မြိတ်မြို့ ကက်သလစ်ခရစ်ယာန် ပရဟိတဂေဟာသို့ တိုင်းဒေသကြီးအစိုးရက ဆန်၊ ဆီများ လှူဒါန်း

 

မြိတ်   ဒီဇင်ဘာ   ၂၄
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ရှိ   မြိတ်ကက်သလစ်ခရစ်ယာန် ပရဟိတဂေဟာသို့ ဆန်၊ ဆီများ ကို တိုင်းဒေသကြီးအစိုးရအဖွဲ့က ဒီဇင်ဘာ  ၂၂  ရက်က  ထောက်ပံ့ လှူဒါန်းသည်။  
လှူဒါန်းပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးမြတ်ကိုက မြိတ် ကက်သလစ်ခရစ်ယာန်ပရဟိတ ဂေဟာမှ  ကျောင်းသား ကျောင်းသူ များအနေဖြင့်    မိမိဒေသ    ဖွံ့ဖြိုး တိုးတက်ရေး၊   မိမိတိုင်းရင်းသား လူမျိုးများ      ဖွံ့ဖြိုးတိုးတက်ရေး ကို       ဆောင်ရွက်နိုင်ရန်အတွက် ဆရာတော်၏      ဩဝါဒသွန်သင် ဆုံးမမှုနှင့်အညီ ပညာကိုကြိုးစားသင်ယူစေလိုကြောင်း  ပြောကြား ပြီး  ကမ်းရိုးတန်းဒေသ  တိုင်းစစ် ဌာနချုပ်တိုင်းမှူး  ဗိုလ်ချုပ် စော သန်းလှိုင်က နှုတ်ခွန်းဆက်စကား ပြောကြားသည်။     ထို့နောက် ဂေဟာအတွက်    တိုင်းဒေသကြီး အစိုးရအဖွဲ့မှ    လှူဒါန်းသော ဆန်အိတ် ၅၀၊   ဆီပိဿာ ၂၀ ကို တိုင်းဒေသကြီး     ဝန်ကြီးချုပ်က  မြိတ်     ကက်သလစ်သာသနာ ကျောင်းထိုင်ဘုန်းတော်ကြီး ဖာသာ ဘရူးနိုးဖိလစ်ထံ                လှူဒါန်း ခဲ့သည်။ 
ထို့အတူ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်က ဆန် ၁၅ အိတ်၊  ဆီ ၂၅ ပိဿာ၊  ပြည်ဖြိုး ထွန်းအင်တာနေရှင်နယ် ကုမ္ပဏီ က ဆန် ၁၅ အိတ်၊ ဆီ ၂၅ ပိဿာ နှင့် ထူးထူးတိုးကုမ္ပဏီက ကြက်ဥ အလုံး ၁၀၀၀ ကို လှူဒါန်းခဲ့ပြီး  မြိတ်    ကက်သလစ်သာသနာ ကျောင်းထိုင်   ဘုန်းတော်ကြီးက ကျေးဇူးတင်စကား     ပြန်လည် ပြောကြားခဲ့သည်။
ခရိုင် (ပြန်/ဆက်)