ပြည်ထဲရေးဝန်ကြီးဌာနမိသားစုများက ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်း

 

 

နေပြည်တော် ဇန်နဝါရီ ၁၇     

ပြည်ထဲရေးဝန်ကြီးဌာန  တပ်ဖွဲ့ ဝင်/ဝန်ထမ်းအရာထမ်း၊ အမှုထမ်း မိသားစုများက  မြို့နယ်အသီးသီး ရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့်  ဆန်ကြာဆံ များ   ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ          ပုဗ္ဗသီရိမြို့နယ်ရှိ ကျောင်းစုကျောင်းတိုက်၊   ပဲခူး တိုင်းဒေသကြီး    ပဲခူးမြို့နယ်ရှိ ဦးဝင်း ကျောင်းတိုက်၊   ရန်ကုန် တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ မြစကြ်ာကျောင်းတိုက်၊    မြောက် ဥက္ကလာပမြို့နယ်ရှိ   ရေလယ် ကျောင်းတိုက်၊ မရမ်းကုန်းမြို့နယ် ရှိ   သံဃာ့တက္ကသိုလ်ကျောင်း တိုက်နှင့် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ       စိန်မြဓမ္မသာလာ ကျောင်းတိုက်၊    ဧရာဝတီတိုင်း ဒေသကြီး          ပုသိမ်မြို့နယ်ရှိ နိဂြောဓာရုံကျောင်းတိုက်တို့သို့ ဆွမ်းဆန်တော်များကို   လည်း ကောင်း၊  မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်ရှိ  မင်္ဂလာသာစည် ကျောင်းတိုက်၊            မန္တလေးတိုင်း ဒေသ ကြီး  ချမ်းအေးသာစံမြို့နယ်ရှိ ငြိမ်းချမ်းရေး  ကျောင်းတိုက်နှင့် အောင်မြေသာစံမြို့နယ်ရှိ  မဟာ ဒီပဲယင်းကျောင်းတိုက်၊   ရန်ကုန် တိုင်းဒေသကြီး    ဒလမြို့နယ်ရှိ နန်းဦးကျောင်းတိုက်၊        ရှမ်း ပြည်နယ်    တောင်ကြီးမြို့နယ်ရှိ အောင်အပ်နှံ   ကျောင်းတိုက်နှင့် လားရှိုးမြို့နယ်ရှိ  နမ့်ခိုက်ကျောင်း တိုက်တို့သို့    ဆန်ကြာဆံများကို လည်းကောင်း      ဆရာတော်၊ သံဃာတော်များအတွက် တာဝန် ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း          သိရ သည်။


သတင်းစဉ်