ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အကျဉ်းထောင်တွင် အကျဉ်းသား၊ အချုပ်သားများ ဆူပူအကြမ်းဖက်မှုဖြစ်ပွား

နေပြည်တော်   ဇန်နဝါရီ  ၆
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အကျဉ်းထောင်အတွင်းရှိ  အိပ် ဆောင်တစ်ခုမှ    အကျဉ်းသား၊ အချုပ်သား ၇၀ ခန့်သည် ယနေ့ နံနက်ပိုင်းတွင်   အိပ်ဆောင်ဝင်း တံခါးများကို  ချိုးဖျက် ဖျက်ဆီး ခြင်း၊ အကျဉ်းဦးစီးဌာန ဝန်ထမ်း များကို အော်ဟစ်ဆဲဆိုခြင်း၊ မချေ မငံပြောဆိုခြင်းနှင့်    ရန်မူရန် ကြိုးပမ်းလာခဲ့သဖြင့်   အကျဉ်း ဦးစီးဌာန  ဝန်ထမ်းများက    မိမိ အခန်းများသို့    အသာတကြည်  ပြန်လည်ဝင်ရောက်ရန်  ဖျောင်းဖျ ပြောဆိုခဲ့သော်လည်း   လိုက်နာမှု မရှိဘဲ ဆက်လက်အော်ဟစ်ဆူပူမှု များ  ပြုလုပ်ခဲ့ကြကြောင်း  သိရှိရ သည်။ 
ထို့နောက်  အခြားအိပ်ဆောင် တစ်ခုမှ အကျဉ်းသား၊ အချုပ်သား အချို့ကလည်း       ၎င်းတို့၏ အိပ်ဆောင်များရှိ   တံခါးများကို ဖျက်ဆီးခြင်း၊ CCTV  များကို ဖျက်ဆီးခြင်း၊   အကျဉ်းထောင် အတွင်းရှိ   စည်းကမ်းထိန်းရုံးသို့ သွားရောက်         ရန်မူရန်ကြိုးစား လာကြပြီး ပထမဆူပူမှု ဖြစ်ပွား နေသည့်အဆောင်ရှိ အကျဉ်းသား၊ အချုပ်သားများနှင့်  ပူးပေါင်းကာ ဖျက်ဆီးမှုများကို     အရှိန်မြှင့်  ဆောင်ရွက်လာကြသည်။
အခြေအနေထိန်းသိမ်းနိုင်ခဲ့
ထိုသို့    ဆူပူအကြမ်းဖက် ဖြစ်စဉ်များကြောင့် အခြေအနေကို ထိန်းသိမ်း  ဆောင်ရွက်နိုင်ရန် အတွက် နံနက် ၉ နာရီ ၄၅ မိနစ် ခန့်တွင်   ဧရာဝတီတိုင်း၊ အကျဉ်း ဦးစီးဌာန၊      ညွှန်ကြားရေးမှူး ဦးစီး၍   တာဝန်ရှိသူဝန်ထမ်းများ နှင့်      မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ခရိုင်ရဲတပ်ဖွဲ့မှူးဦးစီး၍  လုံခြုံရေး တပ်ဖွဲ့ဝင်များက အကျဉ်းထောင် အတွင်းသို့       ဝင်ရောက်ကာ အကျဉ်းသား၊ အချုပ်သားများအား လူစုခွဲရန်     ထပ်မံပြောကြား ဖျောင်းဖျခဲ့သော်လည်း  လိုက်နာမှု မရှိဘဲ   အိပ်ဆောင်ကွပ်ပျစ်များ အား ရိုက်ချိုးထားသည့် သစ်သား ချောင်းများ၊       အုတ်နီခဲများ၊ အင်္ဂတေခဲကျိုးများဖြင့်  လုံခြုံရေး တပ်ဖွဲ့ဝင်များအား ရန်မူတိုက်ခိုက် လာကြသဖြင့်         ဆက်လက် ဖျောင်းဖျရန်   အခြေအနေမရှိ တော့ဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များ က    အဓိကရုဏ်းနှိမ်နင်းရေး လက်နက်များဖြင့်  ခြောက်လှန့် ပစ်ခတ်ပြီး တုတ်/ဒိုင်းများ အသုံးပြု  နှိမ်နင်းခဲ့ရကြောင်း၊          ဆူပူ      အကြမ်းဖက်မှုကို  ထိန်းသိမ်းနေ စဉ် အကျဉ်းသား၊ အချုပ်သားများ အနေဖြင့်   ၎င်းတို့   အချင်းချင်း     ခိုက်ရန်ဖြစ်ပွား          ထိုးကြိတ် ရိုက်နှက်မှုများ   ဖြစ်ပွားခဲ့ကြပြီး  လုံခြုံရေးတပ်ဖွဲ့များ၏ ထိန်းသိမ်း မှုကြောင့်  ၁၁ နာရီခွဲခန့်တွင်  အခြေအနေအား   ထိန်းသိမ်းနိုင်ခဲ့ ကြောင်း   သိရှိရသည်။
စိစစ်မှုများဆောင်ရွက်မည်
အထက်ပါ ဖြစ်စဉ်အရ မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ  တပ်ဖွဲ့ဝင် နှစ်ဦး၊ အကျဉ်းဦးစီးဌာနမှ    ဝန်ထမ်း  ကိုးဦး ပေါင်း ၁၁ဦး  ဒဏ်ရာရရှိခဲ့ပြီး အချုပ်သား တစ်ဦးမှာ  ၎င်းတို့ အချင်းချင်း   ရိုက်နှက်မှုကြောင့် သေဆုံးခဲ့ကာ    အကျဉ်းသား၊ အချုပ်သား ၆၃ ဦးမှာ ဒဏ်ရာရရှိ ခဲ့ကြောင်း၊      ဖြစ်စဉ်ပါပဏာမ စိစစ်မှုအရ   ဇန်နဝါရီ  ၅  ရက် ညပိုင်းတွင် အကျဉ်းသားတစ်ဦး ထံမှ   ကီးပတ်ဖုန်း    တစ်လုံး ရှာဖွေသိမ်းဆည်း   ရမိမှုအပေါ် လိုအပ်သလို   အရေးယူနိုင်ရေး အတွက်    ဆောင်ရွက်နေစဉ် ၎င်းဖြစ်စဉ်အပေါ်     ကျေနပ်မှု မရှိခြင်း၊       အချင်းချင်းမြှောက်ပင့် ၍    ရုန်းရင်းဆန်ခတ်     ဖြစ်အောင် ကြိုးပမ်းခဲ့ခြင်းကြောင့်  ဖြစ်ပွား ရခြင်းဖြစ်ကြောင်းနှင့်  လုပ်ထုံး လုပ်နည်းနှင့်အညီ    ဆက်လက် စိစစ်မှုများ    ဆောင်ရွက်သွား မည်ဖြစ်ကြောင်း                သိရ သည်။            
သတင်းစဉ်