
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နိုင်ငံကျော်အဆိုတော် မြန်မာပြည်သိန်းတန်၏
ကြယ်ကလေးများ၏ အနာဂတ် တစ်ကိုယ်တော်သီဆိုဖျော်ဖြေပွဲသို့ တက်ရောက်ကြည့်ရှုအားပေး
နေပြည်တော် ဒီဇင်ဘာ ၂၃
၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နိုင်ငံကျော်အဆိုတော် မြန်မာပြည်သိန်းတန်၏ ကြယ်ကလေးများ၏ အနာဂတ် တစ်ကိုယ်တော်သီဆိုဖျော်ဖြေပွဲကို ယနေ့ ညပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် သဘင်ဆောင်အတွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ကြည့်ရှု အားပေးသည်။
အဆိုပါသီဆိုဖျော်ဖြေပွဲသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၏ ဇနီး ဒေါ်သန်းသန်းနွယ်၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ ဝင်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မှ တပ်မတော်အရာရှိကြီးများ နှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာန ချုပ် တိုင်းမှူး၊ ရုံး/ဌာန အသီးသီးမှ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။
ဦးစွာ မြန်မာပြည်သိန်းတန် နှင့် အဖွဲ့ က ရတနာပုံ၊ အောင်စေ-တည်စေ- ညီစေ၊ ယောသူတို့ရွာ၊ မဗေဒါ၊ စနေထောင့် မှာပန်းလှူမယ်၊ မြစ်ဆုံသို့လွမ်းစိတ်မပြေ၊ ရွှေသုန္ဒရီ၊ သောကတောင်တန်း၊ ချစ်သူ ချင်းမို့သိနားလည်၊ ကောင်းသောည စသည့်တေးသီချင်းများဖြင့် သီဆို၍ တေးသရုပ်ဖော်များဖြင့် ဖျော်ဖြေ တင်ဆက်ကြရာ တက်ရောက်လာကြ သူများက ပျော်ရွှင်ကြည်နူးစွာ ကြည့်ရှု အားပေးကြသည်။
သီဆိုဖျော်ဖြေပွဲအပြီးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် ဇနီးတို့က မြန်မာပြည်သိန်းတန်နှင့် အဖွဲ့ အား ဂုဏ်ပြုပန်းခြင်းနှင့် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက လှူဒါန်းသည့် အလှူငွေကျပ် သိန်း ၃၀၀ ကိုပေးအပ်ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက် ခဲ့ကြသည်။
ယခု သီဆိုဖျော်ဖြေတင်ဆက်မှုသည် မြန်မာနိုင်ငံအနှံ့အပြားရှိ မိဘမဲ့ကလေး များ (ရင်ခွင်မဲ့ကလေးများ) အား ထောက်ပံ့ကူညီ ဆောင်ရွက်နိုင်ရေး အတွက် တေးသံရှင် မြန်မာပြည်သိန်းတန် နှင့် အဖွဲ့က သီဆိုဖျော်ဖြေတင်ဆက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်