
နေပြည်တော် ဒီဇင်ဘာ ၂၄
(၇၅)နှစ်မြောက် စိန်ရတုတပ်မတော်(ရေ)နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂုဏ်ပြု စစ်ရေးပြအခမ်းအနားကို ယနေ့ နံနက် ပိုင်းတွင် သန်လျင်တပ်နယ်ရှိ ရေတပ် လေ့ကျင့်ရေးဌာနချုပ် စစ်ရေးပြကွင်း၌ ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် မိုးအောင် နှင့်ဇနီး ဒေါ်အေးခိုင်ညွန့်၊ အငြိမ်းစား ကာကွယ်ရေးဦးစီးချုပ်(ရေ)များနှင့် ဇနီး များ၊ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်နှင့်ဇနီး၊ ရေတပ် စခန်းဌာနချုပ်မှူးများနှင့်ဇနီးများ၊ သန်လျင် တပ်နယ်မှ အရာရှိကြီးများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။
စစ်ရေးပြတပ်ခွဲများအား စစ်ဆေး
ဦးစွာ စစ်ရေးပြအခမ်းအနားအား အစီအစဉ်အတိုင်း ကျင်းပရာ နိုင်ငံတော် အလံနှင့်ကျဆုံးလေပြီးသော တပ်မတော် သားများအား အလေးပြုခြင်း၊ သစ္စာ လေးချက်ရွတ်ဆိုခြင်းများ ဆောင်ရွက်၍ ကာကွယ်ရေးဦးစီးချုပ်(ရေ)က စစ်ရေး ပြတပ်ခွဲများအား စစ်ဆေးသည်။
ထို့နောက် ကာကွယ်ရေးဦးစီးချုပ် (ရေ)က (၇၅) နှစ်မြာက် စိန်ရတု တပ်မတော်(ရေ) နှစ်ပတ်လည်နေ့အထိမ်း အမှတ် မိန့်ခွန်းပြောကြားကာ(အပေါ်ပုံ) စစ်ရေးပြတပ်ခွဲများ၏ စစ်ကြောင်းပုံဖြင့် ချီတက်အလေးပြုခြင်းကို ခံယူပြီး စစ်ရေးပြ အခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။ ဆက်လက်ပြီး ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့် အရာရှိကြီးများသည် အငြိမ်းစား ကာကွယ်ရေးဦးစီးချုပ်(ရေ)များ၊ ၎င်းတို့ ၏ ဇနီးများနှင့်အတူ ရေတပ်လေ့ကျင့်ရေး ဌာနချုပ်ရှိ သမိုင်းဝင်စစ်ရေယာဉ် (မေယု)ရှေ့၌ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကြသည်။
တက်ရောက်
ထို့အတူ (၇၅) နှစ်မြောက် စိန်ရတု တပ်မတော်(ရေ)နှစ်ပတ်လည်နေ့အထိမ်း အမှတ် ပရိတ်တရားနာယူခြင်းနှင့် အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားအား သန်လျင်တပ်နယ် မဟာနာဝါနီကဇယမင်္ဂလာဗိမာန်တော်၌ကျင်းပရာ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ အကျိုးတော်ဆောင်ချုပ် ပထမ ကျော်၊ သ-စ-အ ဓမ္မာစရိယ၊ အဂ္ဂမဟာဂန္ထ ဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇ ဘဒ္ဒန္တ ဒေါက်တာ စန္ဒိမာဘိဝံသ (သန်လျင်မြို့)မင်းကျောင်း ပထမပြန် စာသင်တိုက် ပဓာနနာယက ဆရာတော် နှင့် သန်လျင်မြို့ မြို့ဦးစက်ပစ်ကွင်း ကျောင်း ပဓာနနာယက၊ ကျိုက်ခေါက် စေတီတော်ဂေါပကအဖွဲ့၏ သြဝါဒစရိယ ဆရာတော် ဘဒ္ဒန္တတေဇ အမှူးပြုသော သံဃာတော်အရှင်သူမြတ်များ ကြွရောက် ချီးမြှင့်တော်မူကြပြီး ကာကွယ်ရေးဦးစီး ချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး ဒေါ်အေးခိုင်ညွန့်၊ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်နှင့်ဇနီး၊ ရေတပ်စခန်း ဌာနချုပ်မှူးများနှင့်ဇနီးများ၊ သန်လျင်တပ်နယ်မှ အရာရှိကြီးများ တက်ရောက်ကြသည်။
အစီအစဉ်အရ ကာကွယ်ရေးဦးစီး ချုပ်(ရေ)နှင့်ဇနီး၊ အခမ်းအနားတက်ရောက် လာကြသူများသည် သန်လျင်မြို့ မြို့ဦး စက်ပစ်ကွင်းကျောင်း ပဓာနနာယက၊ ကျိုက်ခေါက်စေတီတော်ဂေါပကအဖွဲ့၏ သြဝါဒစရိယဆရာတော် ဘဒ္ဒန္တတေဇထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး နောက် သံဃာတော်အရှင်သူမြတ် များ ရွတ်ပွားချီးမြှင့်တော်မူကြသည့် မေတ္တသုတ် ပရိတ်တရားတော်များအား နာယူကြသည်။ ထို့နောက် သံဃာတော် များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။
ဆက်ကပ်လှူဒါန်း
ယင်းနောက် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ အကျိုးတော်ဆောင်ချုပ် ပထမကျော်၊ သ-စ-အ ဓမ္မာစရိယ၊ အဂ္ဂ မဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ ဒေါက်တာ စန္ဒိမာ ဘိဝံသ(သန်လျင်မြို့)မင်းကျောင်း ပထမ ပြန်စာသင်တိုက် ပဓာနနာယကဆရာ တော်ထံမှ အနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြကာ သံဃာတော်အရှင် သူမြတ်များအား အရုဏ်ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်