မော်လမြိုင်မြို့၌ ပြည်နယ်အဆင့် ပညာရေးစုံညီပွဲတော် ကျင်းပ

 

နေပြည်တော်   ဇန်နဝါရီ   ၁၂


မွန်ပြည်နယ်      မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမ၌   ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်    ပြည်နယ်အဆင့် ပညာရေးစုံညီပွဲတော်ကို    ယနေ့ နံနက်ပိုင်းတွင်          ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်း ထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်သက် ဦးနှင့်   ဌာနဆိုင်ရာ  တာဝန်ရှိသူ များ၊      ဆရာ   ဆရာမများ၊  ကျောင်းသား       ကျောင်းသူများ၊   ကျောင်းသားမိဘများ    တက် ရောက်ကြသည်။

 


ဦးစွာ  ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်   တာဝန်ရှိသူများက အခမ်းအနားကို        ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။        ထို့နောက် အမှတ်(၈)အခြေခံပညာ  အထက် တန်းကျောင်းမှ  ကျောင်းသူများက “စုံညီပွဲတော် တို့နွှဲပျော်”    တေး သီချင်းဖြင့်       သီဆိုဖျော်ဖြေရာ ပြည်နယ်ဝန်ကြီးချုပ်၊     တိုင်းမှူး နှင့်  တက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြပြီး   ပြည်နယ် ဝန်ကြီးချုပ်က        အမှာစကား ပြောကြားသည်။     ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊  တိုင်းမှူးနှင့် တာဝန်ရှိသူများက       ပြည်နယ် အဆင့်  ထူးချွန်ဆုရ ကျောင်းသား ကျောင်းသူများအား    ဂုဏ်ပြုဆု များ ပေးအပ်ချီးမြှင့်ကြသည်။ 

 


ထို့နောက်   ပြည်နယ်ဝန်ကြီး ချုပ်နှင့် တိုင်းမှူးတို့က  ပြည်နယ် ပညာရေးဌာနသို့     အလှူငွေများ ပေးအပ်လှူဒါန်းရာ    တာဝန်ရှိသူ များက  လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။       


သတင်းစဉ်