(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် “ရဋ္ဌနန္ဒက” ဆင်ဖြူတော်ပုံဖြင့် ၂၀၀ ကျပ်တန် အထူးထုတ်စာပို့တံဆိပ်ခေါင်းသစ် ရောင်းချပေးမည်

 

နေပြည်တော်    ဒီဇင်ဘာ    ၃၁


ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ (၇၅)နှစ်မြောက်  စိန်ရတု လွတ်လပ်ရေးနေ့ကို  ဂုဏ်ပြုသောအားဖြင့် “ရဌနန္ဒက”  ဆင်ဖြူတော်ပုံဖြင့်  (၂၀၀ ကျပ်တန်) အထူးထုတ် စာပို့ တံဆိပ်ခေါင်းသစ်  (၁)မျိုးအား  ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်၊ (ဗုဒ္ဓဟူးနေ့) နံနက် ၉ နာရီခွဲမှ စတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊   မန္တလေးစာတိုက်ကြီးတို့နှင့်   တိုင်းဒေသကြီး/ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်း ရောင်းချပေး သွားမည်ဖြစ်သည်။

 


အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲ အမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးမည်ဖြစ်သည်။  

        
   သတင်းစဉ်