လေဆိပ်ဝန်ထမ်းများသည် ပြည်တွင်း၊ ပြည်ပသို့ တရားမဝင် ဝင်၊ ထွက် သွားလာမှုများကို တားဆီးကာကွယ်ရမည့် နိုင်ငံ၏တံခါးမှူးများဖြစ်

နေပြည်တော်   ဒီဇင်ဘာ    ၂၄ 
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဦးမြင့်ကြိုင်သည် တာဝန်ရှိသူ များနှင့်အတူ    ယနေ့နံနက်ပိုင်းတွင်    ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌  လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။ (ယာပုံ)
ဦးစွာ    ပြည်ထောင်စုဝန်ကြီးသည်   ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ဝင်းအတွင်းရှိ Yangon  Aerodrome   Company   Ltd(YACL)    အစည်း အဝေးခန်းမ၌       လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ဒုတိယဌာနခွဲမှ  ဝန်ထမ်းများနှင့်တွေ့ဆုံရာ    ရန်ကုန် အပြည်ပြည်ဆိုင်ရာ    လေဆိပ်တာဝန်ခံ   ဒုတိယ ညွှန်ကြားရေးမှူး  ဦးအောင်ကိုလတ်က  တာဝန် ထမ်းဆောင်နေသည့် ဝန်ထမ်းအင်အား၊ နိုင်ငံတကာ လေကြောင်းလိုင်းများ    ဝင်ရောက်ထွက်ခွာမှုနှင့် ပြည်တွင်း၊ ပြည်ပခရီးသွားများ ဝင်ရောက်ထွက်ခွာမှု အခြေအနေ၊    ပြည်ပခရီးသွားများကို    လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ စစ်ဆေးဆောင်ရွက် နေမှုနှင့်    ဆက်စပ်ဌာနများနှင့်  ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်မှု အခြေအနေတို့ကို ရှင်းလင်းတင်ပြပြီး ညွှန်ကြားရေးမှူးချုပ်   ဦးရဲထွန်းဦးက   လိုအပ် သည်များကို ဖြည့်စွက်ရှင်းလင်း တင်ပြသည်။
ထို့နောက်  ပြည်ထောင်စုဝန်ကြီးက  မိမိတို့ ဝန်ကြီးဌာနမှ လေဆိပ်ဝန်ထမ်းများသည် နိုင်ငံသား များနှင့် နိုင်ငံခြားသားများ   ပြည်တွင်း၊  ပြည်ပသို့ တရားဝင်  ဝင်၊ ထွက်သွားလာမှု   အဆင်ပြေချောမွေ့ စေရေး ဆောင်ရွက်ရသကဲ့သို့ တရားမဝင် ဝင်ထွက် သွားလာမှုများကို တားဆီးကာကွယ်ရမည့် နိုင်ငံ၏ တံခါးမှူးများဖြစ်ကြောင်း၊   ယခုအခါ   မိမိနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု သိသိသာသာကျဆင်းလာ သည်နှင့်အမျှ   ပြည်တွင်း၊   ပြည်ပခရီးသွားများ  ဝင်ထွက်သွားလာမှု များပြားလာသည့်အပြင်  နိုင်ငံတကာလေကြောင်းလိုင်းများလည်း တိုးချဲ့ပျံသန်း နေပြီဖြစ်သည့်အတွက် ခရီးသည်များ  ဝင်၊ ထွက်သွား လာရာတွင်  လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများကို စနစ်တကျဖြင့် ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ရန်လိုအပ်ပါကြောင်း၊  လုပ်ငန်းများဆောင်ရွက် ရာတွင် အခြားသော ဆက်စပ်ဌာနများနှင့် ပေါင်းစပ် ကာ   လုံခြုံရေးဆိုင်ရာ   ဆောင်ရွက်ချက်များကို  အထူးဂရုပြု ဆောင်ရွက်ကြရန်လိုကြောင်း၊ ဝန်ထမ်း တိုင်း ဝန်ထမ်းကျင့်ဝတ်နှင့်အညီ နေထိုင်ကျင့်ကြံ၍ နိုင်ငံတော်အပေါ်၊  ဝန်ကြီးဌာနအပေါ် သစ္စာစောင့်သိ ကြရန်လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် ခရီးသွား ပြည်သူများအပေါ် ဆက်ဆံရေးပြေပြစ်ကောင်းမွန်စွာဖြင့် ဝန်ဆောင်မှုပေးရန်၊ လုပ်ငန်းများဆောင်ရွက် ရာတွင်လည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရန်နှင့်    ထူးခြားဖြစ်စဉ်များရှိပါက အချိန်နှင့်တစ်ပြေးညီ      တင်ပြဆောင်ရွက်ကြရန် လိုကြောင်း ရှင်းလင်းမှာကြားကာ လိုအပ်သည်များ ကို    ညှိနှိုင်းဆောင်ရွက်ပေးပြီး   လေဆိပ်ဝန်ထမ်း များအတွက်  စားသောက်ဖွယ်ရာများ  ထောက်ပံ့ ပေးအပ်သည်။
ထို့နောက်         ပြည်ထောင်စုဝန်ကြီးသည် Terminal-1 ရှိ  ပြည်ပထွက်ခွာနေရာ၌  ပြည်ပ နိုင်ငံအသီးသီးသို့ ထွက်ခွာကြမည့်  ခရီးသည်များကို လူဝင်မှုကြီးကြပ်ရေးကောင်တာများ၌  ဝန်ထမ်းများ က လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ စစ်ဆေး ဆောင်ရွက်နေမှုအခြေအနေ၊  ဌာန၏ Server ခန်း အတွင်း အချက်အလက်များ ထိန်းသိမ်းထားရှိမှုနှင့်  လုပ်ငန်းဆောင်ရွက်မှုများကို    လှည့်လည်ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များ မှာကြားညှိနှိုင်းဆောင် ရွက်ပေးသည်။
ဆက်လက်၍         ပြည်ထောင်စုဝန်ကြီးသည် ပြည်ပဆိုက်ရောက်နေရာ၌ နိုင်ငံတကာလေကြောင်း လိုင်းအသီးသီးဖြင့် ဝင်ရောက်လာကြသည့် ခရီးသွား များအား လူဝင်မှုကြီးကြပ်ရေး  ကောင်တာများ၌ ဝန်ထမ်းများက     လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများ စစ်ဆေးဆောင်ရွက်နေမှု၊ ဆိုက်ရောက် ဗီဇာ (Visa On Arrival) ကောင်တာအခြေအနေနှင့် ခရီးသည်များအား  ကိုဗစ်-၁၉  ရောဂါနှင့်ပတ်သက် သည့် ကျန်းမာရေးဆိုင်ရာ စစ်ဆေးဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများကို    လိုအပ်သည်များ     မှာကြားခဲ့ ကြောင်း သိရသည်။ 
သတင်းစဉ်