
နေပြည်တော် ဇန်နဝါရီ ၅
မြို့နယ်အခွန် ဦးစီးဌာနမှူး လုပ်ငန်းကျွမ်းကျင်မှု သင်တန်း၊ အမှတ်စဉ် (၇၇) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန ပြည်တွင်းအခွန်များဦးစီး ဌာန၌ ကျင်းပသည်။
သင်တန်းဆင်းပွဲအခမ်းအနား သို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဦးမောင်မောင်ဝင်း နှင့် ဒေါ်သန်းသန်းလင်း၊ ဌာန ဆိုင်ရာအကြီးအကဲများ၊ သင်တန်း နည်းပြများနှင့် အရာထမ်း/အမှု ထမ်းများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင် စုဝန်ကြီးက ပြည်တွင်းအခွန် များ ဦးစီးဌာနသည် နိုင်ငံတော် မှ ကောက်ခံရရှိသော အခွန် အကောက်စုစုပေါင်း၏ ၈၀ ရာခိုင် နှုန်းကျော်ကို နှစ်စဉ်ကောက်ခံပေးလျက်ရှိကြောင်း၊ မြို့နယ်အခွန် ဦးစီးဌာနမှူးများ အနေဖြင့် သင်တန်းမှ ဆည်းပူးရရှိလာသည် များကို လက်တွေ့ဆောင်ရွက်မှု များဖြင့် ပေါင်းစပ်ပြီး အခွန်ထမ်း ပြည်သူများကို စိတ်ရင်းစေတနာ မှန်ဖြင့် အဂတိတရားကင်းရှင်း စွာ ဝန်ဆောင်မှုပေးကြရန်နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် ရသင့်ရထိုက် သောအခွန်ငွေများ အပြည့်အဝ ရရှိရေး ဆောင်ရွက်ကြရာတွင် အခွန်ထမ်းပြည်သူများက အခွန် ဥပဒေများအရ ပေးဆောင်သင့် သည့်အခွန်ငွေများကို တာဝန်သိ စွာ ပေးဆောင်လာစေမည့် အခွန် ယဉ်ကျေးမှု ထွန်းကားလာစေ ရန် အသိပညာပေး စည်းရုံး ဆောင်ရွက်သွားကြရန် လိုအပ် ကြောင်း။
နိုင်ငံတော်အတွက် ရသင့် ရထိုက်သည့် အခွန်ငွေများ လျော့နည်းလွတ်ကင်းမှု မရှိဘဲ ဥပဒေနှင့်အညီ အပြည့်အဝ ကောက်ခံရရှိနိုင်ရေးကို ထိရောက် စွာ ကြိုးပမ်းဆောင်ရွက်သွားကြ ရန်ဖြစ်ကြောင်း၊ ရှင်းလင်းလွယ်ကူ သော အခွန်စနစ်များ ကျင့်သုံး ဆောင်ရွက်ခြင်းဖြင့် ပြည်တွင်း အခွန်များဦးစီးဌာနကို ပွင့်လင်း မြင်သာမှုရှိသည့် ခေတ်မီသော အခွန်ဌာနတစ်ခု ဖြစ်လာစေရန် ဦးတည် အကောင်အထည်ဖော် နေသဖြင့် ယင်းလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် သင်တန်း သား/သင်တန်းသူများ အပါအဝင် အခွန်ဝန်ထမ်းများ အားလုံးက တက်ညီလက်ညီ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားကြရန် ဖြစ်ကြောင်း၊ ပြည်သူများအတွက် ဝန်ဆောင်မှုပေးသည့် ပြည်သူ့ ဝန်ထမ်းကောင်းများ ဖြစ်အောင် ကြိုးစားကြခြင်းဖြင့် ပြည်တွင်း အခွန်များဦးစီးဌာန၏ ဂုဏ်ကို ဆောင်နိုင်သည့် ဝန်ထမ်းကောင်း များဖြစ်အောင် ကြိုးပမ်းကြစေလို ကြောင်း မှာကြားသည်။
ယခု ဖွင့်လှစ်သောသင်တန်း တွင် နိုင်ငံတော်အတွက် ရသင့် ရထိုက်သော အခွန်ငွေများကို ကောက်ခံရာ၌ သတ်မှတ်ပြဋ္ဌာန်း ထားသည့် အခွန်ဆိုင်ရာ စီမံ အုပ်ချုပ်မှုဥပဒေ၊ ဝင်ငွေခွန်ဥပဒေ၊ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေ၊ အထူးကုန်စည်ခွန်ဥပဒေ၊ တံဆိပ် ခေါင်းခွန်ဥပဒေဆိုင်ရာကိစ္စ၊ ဆက် စပ်သည့်ဥပဒေပြဋ္ဌာန်းချက်များ၊ အောင်ဘာလေ သိန်းဆုခွန်နှင့် စပ်လျဉ်းသည့် ညွှန်ကြားလွှာများ၊ အခွန်ကောက်ခံမှုနှင့် စပ်လျဉ်း သည့် စီမံရေးရာ၊ ငွေစာရင်းနှင့် အခွန်စာရင်းစစ် ဆေးခြင်းဆိုင်ရာ ကိစ္စ၊ အခွန်မူဝါဒနှင့် သုတေသန ဆိုင်ရာကိစ္စ၊ အခွန်ကောက်ခံမှု ဆိုင်ရာသတင်း အချက်အလက် ရှာဖွေစုဆောင်းခြင်းနှင့် နည်း ပညာအသုံးပြု အခွန်ကောက်ခံ သည့်စနစ်များကို ပို့ချပေးခဲ့သည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးက သင်တန်းတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူ သင်တန်းသူများကို ဆုများ ချီးမြှင့်ခဲ့ပြီး သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ် သည်။
သင်တန်းကို ရက်သတ္တ ရှစ်ပတ်ကြာ ဖွင့်လှစ်ပို့ချခဲ့ပြီး သင်တန်းသို့ ပြည်တွင်းအခွန် များဦးစီးဌာနမှ သင်တန်းသား/သင်တန်းသူ စုစုပေါင်း ၇၉ ဦး တက်ရောက်ခဲ့ကြကြောင်း သိရ သည်။
သတင်းစဉ်