
ဟားခါး ဇန်နဝါရီ ၁၈
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် တွင် ကျရောက်မည့် (၇၆) နှစ် မြောက် ပြည်ထောင်စုနေ့ အခမ်း အနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၁၇ ရက်က ဟားခါးမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် က ပြည်ထောင်စုနေ့ အခမ်းအနား ကို အနှစ်သာရပြည့်ဝစွာ ကျင်းပ နိုင်ရေးအတွက် အားလုံးဝိုင်းဝန်း ဆွေးနွေးပေးစေလိုကြောင်း ပြော ကြားသည်။
ထို့နောက် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေးဦးစီး ကော်မတီဥက္ကဋ္ဌ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းနှင့် အစည်း အဝေးသို့ တက်ရောက်လာကြ သည့် ဆပ်ကော်မတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများက (၇၆)နှစ် မြောက် ပြည်ထောင်စုနေ့အခမ်း အနား အောင်မြင်စွာ ကျင်းပနိုင် ရေးအတွက် ဆောင်ရွက်မည့် အစီအမံများ၊ လိုအပ်ချက်များနှင့် အသုံးစရိတ် တွက်ချက်မှုများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် နယ်မြေခံတပ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစောထွန်း က လုံခြုံရေးကိစ္စရပ်များကို ဆွေးနွေးတင်ပြပြီး ဆပ်ကော်မတီ များ၏ ဆွေးနွေးတင်ပြချက်များ အပေါ် ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်အကြံပြု တင်ပြကြကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ် ချက်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
ခရိုင်(ပြန်/ဆက်)