
နေပြည်တော် ဇန်နဝါရီ ၁၇
ကချင်ပြည်နယ် မြစ်ကြီးနား မြို့နယ်ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ပြည်သူ့စစ် (ဌာနေ)အဖွဲ့ဝင်များ တွေ့ဆုံပွဲကို ယနေ့ မွန်းလွဲပိုင်းက မြောက် ပိုင်းတိုင်း စစ်ဌာနချုပ်ရှိ ဗလ မင်းထင်ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် အဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ပြည်သူ့စစ် (ဌာနေ)အဖွဲ့ဝင်များ တက်ရောက် ကြသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာ စကားပြောကြားသည်။ ထို့နောက် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ပြည်သူ့စစ် (ဌာနေ) အဖွဲ့ဝင်များ ၏ တင်ပြချက်များအပေါ် လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့ စစ် (ဌာနေ) အဖွဲ့ဝင်များကို စားသောက်ဖွယ်ရာများ၊ ဂုဏ်ပြု ချီးမြှင့်ငွေများနှင့် သုတ/ရသ စာအုပ်စာစောင်များ ပေးအပ် သည်။
ယင်းနောက် မြို့နယ်စစ်မှု ထမ်းဟောင်း အဖွဲ့ဝင်များနှင့် ပြည်သူ့စစ် (ဌာနေ) အဖွဲ့ဝင်များ ကို နယ်မြေခံဆေးတပ်ဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင် ရွက်ပေးနေမှုများကို တိုင်းမှူး နှင့် တာဝန်ရှိသူများက လိုက်လံ ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်