တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ကော့သောင်းမြို့၌ လူဦးရေစာရင်းကောက်ယူခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်မှု ကြည့်ရှုအားပေး

 

ကော့သောင်း ဇန်နဝါရီ  ၁၄    


တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ    ဇန်နဝါရီ  ၁၃ ရက်က  ကော့သောင်းမြို့၌  မြေပြင်တစ်အိမ်တက်ဆင်း  လူဦးရေစာရင်းကောက်ယူခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံကြည့်ရှုအားပေးသည်။

 


ကော့သောင်း   မြို့နယ်တွင် မြေပြင်တစ်အိမ်တက်ဆင်း ကွင်း ဆင်း ကောက်ယူရေးအဖွဲ့ (Wor-king Group) များက အိမ်ထောင်စု လူဦးရေစာရင်းမြေပြင်ကွင်းဆင်း ကောက်ယူခြင်းကို      ဇန်နဝါရီ ၉  ရက်မှ စတင်၍   မြို့ပေါ်ရပ်ကွက် များနှင့်  ကျေးရွာအုပ်စုအသီးသီး တို့တွင် စာရင်းကောက်ယူလျက် ရှိရာ   အေးမြကန်သာရပ်ကွက်၊ နွယ်သာဂီလမ်းနှင့်    ပိတောက် ရွှေဝါရပ်ကွက်၊     ဗဟိုလမ်းတို့ ၌   စာရင်းကောက်       အဖွဲ့များက    တစ်အိမ်တက်ဆင်း      စာရင်း ကောက်ယူ  ဆောင်ရွက်လျက်ရှိ သည့်       အခြေအနေများကို    တိုင်းဒေသကြီး    ဝန်ကြီးချုပ်နှင့်  တာဝန်ရှိသူများ လိုက်လံကြည့်ရှု အားပေးသည်။

 


ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကော့သောင်း မြို့နယ်     စာရင်းကောက်အဖွဲ့များ   လုပ်ငန်းခွင်အတွင်း   အသုံးပြုရန်  နေ့တွက် စရိတ်အဖြစ် ငွေကျပ် ၃၀၇၂၀၀၀၀ ကို  လူဝင်မှုကြီးကြပ် ရေးနှင့်  ပြည်သူ့အင်အားဝန်ကြီး ဌာန ကော့သောင်းမြို့နယ်   ဦးစီး မှူးအား     ပေးအပ်ခဲ့ကြောင်း   သိရသည်။


ခရိုင်(ပြန်/ဆက်)