“တတိယအကြိမ်မြောက် ပရိဘောဂဒီဇိုင်းပြိုင်ပွဲအစီအစဉ်”

 

နေပြည်တော်  ဒီဇင်ဘာ  ၂၂
ဂျပန်နိုင်ငံ ဟိုကိုင်းဒိုးပြည်နယ်ရှိ ဓာတ်ပုံမြို့တော်ဖြစ်သော ဟီရရှီ ခါဝါမြို့နှင့်   ဗိသုကာပညာရှင် Mr.Kuma Kengo တို့က  ဦးစီး၍ “Furniture Fits in the Open Air”   ခေါင်းစဉ်ဖြင့်  “တတိယ အကြိမ်မြောက်  ပရိဘောဂဒီဇိုင်း ပြိုင်ပွဲ”   ကျင်းပပြုလုပ်မည်ဖြစ် သဖြင့်  အဆိုပါ    ပြိုင်ပွဲတွင် ပရိဘောဂပြိုင်ပွဲသို့      မည်သည့် နိုင်ငံသားမဆို        သက်ဆိုင်ရာ ကျောင်း ( သို့မဟုတ်) တက္ကသိုလ် တက်ရောက်နေသည့်  အသက် (၃၀)နှစ်အောက်  ကျောင်းသား ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်နိုင် ပြီး တစ်ဦးချင်း (သို့မဟုတ်) အဖွဲ့ လိုက်    ဝင်ရောက်ယှဉ်ပြိုင်နိုင် ကြောင်း သိရသည်။ 
ပြိုင်ပွဲတွင်        ပေးအပ်မည့် ဆုများအနေဖြင့် Kuma Kengo ဆု တစ်ဆု၊ ထူးချွန်ဆု သုံးဆုနှင့် နှစ်သိမ့်ဆု ခြောက်ဆုတို့ဖြစ်သည်။   
ပြိုင်ပွဲသို့  ဝင်ရောက်ယှဉ်ပြိုင် လိုသူများအနေဖြင့် အခမဲ့စာရင်း ပေးသွင်းနိုင်မည်ဖြစ်ပြီး လျှောက် လွှာတင်သွားရာ၌  ဒီဇိုင်းခေါင်းစဉ်၊  ဒီဇိုင်း၏  ဦးစားပေးအကြောင်း အရာ၊      ရှင်းလင်းဖော်ပြချက်၊ ပုံကြမ်း၊    ပုံချော၊    CG ပုံစံ (သို့မဟုတ်)ဓာတ်ပုံ အစရှိသည် များကို A3  ဆိုဒ်၊   စာရွက်တစ် မျက်နှာတွင် အလျားလိုက် ရေးဆွဲ ကာ pdf ဖိုင်ဖြင့်  ပေးပို့ရမည် ဖြစ်သည်။  ဒီဇိုင်း၏  ရှင်းလင်း ဖော်ပြချက်အား အင်္ဂလိပ်ဘာသာ (သို့မဟုတ်)ဂျပန်ဘာသာဖြင့် ပေး ပို့ရမည်ဖြစ်သည်။  ပြိုင်ပွဲဝင်များ အနက် ဆန်ခါတင်အဆင့် ပြိုင်ပွဲ တွင်  ၁၀ ဦးအား   ရွေးချယ်၍ ဆုပေးပွဲအခမ်းအနားသို့ တက် ရောက်ခွင့်ရရှိမည်ဖြစ်ပြီး ၎င်းတို့ အတွက် လေယာဉ်စရိတ်၊ အသွား/အပြန်နှင့်   တည်းခိုစရိတ်များကို ပြိုင်ပွဲဖြစ်မြောက်ရေး ကော်မတီမှ ကျခံ   ပေးသွားမည်ဖြစ်သည်။ ဆုပေးပွဲအခမ်းအနားသို့   အဖွဲ့ လိုက်         ပြိုင်ပွဲဝင်များအတွက် ကိုယ်စားပြု    ပြိုင်ပွဲဝင်တစ်ဦး ကိုသာ  ဖိတ်ကြားသွားမည်ဖြစ် သည်။
အဆိုပါ   ပြိုင်ပွဲသို့      ပါဝင် ယှဉ်ပြိုင်လိုသူများ    အနေဖြင့် Website https://www.kagu.higa shikawa.jp တွင် ၂၀၂၃ခုနှစ် ဖေဖော်ဝါရီ ၂၈ရက် နောက်ဆုံး ထား၍ ကြိုတင်စာရင်းပေးသွားရ မည်ဖြစ်ပြီး        ပရိဘောဂဒီဇိုင်း လျှောက်လွှာများအား ၂၀၂၃ခုနှစ် မတ် ၃၁ ရက်တွင် နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်သည်။
အသေးစိတ်       သိလိုသည့် အချက်အလက်များကို  KAGU Design Competition Executive Committee   Office,   Mail: official @kagu- higashikawa.jp သို့   ဆက်သွယ်မေးမြန်းနိုင် ကြောင်း သိရသည်။      သတင်းစဉ်