မြဝတီမြို့၌ အနုပညာစွမ်းရည်ဖော်ထုတ်ပွဲနှင့် စာပေအားကစားထူးချွန်ဆုချီးမြှင့်

 

မြဝတီ  ဇန်နဝါရီ   ၅


(၇၅)    နှစ်မြောက်    စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အနုပညာစွမ်းရည်    ဖော်ထုတ်ပွဲ နှင့်   စာပေအားကစားထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားကို ကရင် ပြည်နယ်  မြဝတီမြို့ရှိ ပညာရွှေဖူး ကိုယ်ပိုင်    မူလတန်းကျောင်း၌ ယမန်နေ့က   ကျင်းပခဲ့ကြောင်း သိရသည်။

 


အခမ်းအနားတွင် နိုင်ငံတော် သီချင်း      သီဆိုဖွင့်လှစ်ခြင်း၊ ကလေးငယ်များမှ     ကျောင်း သီချင်းဖြင့် ကြိုဆိုနှုတ်ဆက်ခြင်း၊ ကျောင်းသား   ကျောင်းသူများကအင်္ဂလိပ်စကားဝိုင်း၊     ပုံပြင်၊ သီချင်းတို့ဖြင့် ဖျော်ဖြေတင်ဆက် ပြီး မြဝတီခရိုင်   စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က  အမှာစကား   ပြော ကြားခြင်းများ  ဆောင်ရွက်သည်။

 


ထို့နောက် ၂၀၂၂-၂၀၂၃ ပညာ သင်နှစ်  ဒီဇင်ဘာလပတ်စာမေး ပွဲတွင် ဘာသာစုံအမှတ်ပြည့်(A) အဆင့်ရ ကျောင်းသား ကျောင်းသူ များနှင့် အားကစားထူးချွန်ဆုရရှိ သော ကျောင်းသားကျောင်းသူများ အား မြဝတီခရိုင်  စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ အဖွဲ့ဝင် ဦးစိန်သောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဦးအောင်မင်းစိုးနှင့်  ဌာနဆိုင်ရာ အကြီးအကဲများ၊   ပညာရွှေဖူး ကိုယ်ပိုင်မူလတန်းကျောင်း တည် ထောင်သူ ဦးသန်းရွှေနှင့် တာဝန် ရှိသူများက     ဆုများ  ပေးအပ် ချီးမြှင့်ခဲ့သည်။

 


ဆက်လက်ပြီး ကျောင်းသား ကျောင်းသူများ၏  တေးသီချင်း သီဆိုခြင်း၊ တေးသရုပ်ဖော်ကပြ ခြင်း၊  ပုံပြင်ပြောခြင်းနှင့်  ပြဇာတ် တင်ဆက်    ကပြခြင်းများအား ဖျော်ဖြေတင်ဆက်ပြီး အနုပညာ စွမ်းရည်ဖော်ထုတ်ပွဲကို ဆက်လက် ကျင်းပခဲ့ကြောင်း သိရသည်။


ထိန်လင်းအောင်(ပြန်/ဆက်)