မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (8th HLC) သို့ တက်ရောက်ရန်အတွက် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိ

 

နေပြည်တော်  ဇန်နဝါရီ  ၁၉


မြန်မာနိုင်ငံ၌     အိမ်ရှင်အဖြစ် လက်ခံ          ကျင်းပပြုလုပ်သည့် မြန်မာ - ထိုင်း     တပ်မတော် နှစ်ရပ်အကြား အဆင့်မြင့်အရာရှိ ကြီးများအစည်းအဝေး  8th High Level Committee Meeting  သို့ တက်ရောက်ရန်အတွက်   ထိုင်း ဘုရင့်တပ်မတော်   ကာကွယ်ရေး ဦးစီးချုပ် General Chalermphon Srisawasdi      ဦးဆောင်သည့် ထိုင်းဘုရင့်တပ်မတော် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည်    ယနေ့ နံနက်ပိုင်းတွင်  အထူးလေယာဉ် ဖြင့် ရခိုင်ပြည်နယ်  သံတွဲလေဆိပ် သို့ ရောက်ရှိကြသည်။

 


အဆိုပါ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်   ဦးဆောင် သည့်    ထိုင်းဘုရင့်တပ်မတော် အဆင့်မြင့်    ကိုယ်စားလှယ်အဖွဲ့ အား         ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)   ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဇနီး၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ    တပ်မတော် အရာရှိကြီးများနှင့်        ဇနီးများ၊ အနောက်ပိုင်းတိုင်း       စစ်ဌာနချုပ် တိုင်းမှူး၊     မြန်မာနိုင်ငံဆိုင်ရာ ထိုင်းဘုရင့် တပ်မတော်စစ်သံမှူး နှင့်  တာဝန်ရှိသူများက  လေဆိပ် တွင်   ရင်းနှီးနွေးထွေးစွာ   ကြိုဆို နှုတ်ဆက်ကြသည်။

 


ထိုင်း          ဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်  ဦးဆောင် သည့်    အဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိ နေစဉ်အတွင်း   8th High Level Committee    Meeting       သို့ တက်ရောက်ခြင်း၊       တပ်မတော် နှစ်ရပ်အကြား   ချစ်ကြည်ရင်းနှီးမှု နှင့်        ပူးပေါင်းဆောင်ရွက်မှု များ   ပိုမိုတိုးမြှင့်နိုင်ရေးအတွက် ဆွေးနွေးဆောင်ရွက်ခြင်း၊ တန်ခိုး ကြီးဘုရားများအား   ဖူးမြော်ခြင်း နှင့်         အထင်ကရနေရာများသို့ သွားရောက်   လေ့လာခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


သတင်းစဉ်