မီးသတ်တပ်ဖွဲ့ရဲ့ 191 Report လို့ခေါ်တဲ့ အက်ပလီကေးရှင်းတစ်ခုကို ဖန်တီးပြီး ဒီပြပွဲမှာ စတင်ပြီးတော့ မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်

 

 တွေ့ဆုံမေးမြန်း - ဟိန်းထက်ဇော်၊ ဇင်ဦး၊ ဓာတ်ပုံ - ဇော်ဦး

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ပြခန်းများအား ဇန်နဝါရီ ၄ ရက်မှ ၈ ရက်အထိ ဖွင့်လှစ်ပြသ လျက်ရှိရာ ဌာနအလိုက်ပြခန်းများ ပြသထားရှိမှုအခြေအနေများနှင့်ပတ်သက်၍  သက်ဆိုင်ရာပြခန်းများမှ တာဝန်ရှိသူများနှင့် လာရောက်လေ့လာသူများ၏ စကားသံများကို စုစည်းဖော်ပြအပ်ပါသည်။
ဒေါက်တာရင်ရင်လွင် (ဒုတိယညွှန်ကြားရေးမှူးချုပ်)
ပညာရေးသုတေသန စီမံကိန်းနှင့် 
လေ့ကျင့်ရေးဦးစီးဌာန 
ပညာရေးဝန်ကြီးဌာနက   (၇၅)   နှစ်မြောက်    စိန်ရတုလွတ်လပ်ရေးနေ့ပြပွဲမှာ    ဌာန တက္ကသိုလ်    စုစုပေါင်း ၁၈ ခုကနေ  ပါဝင်ပြသပါတယ်။ ပြခန်းနံရံ တွေမှာ  ပညာရေးဌာနအသီးသီးရဲ့ လုပ်ဆောင်ချက် တွေကို        ဖော်ပြထားပါတယ်။  ကျွန်မတို့ဌာနအနေနဲ့  သင်ရိုးညွှန်းတမ်း kg+12 ရဲ့ သင်ရိုးညွှန်းတမ်းတွေကို       ရေးဆွဲပေးရပါတယ်။ ရေးဆွဲတဲ့အါ    မူ၊ လယ်၊ ထက် ဆိုပြီးရှိပါတယ်။ မူလတန်းကို  JICA က  နည်းပညာ အထောက်အပံ့နဲ့   လုပ်ပါတယ်။   အလယ်တန်းနဲ့  အထက်တန်းတွေကိုတော့     ADB  ရဲ့   ချေးငွေနဲ့  သင်ရိုးညွှန်းတမ်းတွေကို   ပြုစုပါတယ်။ မူလတန်း Grade 1to 5 ၊ အထက်တန်း Grade 10 to 12 စနစ်နဲ့ သင်ရိုးတွေကို ပြုစုပါတယ်။  ယခုနှစ်မှာ Grade 9 နဲ့ Grade 12 ပဲ ကျန်ပါတော့တယ်။ အဲဒီတော့ ပြီးသွား တဲ့ Grade အသီးသီးရဲ့စာအုပ်တွေကို    ဒီပြခန်းမှာ    ပြသပါတယ်။   ကျောင်းသား ကျောင်းသူများအတွက် သင်ရိုးစာအုပ်အပြင် ဆရာတွေအတွက် ထုတ်ဝေထား တဲ့ ဆရာလမ်းညွှန် စာအုပ်တွေပါ   ခင်းကျင်းပြသထား ပါတယ်။   တိုင်းရင်းသား ဘာသာစကားဦးစီးဌာန အနေနဲ့လည်း ထုတ်ဝေထားတဲ့ စာ‌အုပ်တွေကို ပြသ တာအပြင် ရောင်းချပေးပါသေးတယ်။   အဆင့်မြင့် ပညာဦးစီးဌာနက သုတေသနပြခန်း။ အဓိက အဏ္ဏဝါ နဲ့ ပတ်သက်တဲ့  ပြခန်းတွေထဲမှာ မြိတ်တက္ကသိုလ်က လာရောက်ပြသတဲ့ ပြခန်း၊ စစ်တွေတက္ကသိုလ်က   လာရောက်ပြသတဲ့   အဏ္ဏဝါ ပြခန်း၊ ပုသိမ်အဏ္ဏဝါ ပြခန်းအပြင် ဒဂုံတက္ကသိုလ်၊ မန္တလေးတက္ကသိုလ်က  လာရောက်ပြသတဲ့   ပြခန်းတွေနဲ့  စပါးခွံနဲ့ အုတ်ဖုတ် တဲ့    နည်းစနစ်ပြကွက်တွေ   ရှိပါတယ်။   ပြခန်းကို   ကျောင်းသား  ကျောင်းသူလေးတွေ စိတ်ဝင်စားမှု အပြည့်နဲ့   လေ့လာကြည့်ရှုတဲ့အပြင်    စာအုပ် စာစောင်လေးတွေကို ဝယ်ယူအားပေးကြတာလည်း ရှိပါတယ်။  (၇၅)   နှစ်မြောက်  စိန်ရတုလွတ်လပ်ရေးနေ့ မှာ     ပညာရေးဌာနတွေအနေနဲ့ တစ်တပ်တစ်အား      ပါဝင်ပြသခွင့်ရတဲ့အတွက် ပညာရေးတင်မကဘဲ ပြည်သူလူထုအားလုံးကို သိစေချင်တာတွေ   ဖြန့်ဝေ ခွင့်ရတာလည်း   အများကြီး  ကျေးဇူးတင်ပါတယ်။
ဦးသိန်းထွန်းဦး(ညွှန်ကြားရေးမှူး)
မီးသတ်ဦးစီးဌာန
ကျွှန်တော်တို့ ပြည်ထဲရေးဝန်ကြီးဌာနပြခန်းမှာ တော့ လက်အောက်ခံဌာနကြီး  ငါးခုဖြစ်တဲ့ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊     အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊    အကျဉ်းဦးစီး ဌာနနဲ့    မီးသတ်ဦးစီးဌာနတို့   စုပေါင်းပြီးတော့ နိုင်ငံတော်လုံခြုံရေး၊   တရားဥပဒေစိုးမိုးရေး၊   ရပ်ရွာ အေးချမ်းသာယာရေးနဲ့ ပြည်သူ့အကျိုးပြုဆောင်ရွက် ရေးဆိုတဲ့ ဝန်ကြီးဌာနရဲ့  ရည်မှန်းချက်တာဝန်တွေကို အကောင်အထည်ဖော်    ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ ဌာနကတော့ ပြည်သူ့အကျိုးပြုလုပ်ငန်း တွေကို အဓိကထားပြီး ပရဟိတစိတ်ကို အခြေခံပြီး ဆောင်ရွက်ရတဲ့ဌာနဖြစ်တဲ့အတွက် ပြည်သူလူထုနဲ့အနီးဆုံးမှာလည်းရှိတယ်။        ပြည်သူလူထုတွေမှာ ကြုံတွေ့ရတဲ့ ဘေးအန္တရာယ်တွေကို ကူညီဆောင်ရွက် ပေးခဲ့မှာဆိုရင် ၇၆ နှစ်ရှိခဲ့ပါပြီ။ အခုလိုမျိုး ပြည်သူ လူထုအကျိုးအတွက်       ဆောင်ရွက်နေတာတွေ ကို     (၇၅)     နှစ်မြောက်     စိန်ရတုလွတ်လပ်ရေးနေ့ အခါသမယမှာ ဝန်ကြီးဌာနကိုယ်စားပြု   ပြသတာ ဖြစ်ပါတယ်။     မီးသတ်ဦးစီးဌာန       ပြခန်းမှာတော့ မီးဘေးလုံခြုံရေး၊ ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက် ခဲ့မှု၊ လေ့ကျင့်ခဲ့မှု ဓာတ်ပုံမှတ်တမ်းတွေ၊ မီးသတ် တပ်ဖွဲ့ဥပဒေ၊  နည်းဥပဒေတွေ၊ မီးဘေးလုံခြုံရေးနဲ့ ဆိုင်တဲ့ မီးသတ်တပ်ဖွဲ့သုံး  ခေတ်မီအသုံးအဆောင် တွေ၊   ဝတ်စုံတွေကို   ခင်းကျင်းပြသထားပါတယ်။ တစ်ဖက်မှာလည်း     ပြည်သူ့ရေးရာဝန်ဆောင်မှု လုပ်ငန်းတွေကို နည်းပညာခေတ်နဲ့အညီ နိုင်ငံတကာ မီးသတ်တပ်ဖွဲ့တွေက       ဆောင်ရွက်နေသလိုပဲ ကျွှန်တော်တို့မီးသတ်တပ်ဖွဲ့ရဲ့   191 Report လို့ ခေါ်တဲ့ အက်ပလီကေးရှင်းတစ်ခုကို ဖန်တီးပြီး ဒီပြပွဲ မှာ  စတင်ပြီးတော့ မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ ဒီအက်ပလီကေးရှင်းရဲ့        ရည်ရွယ်ချက်ကတော့ လူတိုင်းရဲ့ လက်ထဲမှာ ရောက်ရှိနေပြီးတော့ တစ်ခုခု အရေးပေါ်   အကူအညီလိုအပ်တယ်ဆိုရင်  မီးသတ် တပ်ဖွဲ့ကို  အရင်ဆုံး  သတိရပြီး မီးသတ်တပ်ဖွဲ့ရဲ့ Command and Control Centre ဆီကို ဆက်သွယ် နိုင်အောင်    ဆောင်ရွက်ပေးထားတာ  ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့   Control  စင်တာကနေတစ်ဆင့် အနီးစပ်ဆုံး          မီးသတ်တပ်ဖွဲ့စခန်းတွေဆီကို ဆက်သွယ်ပြီး   လိုအပ်တဲ့    အကူအညီတွေပေးနိုင် အောင် ဆောင်ရွက်တာဖြစ်ပါတယ်။ 
ကိုကောင်းဇော် (ရွှေမှုံသနပ်ခါးထုတ်လုပ်ရေး)
ပြည်ထောင်စုနယ်မြေဒေသထွက်ကုန်ပစ္စည်းများ အရောင်းပြခန်း
ကျွန်တော်ကတော့    ဒီလို   (၇၅)  နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခါသမယမှာ ကျင်းပတဲ့ ပြပွဲမှာ ကျွန်တော့်ရဲ့ ပျဉ်းမနားစက်ရုံကနေ ကိုယ်တိုင် ထုတ်လုပ်ထားတဲ့  မြန်မာ့ရိုးရာ ရွှေမှုံသနပ်ခါးကို နေပြည်တော်ဒေသထွက်ကုန်     ပစ္စည်းအနေနဲ့ ဝင်ရောက်ပြသရောင်းချပေးတာ       ဖြစ်ပါတယ်။ ဒီပြပွဲမှာ ဝင်ရောက်ပြသရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ မြန်မာတို့ရဲ့ လွတ်လပ်ရေးနေ့ အချိန် အခါမှာ မြန်မာတို့ရဲ့ ရိုးရာယဉ်ကျေးမှု ထုတ်ကုန်ဖြစ် တဲ့ မြန်မာ့သနပ်ခါးကို  အရည်အသွေးတိုးတက်အောင် ထုတ်လုပ်ထားတဲ့       အဆင့်မြင့်ထုတ်ကုန်တွေကို ဒီလွတ်လပ်ရေးနေ့   အခမ်းအနားမှာပဲ   ဂုဏ်ယူစွာ စတင်မိတ်ဆက်    ထုတ်ဖော်ပြသတာ   ဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော့်ရဲ့ မြန်မာ့သနပ်ခါးထုတ်ကုန်ကို  နိုင်ငံတကာက လက်ခံနိုင်တဲ့  အဆင့်မြင့်အလှကုန် ပစ္စည်းအဖြစ်နဲ့  ထုတ်လုပ်ပြီးတော့ ပြည်ပအထိတင်ပို့ နိုင်အောင်     ကြိုးစားနေပါတယ်။   နောက်ပြီးတော့ မြတ်စွာဘုရားရှင်လက်ထက်ကတည်းက        ရှိခဲ့တဲ့ နံ့သာငါးပါးကို   တန်ဖိုးထားတဲ့အနေနဲ့ ၂၀၁၇ ခုနှစ် ကနေစတင်ပြီးတော့  မြန်မာ့ရိုးရာ သနပ်ခါးထုတ်ကုန် တွေကို  ထုတ်လုပ်လာခဲ့တာ အခုနှစ်ဆိုရင် ထုတ်ကုန် ၁၀ မျိုးလောက်အထိ တိုးတက်ပြီး ထုတ်လုပ်ထားပါ တယ်။ ပြည်ပက အလှကုန်ပစ္စည်းတွေဘယ်လောက်ပဲ ဝင်ရောက်လာသည်ဖြစ်စေ ကျွန်တော်တို့ မြန်မာတွေ က သနပ်ခါးကို တန်ဖိုးထားတတ်ကြတဲ့ လူမျိုးဖြစ်တဲ့ အတွက်   ကျွန်တော့်အနေနဲ့ပိုပြီးတော့   တန်ဖိုးထား တယ်။ နောက်ပြီးတော့ ကျွန်တော်တို့လို အသေးစား၊ အလတ်စားလုပ်ငန်းရှင်တွေကိုလည်း   နိုင်ငံတော် အနေနဲ့ အကူအညီတွေ  အများကြီး ပေးစေချင်ပါ တယ်။   ဘာလို့လဲဆိုတော့   မြန်မာ့ထုတ်ကုန်ကို ပြည်ပအထိ            ဈေးကွက်ထိုးဖောက်နိုင်ဖို့ဆိုရင် နိုင်ငံတော်ရဲ့ အထောက်အပံ့များစွာလိုအပ်ပါတယ်။
မသက်မှူးဇင် (အထက ၁၈၊  ဒက္ခိဏ) (Grade 9)
တပေါင်းကွင်းမှာ   ကျင်းပနေတဲ့  (၇၅)  နှစ် မြောက် စိန်ရတုလွတ်လပ်ရေးနေ့ပြပွဲက  ပြခန်းတွေ ကို ကျောင်းက ဆရာ ဆရာမကြီးတွေရဲ့ အုပ်ထိန်းမှု နဲ့    လေ့လာခွင့်ရခဲ့ပါတယ်။     ပြခန်းတွေထဲမှာ တိုင်းရင်းသားပြခန်းတွေ၊ ဝန်ကြီးဌာနပြခန်းတွေကိုလေ့လာခဲ့ပါတယ်။       အဲဒီပြခန်းတွေထဲကနေ စိတ်အဝင်စားဆုံး   ပြခန်းကတော့   ကာကွယ်ရေး ဝန်ကြီးဌာနပြခန်း၊ ပညာရေးဝန်ကြီးဌာန၊ ပြန်ကြားရေး ဝန်ကြီးဌာနပြခန်းနဲ့     တိုင်းရင်းသားပြခန်းတွေထဲမှာ မွန်ပြည်နယ်ပြခန်းနဲ့ တနင်္သာရီတိုင်းဒေသကြီးပြခန်း တွေပဲ   ဖြစ်ပါတယ်။ ဒီပြခန်းတွေကို   လေ့လာရတာ အားမရသေးတဲ့အတွက်    မိသားစုနဲ့နောက်တစ်ကြိမ် ထပ်မံလာရောက်လေ့လာဦးမှာပါ။    သူငယ်ချင်းတွေ ကိုလည်း လာရောက်လေ့လာကြပါလို့ ပြောချင်ပါ တယ်။
မောင်ရဲထက် (အထက ၁၈) (Grade 9)
(၇၅) နှစ်မြောက်        စိန်ရတုလွတ်လပ်ရေးနေ့ ပြခန်းတွေမှာ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုတွေ၊ ရိုးရာအကတွေနဲ့ တိုင်းရင်းသားရိုးရာ အစားအစာတွေ ကို ထိတွေ့ခွင့်ရတာ ဝမ်းသာမိပါတယ်။ ကျွန်တော် တို့နိုင်ငံတော်ကြီး လွတ်လပ်ရေးရအောင် ဘယ်လို ကြိုးပမ်းခဲ့ကြတာလဲဆိုတာ၊   ခေါင်းဆောင်ကြီးတွေ ဘယ်လို     တိုက်ပွဲဝင်ခဲ့ကြတာလဲ   ဆိုတာတွေ သေချာပြသထားတာ   တွေ့ရပါတယ်။  ပြခန်းတွေ ကအစုံပါပဲ။ အဲဒီထဲက ပြည်ထဲရေးဝန်ကြီးဌာနပြခန်း က   မီးသတ်ဦးစီးဌာနပြခန်းကို    စိတ်ဝင်စားပါ တယ်။   ဗဟုသုတတွေ      အများကြီးရတဲ့အတွက်   လာရောက်လေ့လာကြပါလို့  ပြောချင်ပါတယ်။ နောက်ရက်တွေမှာလည်း  လာရောက်လေ့လာပါဦး မယ်။   အခုလို အခမ်းအနားကြီးလုပ်ပေးတဲ့အတွက်    တာဝန်ရှိသူ   အသီးသီးကိုလည်း      ကျေးဇူးအများကြီး တင်ပါတယ်။
မောင်ထွဋ်ဇင်လင်း (အထက ၁၄) (ရွှေကြာပင်)
ကျွန်တော်လေ့လာလို့    အကြိုက်ဆုံးပြခန်းက  သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနပြခန်းက ပြတဲ့ပြကွက် တွေပဲဖြစ်ပါတယ်။   သူငယ်ချင်းတွေနဲ့အတူ  ဆရာ ဆရာမတွေက လိုက်ပို့ပေးတဲ့အတွက်  ကျေးဇူးတင် ပါတယ်။   ပြခန်းအလိုက် ဂိမ်းတွေဖန်တီးပေးထားတဲ့ အတွက် ဝင်ရောက်ယှဉ်ပြိုင်တဲ့အခါ ဆုတွေအနေနဲ့ လက်ဆောင်ပစ္စည်းတွေရရှိပါတယ်။    အရင်နှစ်က ဒီတပေါင်းကွင်းမှာပြသခဲ့တဲ့ လွတ်လပ်ရေးနေ့ပြခန်း တွေကိုလည်း  လာရောက်လေ့လာခဲ့ဖူးပါတယ်။ ဒီနှစ် ကတော့    ပိုပြီးပြည့်စုံလာတာ      တွေ့ရပါတယ်။ နောက်ရက်တွေမှာလည်း  ထပ်ပြီးလာရောက်လေ့လာ ဦးမှာပါ။