နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်၏ ၂၀၂၃ ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား

 

ယနေ့ကျရောက်တဲ့ ၂၀၂၃ ခုနှစ်၊ နှစ်သစ်ကူးအခါသမယမှာ တိုင်းရင်းသားမိဘပြည်သူ ညီအစ်ကိုမောင်နှမ များအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနဲ့ ပြည့်စုံပြီး ဘေးဘယာများဝေးကွာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သလိုက်ရပါတယ်။

 


၂၀၂၂   ခုနှစ်မှာ  ကျွန်တော် တို့   တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အခက်အခဲများစွာနဲ့ စိန်ခေါ် မှုပေါင်းစုံကြားကနေ     ကျွန်တော်တို့အားလုံးရဲ့ စည်းလုံးညီညွတ်မှု၊  စိတ်ရှည်သည်းခံမှုနဲ့  သဘော ထားပြည့်ဝမှုတွေနဲ့ပဲ အကောင်းဆုံး ဖြတ်ကျော်နိုင် ခဲ့ပြီ ဖြစ်ပါတယ်။   ၂၀၂၂  ခုနှစ်မှာ  ကျွန်တော်တို့ ညီအစ်ကိုမောင်နှမများအားလုံးရဲ့     စုစည်းညီညွတ် အားနဲ့ စိန်ရတုပြည်ထောင်စုနေ့ အခါသမယကို လည်း    ခမ်းနားထည်ဝါစွာဖြင့်   ဂုဏ်ယူဖွယ် ကျော်ဖြတ်ခဲ့ပြီဖြစ်ပါတယ်။

 


ကျွန်တော်တို့နိုင်ငံ လွတ်လပ်ရေးရတာ ၇၅ နှစ် ပြည့်မြောက်တော့မှာ ဖြစ်ပါတယ်။ ဒီကာလအတွင်း လွတ်လပ်ရေးရဲ့    အရသာကို   ကျွန်တော်တို့ ညီအစ်ကိုတွေ   အပြည့်အဝ မခံစားရသေးပါဘူး။  လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားလာတဲ့ လက်နက် ကိုင် ပဋိပက္ခတွေကို တတ်နိုင်သမျှ ချုပ်ငြိမ်းအောင် ကျွန်တော်တို့  ဆောင်ရွက်ခဲ့ပါတယ်။   ငြိမ်းချမ်းရေး ကို ကျွန်တော်ကိုယ်တိုင်  ဖိတ်ခေါ်ပြီး  ဆွေးနွေးခဲ့ ပါတယ်။ ဆွေးနွေးပြီးသမျှ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှု များအပေါ်မှာ အလားအလာကောင်းတဲ့ သဘော တူညီမှုများ  ရရှိခဲ့ပါတယ်။  မိမိဒေသ၊ မိမိလူမျိုးရဲ့     ကောင်းကျိုးကို    တကယ့်ရင်ထဲက   စစ်မှန်တဲ့ စေတနာ၊ မေတ္တာ   အမှန်တရားနဲ့  လိုလားဖို့ပဲ   အရေးကြီးပါတယ်။ ကျွန်တော်တို့   လက်နက်ကိုင် ပဋိပက္ခတွေဖြေရှင်းနိုင်ရင်  တိုင်းရင်းသားတွေနဲ့      တိုင်းရင်းသားဒေသတွေရဲ့    အခွင့်အရေး   ပိုမို ဆောင်ရွက်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေ ဒီမိုကရေစီအခွင့်အရေးတွေ မဆုံးရှုံးစေဖို့  တိုင်းရင်းသားဒေသတွေ  အပါအဝင် တစ်နိုင်ငံလုံး     နေရာအနှံ့   အကြားအလပ်မရှိ ရွေးကောက်ပွဲကျင်းပနိုင်ဖို့   ကြိုးစားဆောင်ရွက် လျက်ရှိပါတယ်။   တိုင်းပြည်ကို   မူလအခြေအနေ အတိုင်း အေးချမ်းစေဖို့ ဆောင်ရွက်နေပါတယ်။ 

 


၂၀၂၃ ခုနှစ်ဟာ ကျွန်တော်တို့နိုင်ငံ လွတ်လပ် ရေးရတာ ၇၅ နှစ်ပြည့်စိန်ရတုတိုင်ခဲ့ပြီ ဖြစ်သလို တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ဖွံ့ဖြိုးတိုးတက် ရေးနဲ့ ငြိမ်းချမ်းရေးရဲ့ အသီးအပွင့်တွေကို ခံစားဖို့ အစပျိုးတဲ့နှစ်တစ်နှစ်ပဲဖြစ်ပါတယ်။   မြန်မာ့နိုင်ငံ ရေး  အချိုးအကွေ့တစ်ခုမှာ သမိုင်းကောင်းတစ်ခုကို ဖန်တီးနိုင်မယ့်      အခွင့်အရေးကောင်းတစ်ခုကို တိုင်းရင်းသားပြည်သူတွေ       ပိုင်ဆိုင်ခွင့်ရတဲ့ နှစ်တစ်နှစ်ဖြစ်တာကြောင့် ဒီအခွင့်အရေးကို အရယူ နိုင်ဖို့    မျှော်လင့်ပါတယ်။  ကျွန်တော်တို့အားလုံး အတူတကွလျှောက်လှမ်းချင်တဲ့ စစ်မှန်စည်းကမ်း ပြည့်ဝတဲ့ ဒီမိုကရေစီစနစ် ခိုင်မာစေရန်နဲ့ ဒီမိုကရေစီ နဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည် ဆောက်ရေးအတွက်   ယခုရှိပြီးသားထက်    ပိုမိုတဲ့  ပေါင်းစည်းညီညွတ်မှုများနဲ့ ရှေ့ကိုခရီးဆက်ရမှာပဲ  ဖြစ်ပါတယ်။   အဲဒီလို  ခရီးဆက်နိုင်အောင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ ဘက် ပေါင်းစုံကနေ ရှိသမျှတံခါးများအားလုံးဖွင့်လျက် လက်ကမ်းကြိုလျက်ရှိနေပါတယ်။

 


ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကာလမှာ ကမ္ဘာမှာ ဘာတွေ ဖြစ်ခဲ့သလဲဆိုတဲ့ နိုင်ငံတကာအရေးအခင်းအချို့ကို ကျွန်တော်တို့ ကြည့်ဖို့လိုအပ်မှာ ဖြစ်ပါတယ်။   ၂၀၂၃  ခုနှစ်မှာ   ကျွန်တော်တို့   တိုင်းရင်းသားညီအစ်ကို အားလုံး  ပိုမိုသတိရှိရမယ်။ ပိုမိုအသိရှိရမှာ ဖြစ်ပါ တယ်။   ဒါတွေကို  ကျော်လွှားနိုင်ဖို့ဆိုရင်   ပြည့် အင်အားသည် ပြည်တွင်းမှာသာရှိသလို ကျွန်တော် တို့အားလုံး  စည်းလုံးစွာနဲ့ ကျော်ဖြတ်ဖို့ပဲ လိုပါမယ်။

 


ကုန်လွန်ခဲ့ပြီဖြစ်တဲ့ ၇၅ နှစ်တာကာလအတွင်း နိုင်ငံနဲ့ လူမျိုးအတွက်  အကျိုးမပြုစေခဲ့တဲ့ အတွေး အခေါ်များနဲ့ လုပ်ဆောင်ချက်များကို ချန်ရစ်ခဲ့ပြီး  နိုင်ငံတော်အတွက်      အကျိုးဖြစ်ထွန်းစေမယ့် အပြုသဘောဆောင်ရွက်ချက်များကို “မြန်မာစိတ်” မွေးပြီးတော့  စည်းစည်းလုံးလုံး လုပ်ကိုင်သွားကြ မယ်ဆိုရင် ကျွန်တော်တို့သွားချင်တဲ့ “ပန်းတိုင်”ကို မလွဲမသွေ ရောက်ရှိမှာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ အားလုံး  နိုင်ငံ့အကျိုး၊ တိုင်းရင်းသားပြည်သူလူထု အကျိုးကိုရှေးရှုပြီး  ပိုမိုကောင်းမွန်တဲ့   နိုင်ငံတော်ရဲ့ လူမှုစီးပွားဘဝတွေကို    မျိုးဆက်သစ်လူငယ်တွေ အတွက် တည်ဆောက်ပေးသွားကြပါမယ်။ မျိုးဆက် သစ် လူငယ်တွေဆီကနေ တိုင်းပြည်အတွက်  အဖိုး တန်တဲ့ လူ့စွမ်းအားအရင်းအမြစ်တွေကို အကျိုးရှိရှိ     အသုံးချနိုင်စေဖို့   ကျွန်တော်တို့   တာဝန်ရှိသူများ အားလုံး ညီညွတ်စွာဆောင်ရွက်ကြဖို့  တိုက်တွန်း ပြောကြားလိုပါတယ်။     

 


တိုင်းရင်းသားမိဘပြည်သူ ညီအစ်ကိုမောင်နှမ များအားလုံး ယနေ့ကျရောက်တဲ့ နှစ်သစ်အခါသမယ မှသည်  နောင်နှစ်ပေါင်းများစွာတိုင်  မိမိတို့တစ်ဦး တစ်ယောက်ချင်းအတွက်သာမက နိုင်ငံတော်အတွက် ပါ ကိုယ်စိတ်နှလုံးချမ်းမြေ့စွာနဲ့ ကောင်းကျိုးလိုရာ အဖြာဖြာ ဖန်တီးနိုင်သူများ ဖြစ်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်ခင်ဗျာ။
အားလုံးကို  ကျေးဇူးတင်ပါတယ်။