု အကအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားအဆိုတော် များက ဖျော်ဖြေတင်ဆက်ကြပြီး အာခါတိုင်းရင်းသားအကြီးအကဲ ဦးမင်းညိုက ကျေးဇူးတင်စကား ပြောကြားကာ ပြည်ထောင်စု ဝန်ကြီး၊ ရှမ်းပြည်နယ် ဝန်ကြီး ချုပ်နှင့် တိုင်းမှူးတို့က ယဉ်ကျေးမှု အဖွဲ့များကို ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် ကျိုင်းတုံမြို့နယ် ပင်းဆိုင်းကျေးရွာရှိ ‘ဝ’ တိုင်းရင်း သားရိုးရာ ကျေးရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း ဖော်ဆောင် နေသည့် တည်ဆောက်ရေး လုပ်ငန်းခွင်နေရာသို့ သွားရောက် ၍ ဒေသခံ‘ဝ’တိုင်းရင်းသားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ကျေးရွာ လူထုအခြေပြု ခရီးသွားလုပ်ငန်း ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဌာန များသို့ တင်ပြဆောင်ရွက်ကြရန် နှင့် လုပ်ငန်းများ အောင်မြင်ရန် အတွက် လုပ်ထုံးလုပ်နည်းနှင့် အညီ စနစ်တကျ ဆောင်ရွက်ကြ ရန် ပြောကြားသည်။
ယမန်နေ့ နံနက်ပိုင်းက လည်း ပြည်ထောင်စုဝန်ကြီးသည် ကျိုင်းတုံမြို့ရှိ ဟွမ်ဟိန်းဟိုတယ် အစည်းအဝေးခန်းမ၌ ခရီးသွား အသင်းအဖွဲ့များ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများမှ လုပ်ငန်းရှင်များ၊ တာဝန်ခံများ၊ ဧည့်လမ်းညွှန်များ၊ ခရီးလှည့်လည် ရေးကုမ္ပဏီများနှင့် တွေ့ဆုံ သည်။
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စု ဝန်ကြီးက ကျိုင်းတုံဒေသအနေ ဖြင့် အိမ်နီးချင်း ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ လာအိုနိုင်ငံတို့နှင့် ရှေးယခင်ကတည်းကပင် ချစ် ကြည်ရင်းနှီးမှု ရှိသောကြောင့် ဒေသတွင်းခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် နိုင်မည့် အခွင့်အလမ်းများစွာရှိ ကြောင်း၊ ခရီးသွားလုပ်ငန်းမှာ ကောင်းကျိုးရှိသကဲ့သို့ ဆိုးကျိုး များလည်းရှိသဖြင့် ဆိုးကျိုးနည်း နိုင်သမျှနည်းအောင် အဘက် ဘက်မှ ဝိုင်းဝန်းကြည့်ရှုထိန်းသိမ်း ပေးစေလိုကြောင်း၊ ခရီးသွား လုပ်ငန်းသည် ကြယ်ငါးပွင့်အဆင့် ရှိသော ဟိုတယ်ကြီးများမှ လမ်းဘေးဈေးသည်များအထိပါ အကျိုးကျေးဇူး ရရှိနိုင်သည့် အတွက် စနစ်တကျ လုပ်ကိုင်နိုင် ပါက ဆင့်ပွားအကျိုးသက်ရောက် မှုရှိမည်ဖြစ်ပါကြောင်း ပြောကြား သည်။
ထို့နောက် တက်ရောက်လာ ကြသူများက သိရှိလိုသည်များ ကို ဆွေးနွေးတင်ပြကြပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ် သည်များအား ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး ကျိုင်းတုံမြို့ရှိ ဟိုတယ်သုံးလုံးကို ကျန်းမာရေး နှင့် ဘေးအန္တရာယ်ကင်းရှင်းရေး ဆိုင်ရာ အသိအမှတ်ပြုလက်မှတ် များပေးအပ်သည်။
သတင်းစဉ်