(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့် စာပေအနုပညာပြပွဲ တတိယနေ့ဆက်လက်ကျင်းပ ကျောင်းသား ကျောင်းသူများ၊ လူငယ်များနှင့် ပြည်သူများ စိတ်ပါဝင်စားစွာ တစ်ခဲနက် ပါဝင်ဆင်နွှဲ

 

နေပြည်တော်   ဒီဇင်ဘာ   ၂၈
(၇၅)  နှစ်မြောက်   စိန်ရတုလွတ်လပ်ရေး နေ့အထိမ်းအမှတ်       လူငယ်နှင့်  စာပေ အနုပညာပြပွဲ တတိယနေ့ကို နေပြည်တော် ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန - ၂  ၌      ဆက်လက်ကျင်းပရာ ဝန်ကြီးဌာနများမှ         ဝန်ထမ်းများနှင့် မိသားစုများ၊   ကျောင်းသား ကျောင်းသူ များ၊    လူငယ်များ၊   ကလေးငယ်များနှင့် ပြည်သူများ စိတ်ပါဝင်စားစွာဖြင့် တစ်ခဲနက် လာရောက်ပါဝင်ဆင်နွှဲကြသည်။ (ယာပုံ) 
ပြပွဲတတိယနေ့တွင်    ပြည်ထဲရေး ဝန်ကြီးဌာန၊  ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန၊  သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး  ဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာနတို့မှ   သက်ဆိုင်ရာကဏ္ဍများ အလိုက်  ခင်းကျင်းပြသထားသည့် မူးယစ် ဆေးဝါးနှင့် ပတ်သက်သည့် အသိပညာပေး ပြခန်း၊      လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးပြခန်း၊     ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း        အသိပညာပေးပြခန်း၊ ရေကြောင်း၊ လေကြောင်း၊ မြန်မာ့မီးရထား နှင့်  ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိပညာ ပေးပြခန်း၊           သစ်တောသစ်ပင်ဆိုင်ရာ အသိပညာပေးပြခန်း၊      နည်းပညာ တက္ကသိုလ်များ၏ ကဏ္ဍအလိုက် ဆန်းသစ် တီထွင်မှု    ပြခန်းများ၊    ကိုဗစ် - ၁၉ ကပ်ရောဂါဆိုင်ရာ          အသိပညာပေးနှင့် ဆေးလိပ်/ ဆေးရွက်ကြီးနှင့် ကွမ်းစားခြင်း အန္တရာယ်     အသိပညာပေးပြခန်းတို့ကို စိတ်အားထက်သန်စွာ  လေ့လာကြည့်ရှုသူ များဖြင့် အထူးစည်ကားလျက်ရှိသည်။
ထို့ပြင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနနှင့်   သာသနာရေးနှင့်   ယဉ်ကျေးမှု ဝန်ကြီးဌာနအနေဖြင့် သမိုင်းတန်ဖိုးများ ကို သိရှိနားလည်စေရန်အတွက် လွတ်လပ် သော    မြန်မာနိုင်ငံ၏     နိုင်ငံတော်အလံ လွှင့်တင်ခြင်း     အခမ်းအနားမှတ်တမ်း မှတ်ရာ၊   လွတ်လပ်ရေးကြေညာစာတမ်း နှင့် လွတ်လပ်ရေး  အသိအမှတ်ပြုစာတမ်း၊ လွတ်လပ်ရေး       မော်ကွန်းကျောက်တိုင်၊ ခေတ်အဆက်ဆက်        အသုံးပြုခဲ့သည့် မြန်မာနိုင်ငံတော်အလံများ၊  ၁၉၄၈ခုနှစ်မှ ၂၀၂၂    ခုနှစ်အထိ    ချီးမြှင့်အပ်နှင်းခဲ့သည့် ဂုဏ်ထူးဆောင်ဘွဲ့များနှင့်          ဂုဏ်ထူး ဆောင်တံဆိပ်များ၊           အောင်ဆန်း-အက်တလီစာချုပ်၊   ပင်လုံစာချုပ်၊    နု-အက်တလီစာချုပ်နှင့်     အခြားသမိုင်း ရေးရာ     တန်ဖိုးရှိသော    မှတ်တမ်းများ၊ မော်ကွန်းများ၊  ကျောက်စာများပြခန်းနှင့် အမျိုးသားစာကြည့်တိုက်          ပြခန်းတို့ကို ခင်းကျင်းပြသထားရာ       ကျောင်းသား ကျောင်းသူများနှင့်    လူငယ်များ   စိတ်ပါ ဝင်စားစွာ လေ့လာကြကာ  သမိုင်းတန်ဖိုး ကိုသိမြင်ကြပြီး   ထိန်းသိမ်းလိုစိတ်ရှိကြ သည့် မြင်ကွင်းကိုလည်း တွေ့ရသည်။
အလားတူ   ပြန်ကြားရေးဝန်ကြီးဌာန နှင့် သာသနာရေးနှင့်  ယဉ်ကျေးမှုဝန်ကြီး ဌာနတို့မှ စာအုပ်အရောင်းဆိုင်များတွင် လည်း စာအုပ်စာပေဖတ်ရှုရန်  စိတ်အား ထက်သန်ကြသည့်              ကျောင်းသား ကျောင်းသူများ၊ လူငယ်များ၊ ကလေး ငယ်များ၊    စာပေချစ်သူများဖြင့်     အထူး စည်ကားလျက်ရှိပြီး    (၇၅)  နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် “လှပသာယာ   ပြည်မြန်မာ”ရောင်စုံဓာတ်ပုံ ပြပွဲနှင့်    ၂၀   ရာစု   စာရေးဆရာများ၏ ဓာတ်ပုံများကိုလည်း   ခင်းကျင်းပြသထား လျက်ရှိရာ    ဓာတ်ပုံချစ်မြတ်နိုးကြသည့် ပညာရှင်များနှင့် ဝါသနာရှင်များကလည်း စိတ်ပါဝင်စားစွာဖြင့်  ကြည့်ရှုလေ့လာကြ သည်။
ထို့ပြင်   အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနအနေဖြင့်     နိုင်ငံ့ဂုဏ်ဆောင် နိုင်ခဲ့သည့်            အားကစားသမားများကို လေးစားအတုယူ          အားကျလိုစိတ်နှင့်  ကြိုးစားလိုစိတ်များ          ဖြစ်ပေါ်လာစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံပြီး      နိုင်ငံ့အကျိုး သယ်ပိုးထမ်းဆောင်နိုင်သည့် ခေါင်းဆောင် ကောင်းများ ဖြစ်လာနိုင်စေရန်ရည်ရွယ်၍ အရှေ့တောင်အာရှ၊  အာရှနှင့် နိုင်ငံတကာ ပြိုင်ပွဲများတွင်   နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့ကြ သည့် အားကစားသမားများ၏  ရုပ်တုများ နှင့်       လူငယ်ကဏ္ဍ     ဖွံ့ဖြိုးတိုးတက်ရေး အတွက်            ဆောင်ရွက်လျက်ရှိသည့် မှတ်တမ်းဓာတ်ပုံများကို         စုံစုံလင်လင် ခင်းကျင်းပြသထားမှုအပေါ်       လူငယ်များ အထူးအလေးထားလေ့လာကြရာ     နိုင်ငံ အတွက် အားတစ်ခုပင်ဖြစ်သည်။ 
ပညာရေး          ဝန်ကြီးဌာနအနေဖြင့် ရွေ့လျားသိပ္ပံနှင့်      နည်းပညာပြခန်းကို ခင်ကျင်းပြသထားရာ ပြခန်းရှိ အမိုနီးယား ရေပန်းသဏ္ဌာန်ပြကွက်၊ လူသားပုံစံတူ စက်ရုပ်များ စွမ်းရည်ပြကွက်နှင့်  Grade 11   ရူပဗေဒဘာသာရပ် သင်ကြားအထောက် အကူပြု လျှပ်စစ်သံလိုက်ဆိုင်ရာ ပြကွက် တို့ကို   ကျောင်းသား၊  ကျောင်းသူများနှင့် လူငယ်များ  စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှု လေ့လာကြသည်။
ထို့ပြင်   အထူးဖျော်ဖြေရေးအစီအစဉ် အဖြစ်   နိုင်ငံ၏   ဘာသာ၊   သာသနာနှင့် စီးပွားရေး၊   လူမှုရေး၊   ယဉ်ကျေးမှုတို့ကို သိရှိစေနိုင်မည့်  ကြီးမြတ်သောမြန်မာနှင့် ငဘ ရုပ်ရှင်ကားများကိုလည်း   အနုပညာ ဆိုင်ရာ    အစီအစဉ်တစ်ခုအဖြစ်     ပြသ ဖျော်ဖြေမှုများ၊      အနုပညာရှင်များက တေးသီချင်းများဖြင့်  သီဆိုဖျော်ဖြေမှုများ၊ နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ အခြေခံပညာကျောင်းများမှ  ကျောင်းသား ကျောင်းသူများက       သွေးရင်းများပီပီ၊ ပြည်မြန်မာ၊   ဇာတိမာန်၊   ထာဝရမြန်မာ၊ ပြည်ထောင်စုအင်အား၊    ထာဝရငြိမ်းချမ်း ရေး၊    ပြည်ထောင်စုရဲ့   ထာဝရအလှနှင့် ပြည်ထောင်စုကြီး     ထာဝရတည်စေသား တေးသီချင်းများကို    ချစ်စဖွယ်တိုင်းရင်း သားရိုးရာကကွက်များဖြင့်      ပေါင်းစပ်၍ ကပြဖျော်ဖြေရာ    ပြပွဲလာရောက်ကြသူ များကလည်း   စိတ်အားထက်သန်စွာဖြင့် ပျော်ရွှင်ကြည်နူးစွာ ကြည့်ရှုအားပေးကြ သည်။
ပို့ဆောင်ရေးနှင့်     ဆက်သွယ်ရေး ဝန်ကြီးဌာနအနေဖြင့်     မြင်ကွင်းခံစား မှုအပေါ်လိုက်ပါညွှန်ကြားစေခိုင်းနိုင်သော (virtual reality)    စနစ်ဖြင့်   ကိုယ်တိုင် ပါဝင်ခံစားနိုင်သည့်     ဂိမ်းအစီအစဉ်တွင် လည်း   ကျောင်းသား ကျောင်းသူများနှင့် လူငယ်များ   ပျော်ရွှင်စွာ  ပါဝင်ဆင်နွှဲကြ သည်ကိုလည်း တွေ့ရသည်။
မြန်မာနိုင်ငံ          မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းအနေဖြင့်လည်း မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ          မိခင်နှင့် ကလေးများ၏  ကျန်းမာရေး၊ ပညာရေးနှင့် လူနေမှုဘဝအဆင့်အတန်း  မြင့်မားလာ စေရေးအတွက်  ဆောင်ရွက်လျက်ရှိသော အခြေအနေများကို     မှတ်တမ်းမှတ်ရာ များဖြင့်  ပြည်သူများသိရှိစေရန် ခင်းကျင်း ပြသလျက်ရှိရာ          စိတ်ဝင်တစားဖြင့် လာရောက်လေ့လာကြသည်။
အဆိုပါပြပွဲအား      ကျောင်းသား ကျောင်းသူများနှင့်လူငယ်များ       စာအုပ် စာစောင်များကို   တန်ဖိုးထားဖတ်ရှုလိုစိတ် ဖြစ်ပေါ်လာစေရန်နှင့်      စာပေ၏အကျိုး ကျေးဇူးကို    သိရှိနိုင်စေရန်၊     ရုပ်ရှင် အနုပညာမှတစ်ဆင့်   မျိုးချစ်စိတ်ဓာတ်နှင့် အမျိုးဂုဏ်    ဇာတိဂုဏ်   မြင့်မားစေပြီး လွတ်လပ်ရေးကြိုးပမ်းမှု   သမိုင်းကြောင်း များ၊      ကိုလိုနီလက်အောက်ခံဘဝတွင် တွေ့ကြုံခံစားရမှုများကို  သိမြင်စေကာ မိမိတို့နိုင်ငံ၏  လွတ်လပ်ရေးကို လေးစား တန်ဖိုးထားတတ်စေရန်၊                 ဓာတ်ပုံ အနုပညာပြပွဲမှ တစ်ဆင့်  မြန်မာနိုင်ငံ၏ အေးချမ်းတည်ငြိမ်မှု၊   သာယာလှပမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများ၊             ချစ်စဖွယ် ကျေးလက်ဒေသ အလှအပများကို   သိရှိ ခံစားပြီး      မိမိတို့၏   တိုင်းဒေသကြီး၊ ပြည်နယ်များအပေါ် မြတ်နိုးတန်ဖိုးထား စိတ်များ ဖြစ်ပေါ်လာစေရန်နှင့် ပြခန်းများ ခင်းကျင်းပြသမှုများမှတစ်ဆင့်   ဝန်ကြီး ဌာနအသီးသီးက  ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို   အလွယ်တကူ   သိမြင် နိုင်စေရန်ဟူသည့်  ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်းလည်း       သိရှိရ သည်။
ထို့ကြောင့်   ကျောင်းသား ကျောင်းသူ များ၊ လူငယ်များ၊ ကလေးငယ်များ သိသင့် သိထိုက်သည့်    ကျန်းမာရေး၊    လူမှုရေး၊ ပညာရေး၊    စာပေနှင့်  အနုပညာဆိုင်ရာ အကြောင်းအရာများကို  ဦးစားပေးကဏ္ဍ တစ်ရပ်အဖြစ်    ပြသသည့်     လူငယ်နှင့် စာပေအနုပညာပြပွဲကို ဒီဇင်ဘာ ၂၆ ရက် မှ ၂၈ ရက်အထိ ကျင်းပရန် စီစဉ်ထားရာမှ ​​ကျောင်းသား ​ကျောင်းသူ   လူငယ်များ၊ က​လေးငယ်များ         ဆက်လက်ကြည့်ရှု​လေ့လာနိုင်ရန်  ဒီဇင်ဘာ ၂၉ ရက်အထိ စည်ကားသိုက်မြိုက်စွာ            ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


ဟိန်းမင်းစိုး၊ သန်းမင်းအောင်
ဓာတ်ပုံ - ကျော်ရဲဆွေ၊ ကိုကြီးထိန်