လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲကျင်းပ

 

နေပြည်တော် ဒီဇင်ဘာ ၃ဝ
၂၀၂၃ ခုနှစ်    ဇန်နဝါရီ ၄ ရက် တွင် ကျရောက်မည့်   (၇၅)  နှစ် မြောက်   စိန်ရတု လွတ်လပ်ရေး နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လျှပ်စစ်စွမ်းအား   ဝန်ကြီးဌာနမှ ဝန်ထမ်းများ၏       နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲ    ကံစမ်းမဲဖွင့်ဖောက် ခြင်း၊    စတုဒိသာဖြင့်    ကျွေးမွေး ဧည့်ခံခြင်း၊       တိုင်းဒေသကြီး/  ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးများ၏    ဒေသရိုးရာအစားအစာ များဖြင့်         ကျွေးမွေးဧည့်ခံခြင်း၊ ဒေသထွက်       အမှတ်တရပစ္စည်း များ  ရောင်းချခြင်းနှင့် နိုင်ငံကျော် အဆိုတော်များက    တေးသံသာ များဖြင့်        ဧည့်ခံဖျော်ဖြေခြင်း အခမ်းအနားများကို     ယနေ့တွင် လျှပ်စစ်စွမ်းအား     ဝန်ကြီးဌာန ရုံးအမှတ်  (၂၇)   ၌     ကျင်းပ သည်။
အခမ်းအနားသို့    လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသောင်းဟန်၊   ဒုတိယ ဝန်ကြီး   ဒေါက်တာအောင်ဇေယျ နှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ပြီး     ဝန်ထမ်းများကို နှစ်သစ်ကူးအကြို      ပျော်ပွဲရွှင်ပွဲ ကံစမ်းမဲဖွင့်ဖောက်နေမှုကို ကြည့်ရှု အားပေးသည်။  ယင်းနောက် တိုင်းဒေသကြီး/ ပြည်နယ် လျှပ်စစ် အင်ဂျင်နီယာရုံးများ၏  နိဗ္ဗာန်ဈေး နှင့်  အမှတ်တရပစ္စည်း  ရောင်းချ ခြင်းတို့ကို      လှည့်လည်ကြည့်ရှု အားပေးသည်။  (အောက်ပုံ)
ညပိုင်းတွင်         ကြွရောက် လာသည့်   ဧည့်သည်တော်များနှင့် ဝန်ထမ်းများကို      နိုင်ငံကျော် အဆိုတော်များက      တေးသံသာ များဖြင့်      ဧည့်ခံဖျော်ဖြေခဲ့ကြ ကြောင်း  သိရသည်။  
သတင်းစဉ်