
နေပြည်တော် ဒီဇင်ဘာ ၂၃
နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် သည် အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ ယမန် နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး လှည်းကူးမြို့နယ်ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေး အထူးဇုန်(၃)အတွင်း ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်)၊ ဗဟိုလေ့ကျင့်ရေး ကျောင်းတို့မှ ကျောင်းသား ကျောင်းသူများ၊ သင်တန်းသား၊ သင်တန်းသူများ နှင့် ဝန်ထမ်းများ၊ ဝန်ထမ်း မိသားစုဝင်များ၏ စားသောက်ရေး နှင့် သက်သာချောင်ချိရေးကို အထောက်အကူ ဖြစ်စေရန် အတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကြက်၊ ဝက်၊ ငါးမွေးမြူရေးစခန်းကို ကြည့်ရှုစစ်ဆေးပြီး ပွင့်လင်းရာသီ တွင် ပြီးစီးအောင် ဆောင်ရွက် ရမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးသည်။
လေ့ကျင့်သင်ကြားနေမှုကြည့်ရှု
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ သည် ယနေ့နံနက်ပိုင်းတွင် ဒဂုံမြို့ သစ် (မြောက်ပိုင်း)ရှိ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှု အောက် ဗဟိုလေ့ကျင့်ရေးကျောင်း သို့ ရောက်ရှိပြီး နိပွန်ဖောင်ဒေးရှင်း နှင့် ပူးပေါင်းဖွင့်လှစ်ထားသည့် ငြိမ်းချမ်းရေး၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်ဆိုင်ရာ ခေါင်းဆောင်မှုသင်တန်း အမှတ် စဉ်(၅)တွင် တက်ရောက်နေကြ သည့် သင်တန်းသား၊ သင်တန်းသူ များ၏ လေ့ကျင့်သင်ကြားနေမှု၊ Japan Myanmar Association (JMA)နှင့် ပူးပေါင်းဖွင့်လှစ်ထား သည့် သက်ကြီးရွယ်အိုစောင့်ရှောက် ရေး သင်တန်းအမှတ်စဉ် (၁) တွင် တက်ရောက်နေကြသည့် သင်တန်း သူများ၏ လေ့ကျင့်သင်ကြားနေမှု များကို ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ကျောင်းဝင်း အတွင်းရှိ သင်တန်းခန်းမများ၊ စားရိပ်သာများ၊ အိပ်ဆောင်များ နှင့် ကျောင်းဝင်းအတွင်း စိုက်ပျိုး ထားရှိမှု၊ ဝန်ထမ်းအိမ်ရာ မြေလွတ် နေရာတွင် ဝန်ထမ်းသက်သာ ချောင်ချိရေးအတွက် ဆောင်ရွက် လျက်ရှိသည့် Green House များ၌ စိုက်ပျိုးထားရှိမှု၊ ငါးကန်များတွင် ငါးမွေးမြူထားရှိမှုနှင့် တည်ဆောက် ဆဲ သင်တန်းသား လေးထပ်အိပ် ဆောင် ဆောက်လုပ်နေမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ်ခရိုင် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးသို့ ရောက်ရှိပြီး ဂိုဒေါင်အတွင်း ယာဉ်/ယန္တရားများ စနစ်တကျ ထိန်းသိမ်းထားရှိမှု နှင့် ဝန်ထမ်းသက်သာချောင်ချိရေး အတွက် ဆောင်ရွက်ထားရှိသည့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ကို ကြည့်ရှုစစ်ဆေးကာ လိုအပ် သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
တက်ကြွစွာ ပါဝင်ထမ်းဆောင်ရေး
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန် တိုင်းဒေသကြီး ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်ရှိ ပြည်ထောင်စု တိုင်းရင်းသား လူငယ်များစွမ်းရည် ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်)သို့ ရောက်ရှိပြီး ဘွဲ့နှင်း သဘင်ခန်းမ၌ ကျောင်းအုပ် ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများကို တွေ့ဆုံ၍ လက်ရှိဖြစ်ပေါ်နေသော အခြေအနေတို့ကို မှန်ကန်စွာ သိရှိပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေး လုပ်ငန်းစဉ်များတွင် ပြည်ထောင်စု စိတ်ဓာတ်ဖြင့် တက်ကြွစွာ ပါဝင်ထမ်းဆောင်ရေး၊ ပါတီနိုင်ငံရေး ကင်းရှင်းစွာဖြင့် နိုင်ငံ့ဝန်ထမ်းကောင်းများပီသစွာ ကျရာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရေး၊ ကျောင်းသား ကျောင်းသူများကို စာပေပညာ အပြင် စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ပြီး ယုံကြည်ချက်၊ ခံယူ ချက်၊ အတွေးအခေါ်နှင့် ဆင်ခြင် တုံတရား မြင့်မားစေရေးအတွက် သင်ကြားလေ့ကျင့်ပေးရေး၊ အား ကစားကဏ္ဍအပါအဝင် ဘက်စုံ ထူးချွန်ထက်မြက်ပြီး အနာဂတ် တွင် နိုင်ငံတော်မှ အားထားရသည့် နိုင်ငံ့သားကောင်း၊ သမီးကောင်း များဖြစ်လာစေရေး အလေးထား ကြိုးစား ဆောင်ရွက်သွားကြရန် မှာကြားပြီး ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ကျောင်း သား ကျောင်းသူများနှင့်အတူ နေ့လယ်စာကို လက်ရည်တစ်ပြင် တည်း အတူတကွ သုံးဆောင်ပြီး ကျောင်းဝင်းအတွင်းရှိ လေးထပ် အင်ဂျင်နီယာအလုပ်ရုံ တည် ဆောက်နေမှုနှင့် အားကစားကွင်း အဆင့်မြှင့်တင်နေမှုကို ကြည့်ရှု စစ်ဆေးကာ လုပ်ငန်းများ သတ်မှတ် စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက် သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်