(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ  ဖူဆယ်(အမျိုးသား) ပြိုင်ပွဲ အကြိုဗိုလ်လုပွဲများ ကျင်းပ

 

နေပြည်တော် ဒီဇင်ဘာ ၂၈


(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့အထိမ်းအမှတ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဖလား ဝန်ကြီးဌာနပေါင်းစုံဖူဆယ် (အမျိုးသား) ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များကို ယနေ့နံနက် ၉ နာရီမှ စတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ           ဖူဆယ် အားကစားရုံ၌ ကျင်းပသည်။

 


 ဖူဆယ် (အမျိုးသား) ပြိုင်ပွဲ  အကြိုဗိုလ်လုပွဲ  ပွဲစဉ်များအဖြစ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေး ဝန်ကြီးဌာနအသင်းက လူမှု ဝန်ထမ်း၊        ကယ်ဆယ်ရေးနှင့်  ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနအသင်းကို   သုံးဂိုး၊   နှစ်ဂိုး၊  အားကစားနှင့်       လူငယ်ရေးရာ  ဝန်ကြီးဌာနအသင်းက    စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း  ဝန်ကြီးဌာနအသင်းကို ခြောက်ဂိုး၊ ဂိုးမရှိတို့ဖြင့် အနိုင်ရရှိခဲ့သည်။

 


အဆိုပါ ပြိုင်ပွဲများသို့ ပြည် ထောင်စုဝန်ကြီးများ၊     ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန် များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ် များနှင့် အရာထမ်း/အမှုထမ်းများ၊ မြန်မာနိုင်ငံ   ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့်    အားကစား ဝါသနာရှင်များ လာရောက်ကြည့်ရှု အားပေးကြသည်။ 


အားကာမောင်