အားလုံးညီစိမ် စိန်ရတုချိန်

 

အားလုံးညီစိမ် စိန်ရတုချိန်

 

*    လွတ်လပ်ခဲ့ပြီတိုင်းဌာနီကား
     ရည်ကာတွက်စစ်ခုနစ်ဆယ့်ငါးနှစ် 
    သစ်လွင်တည်ထောင် မြန်လူ့ဘောင်သည်
    အောင်မြင်မှုနှေး ဝါဒဘေးကား
    ရေးပြမကုန် ခုထိကြုံသည် 
    ယုံကြည်ရာစွဲ စိတ်ချင်းကွဲ၍ 
    လွဲမှားမာန မိုးထိပြကာ 
    မိနှင့်မတူ ရန်သူဟူ။
*     အပြုအဖျက် ဒီနှစ်ချက်ကို 
    လက်ထွန်းဉာဏ်ရောင်နှလုံးဆောင်၍ 
    မောင်မြန်မာများ အသိပွားကာ 
    သွားလာလုပ်ငန်း ပြည့်တွက်ထမ်းပြီး
    လမ်းပန်းသာစေအထွေထွေလည်း 
    ရေရှည်တိုးတက်အကျိုးဆက်အား
    ထက်သော မြန်မာရဖို့ရှာ။ 
*    စိန်ထက်မာကျစ် ပြည်အချစ်ကြောင့် 
    ဖြစ်တည်လာပေးလွတ်လပ်ရေးကို 
    လေးစားရိုသေမြတ်နိုးစေ။
*    တွင်းပနှစ်ဒဏ်ကြံ့ကြံ့ခံ၍ 
    သန်ရှင်လွတ်လပ်မြန်ပြည်ကပ်ဖို့ 
    သပ်ရပ်ခိုင်ကျည်စစ်အင်ပီဖြင့်
    လီလီအောင်ပွဲသက်စွန့်နွှဲသည့်
    တွဲဖက်ညီနောင် ပြည်ချစ်မောင်ကို
    ယောင်၍လေပင် ပြစ်မတင်နှင့်။
*    တစ်မိဝမ်းဖွား ညီအစ်ကိုများ
    သားသွေးအစစ်တို့တွေဖြစ်၍
    ချစ်ရက်ကြာရှည်အမိမြေကို
    တစေလွတ်လပ်အမြင့်တပ်ဖို့
    ထပ်ထပ်ကြိုးစား တန်ဖိုးထားကာ
    အားလုံးညီစိမ် စိန်ရတုချိန်။     ။

ညိုဝင်း (ချစ်မြေ)