လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး (၁/၂၀၂၂) ကျင်းပ

 

လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများသည် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန် အဓိကကျသော လူသားအရင်းအနှီးဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့်လုပ်ငန်းတစ်ခုဖြစ်

 

နေပြည်တော်   ဒီဇင်ဘာ   ၂၁


လူမှုကာကွယ်   စောင့်ရှောက်ရေး ဆိုင်ရာ      အမျိုးသားကော်မတီ အစည်းအဝေး   (၁/၂၀၂၂)    ကို ယနေ့    မွန်းလွဲ    ၁    နာရီခွဲတွင် နေပြည်တော်ရှိ     လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန   အစည်း အဝေးခန်းမ၌ကျင်းပရာ   လူမှု ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ      ဥက္ကဋ္ဌ   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး          စိုးဝင်း တက်ရောက်အမှာစကား   ပြော ကြားသည်။

 


အစည်းအဝေးသို့  ကော်မတီဝင် ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊    အခွန်အယူခံခုံ အဖွဲ့ဥက္ကဋ္ဌ၊    ဒုတိယစာရင်းစစ်ချုပ်၊    အမြဲတမ်း အတွင်းဝန်၊   ညွှန်ကြားရေးမှူးချုပ်များနှင့်  တာဝန် ရှိသူများ တက်ရောက်ကြသည်။

 


အမှာစကားပြောကြား


ဦးစွာ    လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ   နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ    ဒုတိယဥက္ကဋ္ဌ    ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက     အမှာစကား ပြောကြားရာတွင် ယနေ့ကျင်းပသည့်  အစည်းအဝေး သည်      လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏    ဆဋ္ဌမအကြိမ်မြောက် အစည်းအဝေးဖြစ်ကြောင်း၊       လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများသည်  ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့်      နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန် အဓိကကျသော   လူသားအရင်းအနှီးဖွံ့ဖြိုးတိုးတက် ရေးအတွက်   အရေးပါသည့်    လုပ်ငန်းတစ်ခုဖြစ် ကြောင်း၊ မြန်မာနိုင်ငံ၏  လူမှုကာကွယ်စောင့်ရှောက် ရေး    အမျိုးသားအဆင့်   မဟာဗျူဟာစီမံချက်ပါ လုပ်ငန်းအစီအစဉ်များနှင့်    တိုးချဲ့ဆောင်ရွက်ရန် ရှိသော    လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း များကို    ပိုမိုထိရောက်စွာ   အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက်        “လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ ”  ကို ဖွဲ့စည်းခဲ့ပြီး     လုပ်ငန်းတာဝန်များကို  ထိရောက်စွာ အကောင်အထည်ဖော်    ဆောင်ရွက်နိုင်ရန်အတွက် “လုပ်ငန်းကော်မတီ”   ကိုလည်း   ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း။

 


တိုးတက်မှုများရှိ


၂၀၁၄     ခုနှစ်က    အတည်ပြုထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံ၏  လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ မဟာဗျူဟာစီမံချက်အပေါ်   အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုကို    ပြန်လည်သုံးသပ်ကြည့်ပါက တိုးတက်မှုများရှိသည်ကို       တွေ့ရှိရမည်ဖြစ်ပြီး   ပိုမိုကောင်းမွန်အောင်    ဆောင်ရွက်ရန်လိုအပ်နေသည့် အကြောင်းအရာများကိုလည်း       တွေ့ရမည်ဖြစ် ကြောင်း၊ ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားခဲ့သည့် ကာလအတွင်းနှင့်  နှောင်းပိုင်းများတွင် လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများ၏     အရေးပါမှုကို ပိုမိုသတိထားမိလာကြကြောင်း။

 


လူမှုကာကွယ်   စောင့်ရှောက်ရေးလုပ်ငန်းများ သည်   သာမန်အားဖြင့်ကြည့်ပါက   ငွေကြေးအကုန် အကျများသည်ဟု    ထင်ရသော်လည်း     နိုင်ငံသူ၊ နိုင်ငံသားများ၏       “လူမှုစီးပွားထိခိုက်လွယ်မှု အခြေအနေများကို လျှော့ချပေးနိုင်ရန်” ၊ “လူသား အရင်းအနှီး   ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ဖြစ်စေရန်”  နှင့်  “အခြေခံဝင်ငွေ အထောက်အပံ့ ဖြစ်စေရန်”    အတွက်      မဖြစ်မနေဆောင်ရွက်ရ မည့်     လုပ်ငန်းများဖြစ်ကြောင်း၊    လူမှုကာကွယ် စောင့်ရှောက်ရေးကဏ္ဍ ဆောင်ရွက်ရာတွင် အောင်မြင် မှုများနှင့်  တိုးတက်ဖြစ်ထွန်းမှုများသာမက အခက် အခဲနှင့် စိန်ခေါ်မှုများစွာရှိနေသည်ကိုလည်း နားလည် သဘောပေါက်ထားရမည်ဖြစ်ကြောင်း၊ လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ  ငွေကြေးအထောက်အပံ့ပေး ရေးအစီအစဉ်များ ရေရှည်တည်တံ့ရေး ဥပဒေပိုင်း ဆိုင်ရာ  ကျောထောက်နောက်ခံ ပြုထားနိုင်ရန်လည်း အရေးကြီးသည့်အတွက်   “မြန်မာလူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ    အထောက်အပံ့    ဥပဒေ (မူကြမ်း)”  ကို   အပြီးသတ်ရေးဆွဲပြီး အတည်ပြု ပြဋ္ဌာန်းနိုင်ရေး     အမြန်ဆုံးဆောင်ရွက်သွားကြရန် လိုကြောင်း။ 

 


စတင်စမ်းသပ်သုံးစွဲတော့မည်


လူမှုကာကွယ်စောင့်ရှောက်ရေး    လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင်      ပိုမိုထိရောက်စွာ အကောင်အထည်ဖော်     ဆောင်ရွက်နိုင်ရန်အတွက် “လူမှုရေးဆိုင်ရာ  စီမံခန့်ခွဲမှု သတင်းအချက်အလက် စနစ် (Social Management Information System- SMIS)”ကို    ရေးဆွဲလျက်ရှိကြောင်းနှင့်    လာမည့် နှစ်ဆန်းပိုင်းတွင်   စတင်စမ်းသပ်သုံးစွဲတော့မည်ဟု သိရှိရကြောင်း၊   ထိုသို့ဆောင်ရွက်နိုင်မှုသည်   လူမှု ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ     အကောင် အထည်ဖော်ရန်အတွက်    အရေးပါသည့်   တိုးတက် ဖြစ်ထွန်းမှုတစ်ခုလည်း ဖြစ်ကြောင်း၊     “လူမှုရေး ဆိုင်ရာစီမံခန့်ခွဲမှု    သတင်းအချက်အလက်စနစ်” တည်ဆောက်ပြီးသည့်အခါတွင်     အဆိုပါစနစ်ကို ထိရောက်စွာ   အသုံးပြုနိုင်ရန်နှင့်   ရေရှည်တည်တံ့ နိုင်ရန်အတွက်  သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်း ပူးပေါင်းကာ   ဆက်လက်ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊   ထို့အပြင်   ၂၀၂၂  ခုနှစ် အောက်တိုဘာ (၂၈) ရက်တွင် စင်္ကာပူနိုင်ငံ၊ အာရှနှင့် သမုဒ္ဒရာဒေသရှိ သတင်းအချက်အလက်    နည်းပညာဆိုင်ရာအသင်း ချုပ် (Asian-Oceanian Computing Industry Organization -ASOCIO)  မှ  ကြီးမှူး ကျင်းပခဲ့သည့်  Digital Summit 2022    ပြိုင်ပွဲတွင်   လူမှုရေး သတင်းအချက်အလက်   စီမံခန့်ခွဲမှုစနစ်၏ ကဏ္ဍ တစ်ခုဖြစ်သော  လူမှုဖြစ်ရပ်စီမံခန့်ခွဲမှုသတင်းစနစ် (Case Management Information System-CMIS) ဖြင့်  Digital Government Award 2022  ဆုရရှိခဲ့ကြောင်း     သိရသဖြင့်  ဝမ်းသာဂုဏ်ယူပါကြောင်း။

 


လူမှုကာကွယ်စောင့်ရှောက်ရေး    လုပ်ငန်းများ သည်   နိုင်ငံတော်၏   အဓိကမဟာဗျူဟာမြောက် အစီအစဉ်ဖြစ်သည့် “ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan - MSDP)” တွင်   ပါဝင်သည့်   အဓိကလုပ်ငန်းတစ်ခု ဖြစ်ကြောင်း။

 


ထို့အပြင်   စဉ်ဆက်မပြတ်    ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ         (Sustainable Development Goals)ကို  မြန်မာနိုင်ငံအနေဖြင့် အကောင်အထည်ဖော်       ဆောင်ရွက်ရာတွင်လည်း “မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီ သော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း”   ဖြင့်   အကောင် အထည်ဖော် ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း။ 

 


ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်


လူမှုကာကွယ်စောင့်ရှောက်ရေး   လုပ်ငန်းများ အောင်အောင်မြင်မြင်    ဆောင်ရွက်နိုင်ရေးအတွက် အရေးကြီးသော     လုပ်ငန်းနယ်ပယ်များဖြစ်သည့် အာဟာရပြည့်ဝရေးကိစ္စများ၊  ပညာရည်မြင့်မားရေး ကိစ္စများ၊ (၅)နှစ်အောက်  ကလေးသေဆုံးမှု လျှော့ချ ရေးကိစ္စများ၊ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်ရေးကိစ္စရပ်များအတွက်      ရေးဆွဲပြဋ္ဌာန်းထား သော မူဝါဒများ၊ မဟာဗျူဟာစီမံချက်များ၊ လမ်းညွှန် ချက်များနှင့်အညီ        နိုင်ငံတော်အဆင့်အနေဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် အရေးကြီးကြောင်း၊ ယင်းသို့သက်ဆိုင်ရာ   ကဏ္ဍအလိုက်   ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်မှသာလျှင် နိုင်ငံ၏ လူသားအရင်းအနှီး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း။

 


လူမှုကာကွယ်စောင့်ရှောက်ရေး အစီအစဉ်များ အား     အကောင်အထည်ဖော်   ဆောင်ရွက်နေမှု အခြေအနေများကို     စောင့်ကြည့်ကြီးကြပ်ခြင်း (Monitoring)   နှင့်      အကဲဖြတ်သုံးသပ်ခြင်း (Evaluation)  များ    ဆောင်ရွက်ရန် အလွန်အရေးကြီး ကြောင်း၊   ထို့ကြောင့်     အကောင်အထည်ဖော် ဆောင်ရွက်နေသည့်     သက်ဆိုင်ရာဝန်ကြီးဌာနများ အလိုက်သာမက နေပြည်တော်ကောင်စီ၊ တိုင်းဒေသ ကြီး/ ပြည်နယ် အစိုးရအဖွဲ့များနှင့်လည်း   မိမိတို့၏ ကဏ္ဍအလိုက်  ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ် ကြောင်း။

 


ဝိုင်းဝန်းဆွေးနွေး


လူမှုကာကွယ်စောင့်ရှောက်ရေး    လုပ်ငန်းများ သည်  အစိုးရတစ်ရပ်အနေဖြင့်    မဖြစ်မနေဆောင် ရွက်ပေးရမည့်     လုပ်ငန်းများဖြစ်သကဲ့သို့  ပြည်သူ လူထုကို အမှန်တကယ်အကျိုးပြုသည့် လုပ်ငန်းများ ဖြစ်သည့်အတွက် တက်ရောက်လာကြသူများအနေ ဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည် ဖော် ဆောင်ရွက်နေမှုအခြေအနေများ၊ ဆက်လက် ဆောင်ရွက်သွားမည့်  အစီအမံများနှင့် လိုအပ်သည့် အကြံပြုချက်များကို     ဝိုင်းဝန်းဆွေးနွေးပေးကြစေ လိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ   ဒုတိယဥက္ကဋ္ဌ  ပြည်ထောင်စု ဝန်ကြီး   ဒေါက်တာသက်သက်ခိုင်က    ဆောင်ရွက် လျက်ရှိသော လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။

 

 
ယင်းနောက် ကော်မတီအတွင်းရေးမှူး ညွှန်ကြား ရေးမှူးချုပ်  ဒေါ်စန်းစန်းအေး က ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ်  ဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လူမှုကာကွယ်စောင့် ရှောက်ရေးဆိုင်ရာလုပ်ငန်းများကို   ရှင်းလင်းတင်ပြ သည်။

 


အတည်ပြုချက်ရယူ


ဆက်လက်၍ ကော်မတီဝင်  ပြည်ထောင်စုဝန်ကြီး ဖြစ်ကြသည့်    ဒေါက်တာပွင့်ဆန်းနှင့်   ဒေါက်တာ သက်ခိုင်ဝင်း၊  ဒုတိယဝန်ကြီးများ၊ အခွန်အယူခံခုံအဖွဲ့ ဥက္ကဋ္ဌ၊   ဒုတိယစာရင်းစစ်ချုပ်နှင့်  တာဝန်ရှိသူများက  လူမှုကာကွယ်စောင့်ရှောက်ရေး    လုပ်ငန်းများနှင့် စပ်လျဉ်းသည့်      လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို သက်ဆိုင်ရာကဏ္ဍများအလိုက်  ရှင်းလင်းတင်ပြကြ ပြီး     အစည်းအဝေးဆုံးဖြတ်ချက်  မူကြမ်းများကို ဖတ်ကြားတင်ပြ အတည်ပြုချက်ရယူသည်။

 


ထို့နောက် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဒုတိယဥက္ကဋ္ဌ       ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက    ဆွေးနွေးတင်ပြ ချက်များအပေါ်   ပေါင်းစပ်ညှိနှိုင်းပေးပြီး    နိဂုံးချုပ် အမှာစကားပြောကြားကာ       အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။                            

သတင်းစဉ်