
နေပြည်တော် ဒီဇင်ဘာ ၂၈
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှု အဆင့်အတန်း မြင့်မားလာစေရန်နှင့် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲမှတစ်ဆင့် နိုင်ငံ့ဂုဏ်ဆောင်နိုင် သည့် ပိုက်ကျော်ခြင်း အားကစားသမားကောင်း များစွာ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အားကစား နှင့် လူငယ်ရေးရာဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် ၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေး နေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း (အမျိုးသား) ပြိုင်ပွဲ တတိယလုပွဲနှင့် ဗိုလ်လုပွဲ ပွဲစဉ် များကို ယနေ့ နံနက် ၉ နာရီမှ စတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ဆက်လက် ကျင်းပသည်။
အဆိုပါပွဲစဉ်များသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသော Jeng Phang နော်တောင်နှင့် ဦးရွှေကြိမ်း၊ အားကစားနှင့် လူငယ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်း သိန်းဇံ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အရာထမ်း/ အမှုထမ်း များ၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ တာဝန်ရှိ သူများ၊ အားကစားဝါသနာရှင်များ တက်ရောက် ကြည့်ရှုအားပေးကြသည်။
ပိုက်ကျော်ခြင်း (အမျိုးသား) ပြိုင်ပွဲ တတိယလုပွဲ ပွဲစဉ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအသင်း ကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ ဗိုလ်လုပွဲ ပွဲစဉ် တွင် ပြည်ထဲရေးဝန်ကြီးဌာနအသင်းက အားကစား နှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ် ဖြင့် လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိသည်။
ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနား ကို ဆက်လက်ကျင်းပရာ ပိုက်ကျော်ခြင်း (အမျိုးသား) ပြိုင်ပွဲတွင် စတုတ္ထဆုရရှိသော ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းကို နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်က ဂုဏ်ပြုဆု ငွေကျပ်ငါးသိန်းကို လည်းကောင်း၊ တတိယဆုရရှိသော နယ်စပ်ရေးရာဝန်ကြီးဌာန အသင်းကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ဂုဏ်ပြုဆု ငွေကျပ် ၁၀ သိန်းကို လည်းကောင်း၊ ဒုတိယဆုရရှိ သော အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အသင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးရွှေကြိမ်းက ဂုဏ်ပြုဆုငွေကျပ် ၁၅ သိန်း ကို လည်းကောင်း၊ ပထမဆုရရှိသော ပြည်ထဲရေး ဝန်ကြီးဌာနအသင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်က တစ်ဦးချင်းဆုတံဆိပ်၊ ဂုဏ်ပြုဆုငွေကျပ် သိန်း ၂၀ နှင့် တံခွန်စိုက်ဆုဖလားကိုလည်းကောင်း ပေးအပ် ချီးမြှင့်သည်။
၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော် ခြင်း(အမျိုးသား) ပြိုင်ပွဲကို ဒီဇင်ဘာ ၁၉ ရက်မှ ၂၈ ရက်အထိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လက်ဝှေ့ အားကစားရုံ၌ ကျင်းပခဲ့ပြီး ဝန်ကြီးဌာနအသီးသီး မှ ပြိုင်ပွဲဝင် အမျိုးသားအသင်း ၂၇သင်း ပါဝင်ယှဉ်ပြိုင် ခဲ့ကြောင်း သိရသည်။
သတင်းစဉ်