ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ဘုရားများပြုပြင်ထိန်းသိမ်းဆောင်ရွက်ပြီးစီးမှု ကြည့်ရှုစစ်ဆေ

ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ဘုရားများပြုပြင်ထိန်းသိမ်းဆောင်ရွက်ပြီးစီးမှု ကြည့်ရှုစစ်ဆေး

=============================================================================================================

 

နေပြည်တော် ဇန်နဝါရီ ၁၂

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကိုသည် သာသနာရေး ဦးစီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိ သူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီး ခဲ့သည် ပုဂံယဉ်ကျေးမှုအမွေအနှစ် ဒေသရှိ ဘုရားပုထိုးများ၊ ရှေးဟောင်း သာသနိက အဆောက်အအုံများ ဖြစ်သော မင်္ဂလာစေတီ၊ လောက ဥသျှောင်ဘုရား၊ လောကထိပ်ပန် ဘုရား၊ ထီးလိုမင်းလိုဘုရား၊ ဘုရား သုံးဆူဘုရား၊ စူဠာမဏိဘုရား၊ နရ သီဟပတေ့ဘုရား၊ သမ္ဘူလဘုရား အပါအဝင် ငလျင်ဒဏ်ကြောင့် ထိခိုက် ပျက်စီးခဲ့သည့် ဘုရားများပြန်လည် ပြုပြင်ထိန်းသိမ်းဆောင်ရွက်ထားမှု များနှင့် လုပ်ငန်းပြီးစီးမှုကို လှည့်လည် စစ်ဆေး၍ လိုအပ်သည်များ မှာကြား သည်။

 

ပြုပြင်ပြီးစီး

 

၂၀၁၆ ခုနှစ် သြဂုတ် ၂၄ ရက်တွင် မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပုဂံ ယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ စေတီ ပုထိုးများအနက် ၃၈၉ ဆူ ထိခိုက် ပျက်စီးခဲ့သည်။ အဆိုပါ ထိခိုက်ပျက်စီး ခဲ့သည့် စေတီပုထိုးများကို လေးနှစ်စီမံ ကိန်းဖြင့် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ၃၇၅ ဆူနှင့် ဆောက်လုပ်ရေးဝန်ကြီး ဌာန အဆောက်အဦအထူးအဖွဲ့(၇)က ၁၄ ဆူ ပြုပြင်ထိန်းသိမ်းမှုဆောင်ရွက် ခဲ့ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယဉ်ကျေးမှုအမွေအနှစ် စီမံခန့်ခွဲရေး ဌာနက ကိုးနှစ်ကြာ ပြုပြင်ထိန်းသိမ်း လျက်ရှိသည့် ရေရှည်ကြံ့ခိုင်ရေးလုပ် ငန်းဆောင်ရွက်ရမည့် သဗ္ဗညုဘုရား တစ်ဆူသာကျန်ရှိပြီး ကျန် ၃၈၈ ဆူလုံး ရာနှုန်းပြည့် ပြုပြင်ပြီးစီးသွားပြီဖြစ် သည်။ ထို့အပြင် ထပ်မံကွင်းဆင်း တွေ့ရှိချက်အရ ပြုပြင်ထိန်းသိမ်းရန် လိုအပ်သည့် ရှေးဟောင်းဘုရားစေတီ ပုထိုး ၁၁၀ ဆူကိုပါ တစ်ပါတည်း ပြုပြင်ထိန်းသိမ်းမှု ဆောင်ရွက်နိုင် ခဲ့သဖြင့် လေးနှစ်စီမံကိန်းကာလ အတွင်း စုစုပေါင်းစေတီပုထိုး ၄၉၈ ဆူ ပြုပြင်ထိန်းသိမ်း ဆောင်ရွက်နိုင်ခဲ့ သည်။

 

လက်ရှိအစိုးရ တာဝန်ယူပြီးကာစ ဖြစ်သည့် ၂၀၁၆ ခုနှစ် သြဂုတ် ၂၄ ရက် ချောက်မြို့၏ အနောက်ဘက် ၁၀ မိုင် ခန့်အကွာကို ဗဟိုပြု၍ ရစ်ချ်စတာ စကေး ၆ ဒသမ ၈ ရှိသော ငလျင်လှုပ် ခတ်မှုကြောင့် ပုဂံညောင်ဦးဒေသရှိ ရှေးဟောင်းဘုရားစေတီ ၃၈၉ ဆူ၊ ကျောက်ပန်းတောင်းမြို့နယ် ရေဆုံး ရွာရှိ ဘုရားစေတီ ၉၃ ဆူ၊ ရခိုင်ပြည်နယ် မြောက်ဦးဒေသရှိ စေတီပုထိုးနှင့် ရှေးဟောင်းအဆောက်အအုံ ခြောက်ဆူ အပါအဝင် အနယ်နယ်အရပ်ရပ်မှ ရှေးဟောင်းအဆောက်အအုံ ၆၀၀ ကျော် ထိခိုက်ပျက်စီးမှုရှိခဲ့သည်။ ပုဂံရှိ စေတီပုထိုးများ ပျက်စီးခဲ့မှုအတွက် ပြည်သူလူထုနှင့် အဖွဲ့အစည်းများ၊ ပြည်ပနိုင်ငံများက အလှူရှင်များ၏ လှူဒါန်းငွေကျပ် ၆၇၉၉ ဒသမ ၁၁၀ သန်းနှင့် နိုင်ငံခြားငွေမျိုးစုံ ၁၀ မျိုး၊ အမေရိကန် ဒေါ်လာ ၁ ဒသမ ၁ သန်း ကျော်ရရှိခဲ့သည်။ ထို့အပြင် အသေးစား ထိခိုက်ပျက်စီးခဲ့သော ဘုရားစေတီ ၂၂၄ ဆူကို မူလအလှူရှင်များက ဆွေစဉ်မျိုးဆက် ဆက်လက်ပြုပြင် လှူဒါန်းခဲ့ကြသည်။

 

ဝန်ကြီးဌာနအနေဖြင့် ငလျင် ကြောင့် ထိခိုက်ပျက်စီးမှုများကို ယခု အစိုးရ၏ ပထမသက်တမ်းကာလ အတွင်း၌ပင် ရာနှုန်းပြည့်အားလုံး ပြီးစီးအောင် ပြုပြင်ပြီးစီးခဲ့ပြီဖြစ် သဖြင့် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ သည့် ပုဂံ-ညောင်ဦးဒေသရှိ ရှေးဟောင်း ဘုရား စေတီပုထိုးများ၊ သာသနိက အဆောက်အအုံများ ပြုပြင်ထိန်းသိမ်း ရေးဦးစီးကော်မတီ အတွင်းရေးမှူး၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ယခု ကိုဗစ်-၁၉ ဖြစ်ပွားနေသောကာလ အတွင်းတွင် ပုဂံဒေသသို့ ကွင်းဆင်း သွားရောက်စစ်ဆေးပြီး လေးနှစ်စီမံ ကိန်းဖြင့် ငလျင်ဒဏ်ခံစေတီပုထိုးများ ပြုပြင်ဆောင်ရွက်မှုလုပ်ငန်းကို အပြီး သတ်အစီရင်ခံစာ ထုတ်ပြန်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

သတင်းစဉ်