
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင် ပါဝင်ဆင်နွှဲကြမည့်
တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံအားပေး
နေပြည်တော် ဇန်နဝါရီ ၃
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းသည် ယနေ့ ညနေ ပိုင်းတွင် (၇၅) နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်း အနားတွင် ပါဝင်ဆင်နွှဲကြမည့် နေပြည်တော် အားကစားလေ့ကျင့် ရေးစခန်း၌ တည်းခိုနေထိုင်ကြ သည့် တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ တိုင်းရင်းသားရိုးရာယဉ်ကျေး မှုအဖွဲ့များနှင့် စစ်ကြောရေး နှင့် တည်းခိုရေးစခန်း (ရွာတော်)၌ တည်းခိုနေထိုင်ကြသော ကျောင်း သား ကျောင်းသူများအား ရင်းရင်း နှီးနှီး သွားရောက် တွေ့ဆုံအားပေး သည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူး ကြီး စိုးဝင်းသည် နေပြည်တော် အားကစားလေ့ကျင့်ရေး စခန်း (Gold Medal Hall) သို့ ရောက်ရှိ ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ တိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှု ယိမ်းအဖွဲ့များအား တွေ့ဆုံအားပေးစကား ပြောကြား သည်။
အမှတ်တရလက်ဆောင် ပေးအပ်
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးများ ဖြစ် ကြသည့် ဦးမောင်မောင်အုန်း၊ ဦးကိုကိုနှင့် ဦးမင်းသိန်းဇံ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးတင် မောင်ဝင်းနှင့် ဒုတိယဝန်ကြီး ဦးမျိုးလှိုင်တို့က တိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှုအဖွဲ့များ အား ပုသိမ်ထီးများ အမှတ်တရ လက်ဆောင် ပေးအပ်ကြသည်။
ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်သည် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အဖွဲ့များ တည်းခိုနေထိုင်သည့် အိပ်ခန်းဆောင်များကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိ သူများအား လိုအပ်သည်များ မှာကြားသည်။
တွေ့ဆုံအားပေး
ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့သည် နေပြည်တော် စစ်ကြော ရေးနှင့် တည်းခိုရေးစခန်း (ရွာတော်) သို့ ရောက်ရှိပြီး (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်း အနားတွင် ပါဝင်ဆင်နွှဲကြမည့် ကျောင်းသား ကျောင်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံအားပေး စကား ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်၊ ပြည် ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးမောင်မောင်အုန်း၊ ဦးကိုကို၊ ဒေါက်တာ မျိုးသိမ်းကျော်နှင့် ဦးမင်းသိန်းဇံ၊ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာဇော်မြင့်နှင့် ဦးဇော်ဝင်း တို့က ကျောင်းသား ကျောင်းသူ များအား အမှတ်တရလက်ဆောင် ပုသိမ်ထီးများ ပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် နှင့် အဖွဲ့သည် ကျောင်းသား ကျောင်းသူများ တည်းခိုနေထိုင် သည့် အိပ်ဆောင်များနှင့် စားရိပ်သာတို့ကို ကြည့်ရှုစစ်ဆေး ပြီး စားသောက်နေထိုင်မှု အဆင်ပြေ ချောမွေ့စေရေးနှင့် အခြားလိုအပ် သည်များကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိ သူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်