
ရန်ကုန် ဒီဇင်ဘာ ၂၉
ယခု သီတင်းပတ်အတွင်း ရန်ကုန်ဘုရင့်နောင်ကုန်စည်ဈေးကွက်တွင် ကြက်သွန်နီ၊ စားအုန်းဆီ၊ ငရုတ်၊ မန်ကျည်းသီး၊ မတ်ပဲနှင့် ပဲစင်းငုံများ ဈေးနှုန်းကျဆင်းနေသည်။ မန်ကျည်းဓားစင်း အသစ် တစ်ပိဿာကျပ် ၁၉၀၀ နှုန်းသာရှိသည်။
ကြက်သွန်နီ
ဒီဇင်ဘာ ၂၆ ရက်မှ ၂၈ ရက်အထိ သုံးရက်အတွင်း ဘုရင့်နောင်ကုန်စည်ဒိုင်သို့ နယ်စုံမှ ကြက်သွန်နီ ပိဿာချိန် ငါးသိန်းတစ်သောင်း ဝင်ရောက်ခဲ့ပြီး ဈေးနှုန်း အကျဘက်တွင်သာရှိသည်။ မြင်းခြံနှင့် မြစ်သားနယ်တို့မှ ကြက်သွန်နီ အများဆုံးဝင်ရောက်ပြီး ဒီဇင်ဘာ ၂၈ ရက်တွင် မြင်းခြံကြက်သွန်နီ လက်ကားတစ်ပိဿာ ကျပ် ၁၇၅၀-၂၂၀၀-၂၄၀၀-၂၅၀၀၊ မြစ်သား ကျပ် ၂၃၀၀- ၂၇၀၀ -၂၈၀၀ နှုန်းရှိသည်ဟု သိရသည်။ မန္တလေး ဈေးကွက်၌ ဒီဇင်ဘာ ၂၈ ရက်တွင် မြစ်သားအမြင့်ဆုံးတစ်ပိဿာ ကျပ် ၂၂၀၀ နှုန်း ရှိပြီး၊ မြင်းခြံဈေးကွက်တွင် ကြက်သွန်နီ ပိဿာချိန် ၁၃၇၀၄၀ ဝင်ရောက်ပြီး အမြင့်ဆုံး ဈေး တစ်ပိဿာ ကျပ် ၂၂၀၀ နှုန်းရှိသည်ဟု သိရသည်။ ပခုက္ကူဈေးကွက်၌ ဒီဇင်ဘာ၂၈ ရက်တွင် ကြက်သွန်နီ ပိဿာချိန် ၉၂၈၀ ဝင်ရောက်ပြီး အမြင့်ဆုံးဈေးမှာ တစ်ပိဿာ ကျပ် ၂၁၀၀ သာရှိသည်။
ကြက်သွန်ဖြူ/အာလူး
ဒီဇင်ဘာ ၂၈ ရက်တွင် ရှမ်းအောင်ပန်း ကြက်သွန်ဖြူ လက်ကားတစ်ပိဿာ ကျပ် ၃၇၀၀-၄၃၀၀-၄၈၀၀- ၅၀၀၀၊ ကြူကုတ် ကြက်သွန်ဖြူ ကျပ် ၃၄၀၀ နှုန်းရှိသည်ဟု သိရသည်။ ဒီဇင်ဘာ ၂၈ ရက်တွင် အာလူးပိဿာချိန် ၅၄၀၀၀ ဝင်ရောက်ပြီး ရှမ်း အောင်ပန်းအာလူး လက်ကား တစ်ပိဿာ ကျပ် ၁၇၀၀- ၁၆၅၀-၂၁၀၀၊ တရုတ်အအေး ခန်း အာလူး သဲသီးအဟောင်း တစ်ပိဿာ ကျပ် ၂၂၅၀၊ တရုတ်အာလူးအသစ် ကျပ် ၁၇၅၀ နှုန်းရှိသည်ဟု သိရသည်။ စလင်းနယ်ထွက် ပန်းရဲငရုတ်ရှည် လက်ကားတစ်ပိဿာ ကျပ် ၁၄၅၀၀၊ တရုတ် စက ငရုတ်ပွ ကျပ် ၁၃၅၀၀၊ ရှမ်းငရုတ်ရှည် ရှမ်းမိုးထောင်နှင့် နယ်စုံမိုးထောင် လက်ကားတစ်ပိဿာကျပ် ၁၂၀၀၀၊ ဆင်ဖြူကျွန်း ငရုတ်ပွ အသစ် ကျပ် ၁၄၀၀၀-၁၄၅၀၀ နှုန်းရှိသည်ဟု သိရသည်။
စားအုန်းဆီ
ဒီဇင်ဘာ ၂၆ ရက်မှ ဇန်နဝါရီ ၁ ရက်အထိ အခြေခံလက်ကား ရည်ညွှန်းဈေး စားအုန်းဆီ တစ်ပိဿာ ကျပ် ၄၃၆၀ ရှိရာ ယခင်အပတ်ထက် တစ်ပိဿာ ၅၅ကျပ်အထိ ဈေးကျလာသည်။ ဒီဇင်ဘာ ၂၈ ရက်တွင် စာရွက် DO ဈေး တစ်ပိဿာ ကျပ် ၅၁၅၀ နှုန်းရှိသည်။ ဒီဇင်ဘာ ၂၈ ရက်တွင် အလှယ်လက်ငင်းပီပါဈေး တစ်ပိဿာ ကျပ် ၅၂၀၀ နှုန်းသာရှိသည်ဟု ညောင်ပင်လေးဆီဈေးကွက်မှ သိရသည်။
ဆန်
ကောက်ညှင်းဆန် တစ်အိတ် ကျပ် ၈၀၀၀၀ မှ ကျပ် ၈၅၀၀၀ အတွင်းသာ ဈေးနှုန်း ရှိသည်။ မိုးဆန်ကြမ်းသစ် တစ်အိတ်လျှင် ကျပ် ၄၁၀၀၀-၄၂၀၀၀၊ ဆန်ကြမ်းအဟောင်း သီးထပ် ကျပ် ၄၇၀၀၀၊ ရက် ၉၀ ရှယ် ကျပ် ၅၁၀၀၀၊ ပေါ်ကျွဲ တစ်အိတ် ကျပ် ၅၂၀၀၀-၅၃၀၀၀ နှုန်းရှိသည်။ ပေါ်ဆန်းအသစ် တစ်အိတ်ဈေးမှာ ဖျာပုံ ကျပ် ၆၂၀၀၀၊ ပုသိမ်/ မြောင်းမြ ကျပ် ၆၄၀၀၀၊ ရွှေဘို ကျပ် ၇၀၀၀၀-၇၂၀၀၀၊ ပေါ်ဆန်းအဟောင်း တစ်အိတ်လျှင် ဖျာပုံ ကျပ် ၆၇၀၀၀-၆၈၀၀၀၊ ပုသိမ်-မြောင်းမြ ကျပ် ၆၉၀၀၀-၇၁၀၀၀၊ ရွှေဘို ကျပ် ၉၀၀၀၀-၉၈၀၀၀ နှုန်းရှိသည်။
ပဲ
ဒီဇင်ဘာ၂၈ရက်တွင် မတ်ပဲ (FAQ/RC) တစ်တန် ကျပ် ၁၇၂၂၀၀၀၊ (SQ/RC) တစ်တန် ကျပ် ၁၉၂၂၀၀၀၊ ပဲစင်းငုံနီ (Red/RC) တစ်တန် ကျပ် ၁၇၅၂၅၀၀ ရှိသည်။ ပဲတီစိမ်းခရမ်း ရွှေဝါ (ထိပ်စ) တစ်ပိဿာ ကျပ်၂၈၃၀-၃၀၀၀၊ ကုလားပဲခြမ်း တစ်ပိဿာ ကျပ် ၄၀၅၀-၄၂၅၀ နှုန်းရှိသည်။
အောင်ခင်နိုင်