
ရန်ကုန် ဒီဇင်ဘာ ၂၂
လူဦးရေစာရင်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှု ကော်မတီ (ရန်ကုန်တိုင်းဒေသ ကြီး) နည်းပြသင်တန်းဖွင့်ပွဲအား ဒီဇင်ဘာ ၂၀ ရက် နံနက်ပိုင်းက မင်္ဂလာဒုံမြို့နယ် အုပ်ချုပ်ရေး ပညာ ဖွံ့ဖြိုးမှုသင်တန်းကျောင်း တွင် ကျင်းပသည်။ (ယာပုံ)
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး (working Group) မြေပြင် ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း က အမှာစကားပြောကြားရာ လူပုဂ္ဂိုလ် တစ်ဦးချင်းစီ၏ ကိုယ်ရေး အချက်အလက်များ မှန်ကန်စေရေးအတွက် မြေပြင် ကွင်းဆင်း စာရင်းကောက်ယူ ခြင်း လုပ်ငန်းစဉ်သည် အဓိကကျ သည့် လုပ်ငန်းစဉ်ဖြစ်၍ မြေပြင်တွင် မှန်မှန်ကန်ကန် စနစ်တကျ ကောက်ယူနိုင်ရေးနှင့် မိမိတို့ မြို့နယ်များတွင် ဆင့်ပွား သင်တန်းများ ပြန်လည်ပို့ချရမည် ဖြစ်၍ ယခုလို တိုင်းဒေသကြီး အဆင့် နည်းပြသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သို့ဖြစ်၍ သင်တန်းတက်ရောက်လာသူများ သည် သင်ခန်းစာများကို စိတ်ပါ ဝင်စားစွာဖြင့် သင်ကြားမှုခံယူပြီး နိုင်ငံတော်အတွက် အရေးကြီး သော လုပ်ငန်းစဉ်ကြီး ပြီးမြောက် အောင်မြင်စေရန် ပံ့ပိုးကူညီ ဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားသည်။
မြေပြင် ကွင်းဆင်းစာရင်း ကောက်ယူရာတွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရွေးကောက် ပွဲကော်မရှင်၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ စေတနာ့ဝန်ထမ်း အဖွဲ့ အစည်းများ၊ လူမှုရေးအသင်း အဖွဲ့များစုဖွဲ့၍ မြေပြင်တစ်အိမ် တက်ဆင်း စာရင်းကောက်ယူခြင်း ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၉ ရက်မှ ၃၁ ရက်အထိ လည်းကောင်း၊ e-ID Software တွင် ထည့်သွင်း ခြင်းကို စတင်စာရင်းကောက်ယူ သည့် ဇန်နဝါရီ ၉ ရက်မှ ဖေဖော်ဝါရီ ၁၀ ရက်အထိ လည်းကောင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရ သည်။
သင်တန်းသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကော်မတီဝင်များ၊ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများ၊ တိုင်း ဒေသကြီး ကြက်ခြေနီကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများ၊ မြေပြင် ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ (ခရိုင် အဆင့်)ဥက္ကဋ္ဌနှင့် ကော်မတီဝင် များ၊ ခရိုင်၊ မြို့နယ်အသီးသီးမှ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)