
ကော့သောင်းကုန်သွယ်ရေးစခန်း သည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ် ဖြင့် အဓိကတင်ပို့နေသော ပို့ကုန် အသာစီးရသည့် စခန်းတစ်ခု ဖြစ်သည်။ အဓိကတင်ပို့နေသော ပစ္စည်းများမှာ ငါးမျိုးစုံ၊ ငါးစီ ဖောင်း၊ ပုစွန်၊ ငါးဆားနယ်၊ ကဏန်း၊ ကင်းမွန် (စို/ခြောက်)၊ ခရုနှင့် ငါးမှုန့်တို့ ဖြစ်သည်။
၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက် မှ ၁၇ ရက်အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၁၀၂ သန်းနှင့် သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ၀ ဒသမ ၁၆၃ သန်းဖြင့် စုစုပေါင်း ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၂၆၅ သန်း ဆောင်ရွက်နိုင်ခဲ့ သည်။ အများဆုံးတင်ပို့နိုင်သည့် ပို့ကုန်ပစ္စည်းမှာ ငါးမျိုးစုံနှင့် ကင်းမွန်ဖြစ်ပြီး၊ သီဟိုဠ်စေ့၊ ဆီ အုန်း၊ အုန်းဖက်အက်စစ် (Palm Fatty Acid) ဖြစ်ပြီး အများဆုံး တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း များမှာ ငါးမျှားကြိုး၊ ပုလင်းဖုံး၊ ဓာတ်ဆီ၊ ကားမှုတ်ဆေး၊ ဝါဂွမ်း၊ သွားတိုက်ဆေး၊ ရေချိုးဆပ်ပြာ၊ ရေကူးကန်သုံးပစ္စည်း၊ နိုင်လွန် ကြိုးများဖြစ်ကြောင်း သိရှိရသည်။
ဇန်နဝါရီ ၁၈ ရက် ပြင်ပ ငွေလဲနှုန်းမှာ မြန်မာငွေကျပ် တစ်သိန်းလျှင် ၁၁၆၃ ဘတ်၊ တစ်ဘတ်လျှင် မြန်မာငွေကျပ် ၈၆ ကျပ်ခန့်ဖြစ်ကြောင်း သတင်း ရရှိသည်။