တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

နေပြည်တော်   ဇန်နဝါရီ   ၁၇


တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ ကာကွယ်ဆေးထိုးနှံခြင်းကို ဆောင်ရွက် လျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆  မြို့နယ်တို့၌     ဒေသခံပြည်သူ  ၁၄၇  ဦးနှင့်   မန္တလေးတိုင်းဒေသကြီးအတွင်းရှိ   ခရိုင်ခုနစ်ခုတို့၌ ဒေသခံပြည်သူ ၁၁၅၇၀ တို့ကို တပ်မတော်မှ ဆေးအဖွဲ့များက  ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊  သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊  စေတနာ့ဝန်ထမ်းများနှင့်   ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးသည်။

 


ထို့အတူ ကျောင်းသား ကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး များ  ထိုးနှံပေးလျက်ရှိရာ  ယနေ့တွင်  ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ   မြို့နယ် ၂၆ မြို့နယ်တို့၌   ကျောင်းသား ကျောင်းသူ ၁၄၁၂  ဦးနှင့်   မန္တလေးတိုင်းဒေသကြီးအတွင်းရှိ   ခရိုင်ခုနစ်ခရိုင်တို့၌  ကျောင်းသား ကျောင်းသူ ၃၂၇ ဦးကို တပ်မတော်မှ ဆေးအဖွဲ့ များက ပြည်သူ့ဆေးရုံများမှဆရာဝန်များ၊ သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့်ပူးပေါင်း၍ ထိုးနှံပေးခဲ့ကြောင်း သတင်းရရှိသည်။    
သတင်းစဉ်