နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၏ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားသံများ

 

ဦးသိန်းညွန့် 
(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်)
ပြည်သူများခင်ဗျား ၂၀၂၂ ခုနှစ်ဟာ မြန်မာနိုင်ငံမှာ အလုံးစုံပျက်သုဉ်းရေးဝါဒီတွေ လူသတ်ဓားပြတိုက် အကြမ်းဖက် (CRPH-NUG-PDF) တို့နဲ့ သူတို့ကို ထောက်ခံတဲ့  ရောင်စုံသောင်းကျန်းသူတွေရဲ့ အဖျက် လုပ်ငန်းများကို တွေ့မြင်ခဲ့ရပါတယ်။ သူတို့နောက် မှာ မြန်မာ့အချုပ်အခြာအာဏာကို ထိပါးစော်ကား လိုတဲ့ ခေတ်သစ်ခေတ်ဟောင်း နယ်ချဲ့အုပ်စုနဲ့ ဗိုလ်ကျ စိုးမိုးလိုတဲ့  သူတို့အပေါင်းအပါ အင်အားစုတွေက နိုင်ငံရေး၊ စစ်ရေး အကူအညီများ ပေးနေတယ်။
အခုလာမယ့် ၂၀၂၃ ခုနှစ်မှာတော့ မြန်မာ့စီးပွား ရေးပျက်ကပ်သို့ ဦးတည်စေမယ့် စီးပွားရေးကဏ္ဍကို ဖိအားပေးမယ့် အလားအလာကို တွေ့မြင်ရတယ်။ သူတို့ရဲ့အန္တရာယ်ကို လျှော့တွက်လို့မရဘူး။ ဒါပေမယ့် သမိုင်းအစဉ်အလာအရ (၇၅)နှစ်တိုင်တိုင် လွတ်လပ် ရေးကို ထိန်းသိမ်းနိုင်ခဲ့တဲ့ မြန်မာနိုင်ငံမှာ ပြည်တွင်း၊ ပြည်ပ အဖျက်သမားတွေ  မုချရှုံးနိမ့်ပျက်ပြားရမယ်။
ယနေ့ဘယ်လိုအခက်အခဲတွေ   ရင်ဆိုင်ရလင့် ကစား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့      ခေါင်းဆောင်မှုအောက်မှာ တပ်မတော်၊ နိုင်ငံရေးအင်အားစုများနဲ့ တိုင်းရင်း သားတွေ   စုစည်းညီညွတ်ပြီး  ဘယ်ရန်သူကိုမဆို ချေမှုန်းကြရပါမယ်။
မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ တရားတဲ့ဘက်က ရပ်တည်နေတဲ့           အမျိုးသားအင်အားစုတွေ အောင်မြင်မှုမုချရပါလိမ့်မယ်လို့   ပြောကြားရင်း ၂၀၂၃ ခု နှစ်သစ်ကို ကြိုဆိုပါတယ်။
ဦးခင်မောင်ဆွေ
(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်)
လေးစားအပ်တဲ့ မိဘပြည်သူများခင်ဗျား။ အခု လို  လွတ်လပ်ရေးစိန်ရတု   အခါသမယကြီးမှာ မြန်မာပြည်သူလူထုအပေါင်း စိတ်နှလုံးရွှင်လန်းကြ ပါစေကြောင်း  ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ နှစ်သစ်ကူးအချိန်အခါသမယမှာ မြန်မာပြည်သူ တွေဟာ   နိုင်ငံတော်ကြီး  အေးချမ်းသာယာစေဖို့  မျှော်လင့်စောင့်စားလျက်ရှိကြပါတယ်။   အဲဒီလို မျှော်လင့်မှုတွေကို အောင်မြင်ဖို့ဆိုရင် ကျွန်တော်တို့ အားလုံးဟာ   ဒီမိုကရေစီခေတ်ကိုရောက်အောင် သွားဖို့ လိုအပ်ပါတယ်။
ဒီမိုကရေစီဆိုတာ    ရွေးကောက်ပွဲနဲ့သာလျှင် ထူထောင်လို့ရတဲ့စနစ် ဖြစ်တာကြောင့် အခုလက်ရှိ အနေအထားကနေပြီးတော့ ပြည်သူလူထုအုပ်ချုပ် တဲ့ ခေတ်ကို ရောက်ချင်တယ်ဆိုရင်ဖြင့် ပြည်သူများ အပါအဝင် တိုင်းရင်းသားအဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများဟာ        သန့်ရှင်းလွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲကြီးဖြစ်အောင်  ဝိုင်းဝန်းဆောင်ရွက် ကြဖို့ လိုအပ်မှာဖြစ်ကြောင်းကို ကျွန်တော်တိုက်တွန်း စကားပြောကြားလိုပါတယ်။
အခုပြည်သူတွေကြုံတွေ့နေရတဲ့ မလုံခြုံမှုတွေ၊ လူမှုစီးပွားရေးဘဝမတည်ငြိမ်မှုတွေနဲ့ နိုင်ငံပြင်ပက ဝင်ရောက်နှောင့်ယှက်လာတဲ့     ဖြစ်ရပ်တွေဟာ တကယ်တော့    မြန်မာနိုင်ငံမှာ   ပြည်သူလူထု တင်မြှောက်တဲ့အစိုးရ မရှိလို့ဆိုတဲ့ အကြောင်းပြချက် နဲ့  ဖြစ်ပေါ်လာတာ  ဖြစ်ပါတယ်။ ဒါပေမယ့် ခေတ် တစ်ခေတ်ကို ပြောင်းဖို့ဆိုရင် ပြည်သူအားနဲ့မှ ရနိုင် ပါတယ်။ ပြည်သူ့ဆန္ဒမပါဘဲနဲ့တော့ ခေတ်ကိုပြောင်း လို့ ရနိုင်မှာမဟုတ်ပါဘူး။ အခုလက်ရှိ အုပ်ချုပ်ရေး ကနေပြီးတော့ ပြည်သူ့အုပ်ချုပ်ရေးစနစ်ကို ပြောင်း ဖို့ဆိုရင် ရွေးကောက်ပွဲမှတစ်ပါး အခြားမရှိပါဘူး။
မိဘပြည်သူများခင်ဗျား ယခုအခါ မြန်မာနိုင်ငံ မှာ   သွေးထွက်သံယိုမရှိဘဲနဲ့  ပြည်သူ့အာဏာကို လွှဲပြောင်းရယူနိုင်တဲ့ အချိန်အခါကြီး ဖြစ်နေပါတယ်။ ဒါကြောင့်မို့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီကို သေနတ်နဲ့ ပြပြီးတော့ တောင်းယူစရာလိုပါသလားလို့ မေးမယ် ဆိုရင်   မေးခွန်းရဲ့အဖြေကတော့  ဒီမိုကရေစီကို သေနတ်ပြပြီးတော့ တောင်းစရာမလိုတော့ဘူးလို့ပဲ ပြောရပါလိမ့်မယ်။ အချို့အယူအဆတွေကတော့ ရွေးကောက်ပွဲနဲ့  မြန်မာ့နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ မဖြစ်နိုင်ဘူးဆိုတဲ့ ပြောစကားတွေ ရှိပါတယ်။ သို့သော်လည်းပဲ ရွေးကောက်ပွဲပြီးတဲ့ အခါမယ်   လွှတ်တော်နိုင်ငံရေးပေါ်လာပြီးတော့ နိုင်ငံရေးပြဿနာအဝဝကို ပြည်သူလူထုဆန္ဒနဲ့အညီ လွှတ်တော်မှာ တင်ပြပြီးတော့ ဖြေရှင်းနိုင်တဲ့ အခွင့် အလမ်းကို  မြန်မာပြည်သူတွေ ရကြမှာဖြစ်တာ ကြောင့် ရွေးကောက်ပွဲဖြစ်မြောက်ရေးကို မြန်မာ ပြည်သူအားလုံးက    ဝိုင်းဝန်းကြိုးပမ်းကြပါလို့ ကျွန်တော်ပန်ကြားလိုကြောင်း တင်ပြရင်း နှစ်သစ် ကူး နှုတ်ဆက်စကားကို ဒီမှာပဲ နိဂုံးချုပ်အပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။