သတင်းကြေညာချက်

 

၁။    မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏  ရေနံရှာဖွေ တူးဖော်ရေးလုပ်ငန်းများတွင် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိ   သော POSCO International Corporation (Myanmar E&P) သည် ကမ်းလွန်လုပ်ကွက် အမှတ်၊ A-1 ဧရိယာတွင် Shwe Project Subsea Structures and Pipelines Inspectionလုပ်ငန်းများအား MV. PACIFIC RAPIER ဖြင့် ဆောင်ရွက်သွားမည့် တည်နေရာကိုဖော်ပြသည့် Coordinate များဖြစ်သော Point A မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၃၄ မိနစ် ၃၆.၃၀၀ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၃၅ မိနစ်  ၀၂.၇၂၄ စက္ကန့်၊ Point B မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၃၅ မိနစ် ၁၉.၉၆၈ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၃၆ မိနစ် ၄၅.၀၀၀ စက္ကန့်၊ Point C မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၄၀ မိနစ် ၅၈.၄၄၀ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၃၃ မိနစ် ၄၄.၂၀၈ စက္ကန့်၊  Point D မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၄၀ မိနစ် ၂၃.၅၂၀ စက္ကန့်၊ အရှေ့ လောင်ဂျီတွဒ်  ၉၂ ဒီဂရီ ၃၂ မိနစ် ၁၉.၅၇၂ စက္ကန့်၊ Point E မြောက် လတ္တီတွဒ် ၁၉ ဒီဂရီ ၄၀ မိနစ် ၃၄.၇၁၆ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၃၂ မိနစ် ၃၁.၂၇၂ စက္ကန့်၊ Point F မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၄၁ မိနစ် ၅၆.၇၆ဝ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၃၃ မိနစ် ၀၁.၈၇၂ စက္ကန့်၊ Point G မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၂၇ မိနစ် ၃၉.၄၂၀ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၂၉ မိနစ် ၅၂.၃၃၂  စက္ကန့်နှင့် Point H မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၂၆ မိနစ် ၂၁.၃၀၀ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၂၉ မိနစ် ၂၃.၇၁၂ စက္ကန့် တို့အတွင်းတွင် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

 


၂။    သို့ဖြစ်ပါ၍  ကမ်းလွန်လုပ်ကွက်အမှတ်၊ A-1 ဧရိယာတွင် Shwe Project Subsea Structures and Pipelines Inspection လုပ်ငန်းများအား MV. PACIFIC RAPIER ဖြင့် လုပ်ငန်းများ ဆောင်ရွက် နေစဉ် ကာလအတွင်း လုပ်ငန်းများနှောင့်နှေးကြန့်ကြာမှု မဖြစ်ပေါ်စေ ရေးအတွက် အထက်ဖော်ပြပါ  တည်နေရာများမှ  ၄ ကီလိုမီတာ ပတ်လည်အတွင်းအား  ရေကြောင်းသတိပေးချက်  (Notice  to  Mariners)  ထုတ်ပြန်ကြေညာထားပါ၍  သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊  ငါးဖမ်းသင်္ဘောများ၊  စက်တပ်သမ္ဗန်များ ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားထားခြင်း၊ ငါးဖမ်းဆီးခြင်း နှင့် ငါးဖမ်းကိရိယာများ ချထားခြင်းမပြုလုပ်ကြရန် အသိပေးကြေညာ အပ်ပါသည်။

 

ငါးလုပ်ငန်းဦးစီးဌာန