မအူပင်မြို့နယ်အတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်

 

နေပြည်တော်   ဇန်နဝါရီ   ၁၂


ဧရာဝတီတိုင်းဒေသကြီး  မအူပင် မြို့နယ်အတွင်းရှိ    စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များနှင့်  ပြည်သူ့ စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား ယနေ့နေ့လယ်ပိုင်းတွင် အနောက် တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်        ကြည်ခိုင်က နယ်မြေခံတပ်ရင်းခန်းမ၌ တွေ့ဆုံ သည်။ 

 


ဦးစွာ တိုင်းမှူးက အမှာစကား ပြောကြားပြီး   စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့်     ပြည်သူ့စစ် (ဌာနေ)    တပ်ဖွဲ့ဝင်များအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး နှင့်       စားသောက်ဖွယ်ရာများ ကိုလည်းကောင်း၊   ပြည်သူ့စစ် (ဌာနေ)  တပ်ဖွဲ့ဝင်များအတွက် ယူနီဖောင်းများကို  လည်းကောင်း ပေးအပ်သည်။          ထို့နောက် တိုင်းမှူးက    စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့်       ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များ၏  တင်ပြ ချက်များအပေါ်  လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ 

 


ယင်းနောက်         စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များနှင့်    ပြည်သူ့ စစ် (ဌာနေ)  တပ်ဖွဲ့ဝင်များအား တိုင်းစစ်ဌာနချုပ်           နယ်လှည့် ဆေးကုသရေးအဖွဲ့က     လိုအပ် သည့်ကျန်းမာရေး  စစ်ဆေးကုသ ပေးခြင်းများ    ဆောင်ရွက်ပေးပြီး ထိုသို့ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူးနှင့်        အဖွဲ့ဝင်များက လိုက်လံကြည့်ရှု      အားပေးခဲ့ကြ ကြောင်း သတင်းရရှိသည်။

သတင်းစဉ်