မိုင်းယန်းမြို့နယ် မိုင်းလွေကျေးရွာ၌ ရိုးရာဓလေ့ ကျွဲခတ်ပြိုင်ပွဲတော် စည်ကားစွာကျင်းပ

 

မိုင်းယန်း   ဒီဇင်ဘာ  ၃၁


ရှမ်းပြည်နယ်     (အရှေ့ပိုင်း) မိုင်းယန်းမြို့နယ်၌        ဒေသခံ ရှမ်းတိုင်းရင်းသားတို့၏    နှစ်စဉ် ကျင်းပလေ့ရှိသော    ရိုးရာဓလေ့ ကျွဲခတ်ပြိုင်ပွဲတော်ကို   မိုင်းလွေ ကျေးရွာနှင့်     ယန်းခိုင်ကျေးရွာ ကြားရှိ ကွင်းပြင်၌   ဒီဇင်ဘာ  ၂၉ ရက်မှစ၍   စည်ကားစွာ   ကျင်းပ လျက်ရှိသည်။ 

 


အဆိုပါ  ရိုးရာဓလေ့ကျွဲခတ် ပြိုင်ပွဲတော်သို့     မိုင်းယန်းမြို့နယ် အတွင်းရှိကျေးရွာများမှ ကျွဲမွေး ထားသူများ    လာရောက်ယှဉ်ပြိုင် ကြပြီး     မိမိတို့ယှဉ်ပြိုင်လိုသော ကျွဲများကို      ကွင်းအတွင်းသို့ ခေါ်ဆောင်လာကာ     တစ်ကောင် နှင့် တစ်ကောင်  ခေါင်းချင်းဆိုင်၍ ဦးချိုဖြင့်    ခတ်စေသည်။    ကွင်း အတွင်းမှ                ထွက်ပြေးသော  ကျွဲကို   အရှုံးအဖြစ်  သတ်မှတ်၍   အနိုင်ရရှိသော       ကျွဲပိုင်ရှင်များကို သက်ဆိုင်ရာ    တာဝန်ရှိသူများက ဆုများ       ပေးအပ်ချီးမြှင့်ပေးမည် ဖြစ်ကြောင်း သိရသည်။

 


မိုင်းယန်းမြို့နယ်၌ ရိုးရာဓလေ့ ကျွဲခတ်ပြိုင်ပွဲတော်ကို     နှစ်စဉ် ကျင်းပလာခဲ့သည်မှာ    နှစ်ပေါင်း ၁၀၀ ကျော်ခန့်      ရှိပြီဖြစ်ပြီး ယခုနှစ်တွင်             စည်ကားစွာ ကျင်းပနေမှုကို     မိုင်းယန်းခရိုင်               အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး      ဦးကျော်ဇင်၊ ဒုတိယ     ခရိုင်အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟော၊    မြို့နယ်အုပ်ချုပ် ရေးမှူး ဦးအောင်ဇင်ဦးနှင့် ခရိုင်/ မြို့နယ်အဆင့်    ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ၊ အနယ်နယ်အရပ်ရပ်မှ     ပြည်သူ များ ကြည့်ရှုအားပေးကြကြောင်း သိရသည်။


ထွန်းထွန်းထူး