
နေပြည်တော် ဒီဇင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး ကရင်အမျိုးသားနှစ်သစ်ကူး နေ့ကို ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း ပင်လုံခန်းမ၌ ကျင်းပရာ အနောက်တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ခင်ဇော်နှင့် တာဝန်ရှိသူများ၊ ကရင်တိုင်းရင်းသား/တိုင်းရင်းသူ များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီး စောလင်းခယ်က ကရင်ရိုးရာဖားစည် ကိုးချက် တီး၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ဒုတိယတိုင်းမှူးက နှုတ်ခွန်းဆက်အမှာစကား ပြောကြားသည်။ ထို့နောက် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးက ပေးပို့သည့် ကရင်အမျိုးသား နှစ်သစ်ကူးသဝဏ်လွှာကို တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးက ဖတ်ကြားပြီး ဗုဒ္ဓဘာသာဘုန်းတော်ကြီး တစ်ပါးနှင့် ခရစ်ယာန်ဘုန်းတော်ကြီး တစ်ပါးတို့က နှုတ်ခွန်း ဆက် အမှာစကားများ ပြောကြားကြရာ တိုင်းဒေသ ကြီး ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ တာဝန် ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား သည်။
ယင်းနောက် ဒုတိယတိုင်းမှူးနှင့် တက်ရောက် လာကြသူများက ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ်ပြခန်းများအား လိုက်လံကြည့်ရှုခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်