အင်ဒိုနီးရှားအစိုးရသည် အစိုးရအရန်ဆန်အတွက် ဆန်တန်ချိန် နှစ်သိန်းကျော် ပြည်ပမှ တင်သွင်းရန်ဆုံးဖြတ်

 

အင်ဒိုနီးရှားအစိုးရသည်    လောလောဆယ်တွင်   အစိုးရအရန်   ဆန် သိုလှောင်မှု နည်းပါးနေသည့်အတွက် ဆန်တန်ချိန် နှစ်သိန်းကျော်ပြည်ပ မှ တင်သွင်းရန် အရေးပေါ်ဆုံးဖြတ်ချက်တစ်ခုအနေဖြင့် ဆုံးဖြတ်လိုက် ကြောင်းကို အမျိုးသားအစားအသောက်အဖွဲ့အကြီးအကဲမှ ပြောကြား ကြောင်း သိရသည်။ ယင်းတင်သွင်းမည့် ဆန်သည်အစိုးရ၏ အမျိုးမျိုး သော လုပ်ငန်းဆောင်တာများ (ဥပမာ - သဘာဝဘေးအန္တရာယ် စီမံ ခန့်ခွဲမှုဆိုင်ရာလုပ်ငန်းများအတွက်  လည်းကောင်း၊ လိုအပ်ပါက ဆန် စျေးနှုန်းထိန်းချုပ်မှုကိစ္စများတွင် လည်းကောင်း) အတွက် အသုံးပြုမည် ဖြစ်ကြောင်းကို ဒီဇင်ဘာ ၆ ရက်တွင် ကျင်းပသည့် အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်တွင်ရေးသားထားသည်။ မည်သည့်နိုင်ငံမှ ဆန်ကိုတင်သွင်း မည်ဆိုသည့် အကြောင်းကိုမူ ထည့်သွင်းဖော်ပြသွားခြင်းမရှိကြောင်း သိရှိရသည်။                                        ရင်းမြစ်-Republika. Jarkata