မြောက်ဦးမြို့ အထင်ကရရှေးဟောင်းဘုရား၊ ပုထိုးစေတီများ၌ ဘုရားဖူးသူများနှင့်စည်ကားလျက်ရှိ

 

မြောက်ဦး  ဒီဇင်ဘာ  ၂၂
ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ အထင်ကရရှေးဟောင်း သမိုင်းဝင်ဘုရား၊  ပုထိုးစေတီများတွင်   ဒီဇင်ဘာ အားလပ်ရက်၌   အနယ်နယ်အရပ်ရပ်မှ   ဘုရားဖူး လာရောက်ကြသော ရဟန်းရှင်လူပြည်သူများအနေ ဖြင့် ယနေ့  နံနက်ပိုင်းမှစ၍   စည်ကားလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဘုရားဖူးလာရောက်ကြသော အနယ်နယ် အရပ်ရပ်မှ    ပြည်သူများအနေဖြင့်   အထင်ကရ ရှေးဟောင်းဘုရား၊ ပုထိုးစေတီများဖြစ်သော သျှစ် သောင်းပုထိုးတော်ကြီး၊ ထုက္ကန်သိမ်ပုထိုးကြီးအတွင်း ရှိ     ဝတ်စားဆင်ယင်မှုနှင့်   ဆံထုံးတော်ထုံးဖွဲ့ပုံ အဆင့်ဆင့် ကျောက်ဆစ်လက်ရာများ သွားရောက် လေ့လာကြည့်ရှုခြင်း၊  ကိုးသောင်းပုထိုးတော်ကြီး၊ မာရ်ငါးပါးဖြစ်သော ရတနာ့မာရ်အောင်၊ သက္ကျမာရ်၊ ဇိနမာရ်အောင်၊ လောကမာရ်အောင်နှင့် မင်္ဂလာ့မာရ် အောင်ဘုရားစေတီများသို့   အငှားမော်တော်ယာဉ် များဖြင့်    သွားရောက်ဖူးမြော်ကြပြီး    ဘုရားဖူး လာရောက်ကြသူများက ပန်း၊ ရေချမ်း အမွှေးနံ့သာ များ  ပူဇော်ကြသည်။   
ဆက်လက်၍ ရှေးဟောင်းသမိုင်းဝင်နေရာများ ဖြစ်သည့်     လက်ဆည်ကန်၊    ဘုရားပေါ်ဘုရား၊ နန်းတော်ရာကုန်းနှင့် ရှေးဟောင်း သုတေသနပြတိုက် စသောနေရာများသို့   သွားရောက်ပြီး   အလှဓာတ်ပုံ များ  ရိုက်ကူးခြင်း၊   အမှတ်တရလက်ဆောင်များ ဝယ်ယူကြသူများဖြင့်      စည်ကားလျက်ရှိကြောင်း သိရသည်။
မြင့်စိုး၊ စိုးငြိမ်းနိုင်(ပြန်/ဆက်)