Saudi International Marine Exhibition ကျင်းပသွားမည်

 

ဆော်ဒီအာရေဗျနိုင်ငံ အရှေပိုင်းပြည်နယ်တွင်  ဖေဖော်ဝါရီ ၁၂ ရက်မှ ၁၄ ရက်အထိ ကျင်းပမည့် Dhahran Expo တွင် ပါဝင်သည့် Saudi International Marine Exhibition သို့ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ပြသရန် ဖိတ်ကြားထားသည်။ အဆိုပါပြပွဲသို့ ဝင်ရောက်ပြသခြင်းဖြင့် ဆော်ဒီအာရေဗျနိုင်ငံနှင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတို့အကြား ငါးမွေးမြူရေးလုပ်ငန်းနှင့် ပင်လယ်စာကဏ္ဍတို့၏ စီးပွားရေး ဆိုင်ရာ  ဆက်ဆံရေးခိုင်မာစေရန်   ထူးခြားသော   စီးပွားရေးအခွင့်အလမ်းတစ်ခု ဖြစ်ကြောင်း သိရသည်။   စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်   စီးပွားရေးနှင့်  ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊  မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေး ဌာနခွဲ အီးမေးလ် moctradefair@myantrade.gov.mm ၊ ဖုန်း ၀၆၇-၄၀၈၆၂၂ ၊ ၀၆၇ -၄၀၈၆၂၃ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။