အာဆီယံခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များအတွက် ကျွမ်းကျင်မှုစံနှုန်းများ ဆိုင်ရာ တတိယအကြိမ် ဒေသတွင်းအလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

 

 

နေပြည်တော်   ဒီဇင်ဘာ  ၂၀      
အာဆီယံ        ခရီးသွားလုပ်ငန်း ကျွမ်းကျင်  ပညာရှင်များအတွက် ကျွမ်းကျင်မှု     စံနှုန်းများဆိုင်ရာ တတိယအကြိမ်          ဒေသတွင်း အလုပ်ရုံဆွေးနွေးပွဲကို    ယနေ့ နံနက်ပိုင်းတွင်     မြန်မာနိုင်ငံက ဦးဆောင်ပြီး အိမ်ရှင်နိုင်ငံအဖြစ် လက်ခံ၍     Hybrid   စနစ်ဖြင့် ကျင်းပသည်။
အသိအမှတ်ပြုရေး
အလုပ်ရုံ     ဆွေးနွေးပွဲတွင် ဟိုတယ်နှင့်            ခရီးသွားလာရေး ဝန်ကြီးဌာန         ပြည်ထောင်စု ဝန်ကြီး  ဒေါက်တာဌေးအောင်က အာဆီယံ         ခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များ အပြန် အလှန်အသိအမှတ်ပြုရေး    အစီ အစဉ်ကို       ခရီးသွားလုပ်ငန်း ကျွမ်းကျင်  ပညာရှင်များအတွက် ရွှေ့ပြောင်းသွားလာလုပ်ကိုင်ရာတွင်  လွယ်ကူချောမွေ့မှုရှိစေရေး၊ အပြန်အလှန်    အသိအမှတ်ပြု ရေးနှင့် စီမံခန့်ခွဲနိုင်ရေးတို့အတွက် ဆောင်ရွက်လျက်      ရှိကြောင်း၊ မြန်မာနိုင်ငံက အာဆီယံခရီးသွား လုပ်ငန်း  ကျွမ်းကျင်ပညာရှင်များ ကြီးကြပ်မှုကော်မတီ၏    ဥက္ကဋ္ဌ အဖြစ်    ဆောင်ရွက်စဉ်   ကာလ အတွင်း         ခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များ    အပြန် အလှန်   အသိအမှတ်ပြုရေးဆိုင်ရာ လုပ်ငန်းစီမံချက်  (၂၀၁၉-၂၀၂၃)ကို ၂၀၁၉ ခုနှစ်တွင်  ထုတ်ပြန်နိုင် ခဲ့ကြောင်း၊     ယင်းစီမံချက်ပါ လုပ်ငန်းအစီအစဉ်(၁)ကို ဦးဆောင် နိုင်ငံအဖြစ်   ၂၀၁၉    ခုနှစ်မှစ၍ ဆောင်ရွက်ခဲ့ကြောင်း။ 
အလုပ်ရုံဆွေးနွေး
ပထမအကြိမ်    ဒေသတွင်း အလုပ်ရုံဆွေးနွေးပွဲကို        ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံ  ရန်ကုန်မြို့ ၌ လည်းကောင်း၊  ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၁ ခုနှစ် ဇွန်လတွင်    ကိုဗစ်-၁၉   ရောဂါ ဖြစ်ပွားမှုကြောင့်     အွန်လိုင်းမှ တစ်ဆင့် လည်းကောင်း   ကျင်းပ ပြုလုပ်ခဲ့ကြောင်း၊   အာဆီယံခရီး သွားလုပ်ငန်း  ကျွမ်းကျင်ပညာရှင် များအတွက်   ကျွမ်းကျင်မှုစံနှုန်း များကို ပြန်လည်သုံးသပ်ခြင်းနှင့် မွမ်းမံပြင်ဆင်ခြင်းများကို    အပြီး သတ်ဆောင်ရွက်ခဲ့ကာ   ကမ္ဘော ဒီးယားနိုင်ငံ၌    ကျင်းပခဲ့သည့် အာဆီယံ    ခရီးသွားလုပ်ငန်း ဖိုရမ် - ၂၀၂၂   တွင်     အာဆီယံ ခရီးသွားလုပ်ငန်း   ဝန်ကြီးများက အတည်ပြုခဲ့ကြောင်း၊    ယခုအခါ တွင် နောက်ဆက်တွဲ လုပ်ငန်းစဉ် များအနေဖြင့်           ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ    စံနှုန်း များအား     ကျွမ်းကျင်မှု    အဆင့် အလိုက်  သတ်မှတ်စည်းမျဉ်းများ (Packaging Rules)    နှင့် အလုပ်အကိုင်တစ်ခုချင်းစီအတွက် အရည်အချင်း     သတ်မှတ်ချက် ဆိုင်ရာ        လမ်းညွှန်ချက်များကို မွမ်းမံပြင်ဆင်ရန်    လိုအပ်သော ကြောင့်    ပဏာမတွေ့ရှိချက်များ အပေါ်   ဆွေးနွေးနိုင်ရန် တတိယ အကြိမ်အဖြစ် ဒေသတွင်း အလုပ်ရုံ ဆွေးနွေးပွဲကို   ကျင်းပရခြင်းဖြစ် ကြောင်း ပြောကြားသည်။ 
ရှင်းလင်းတင်ပြ
ထို့နောက်  အာဆီယံခရီးသွား လုပ်ငန်း ကျွမ်းကျင်ပညာရှင်များ ကြီးကြပ်မှုကော်မတီ          ဥက္ကဋ္ဌ မစ္စတီတစ်ခ်    လက်စ်တာရီက အမှာစကား ပြောကြားပြီး ASEAN Common Competency Stan-dards For Tourism Profess-ionals -  ACCSTP     ကျွမ်းကျင် ပညာရှင်အဖွဲ့က     ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ   စံနှုန်း များအား     ကျွမ်းကျင်မှုအဆင့် အလိုက်   သတ်မှတ် စည်းမျဉ်းများ (Packaging Rules)     အား ပြန်လည်သုံးသပ်ခြင်းနှင့်  မွမ်းမံ ပြင်ဆင်ခြင်းဆိုင်ရာ   လုပ်ငန်းစဉ် များ         ဖြစ်ပေါ်  တိုးတက်မှုကို ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍        ဟိုတယ် ဝန်ဆောင်မှု         ကဏ္ဍအတွက် အလုပ်အကိုင်   အမျိုးအစားများ၊ ဧည့်ကြိုဝန်ဆောင်မှု     လုပ်ငန်း၊ အိပ်ခန်းဆောင်   ထိန်းသိမ်းရေး လုပ်ငန်း၊          အစားအသောက် ထုတ်လုပ်ရေးလုပ်ငန်း၊ အစားအစာ နှင့်   အဖျော်ယမကာဝန်ဆောင်မှု လုပ်ငန်းများအတွက် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ    စံနှုန်း များအား      ကျွမ်းကျင်မှုအဆင့် အလိုက် သတ်မှတ်စည်းမျဉ်းများ (Packaging Rules)    ကို အပြီးသတ်    ပြင်ဆင်မွမ်းမံမှုများ အား အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံမှ ပါဝင်        တက်ရောက်သူများက အပြန်အလှန်ဆွေးနွေးကြသည်။ 
ပြင်ဆင်မွမ်းမံ
အဆိုပါ   အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့ကို   ဒီဇင်ဘာ ၂၁ ရက် တွင်     ဆက်လက်ကျင်းပသွား မည်ဖြစ်ပြီး    ခရီးသွားလုပ်ငန်း ဝန်ဆောင်မှုကဏ္ဍအတွက် အလုပ် အကိုင်အမျိုးအစားများ၊  ခရီးသွား        အေဂျင်စီများနှင့် ခရီးလှည့်လည် ရေးလုပ်ငန်းဆိုင်ရာ အလုပ်အကိုင် အမျိုးအစားအလိုက်  ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ   စံနှုန်း များအား    ကျွမ်းကျင်မှုအဆင့် အလိုက်  သတ်မှတ်စည်းမျဉ်းများ (Packaging Rules)       ကို ပြင်ဆင်    မွမ်းမံနိုင်ရေးအတွက် ဆက်လက်   ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
တက်ရောက်
အလုပ်ရုံဆွေးနွေးပွဲသို့ ဌာန ဆိုင်ရာ အရာရှိကြီးများ၊  ဆက်စပ် ဝန်ကြီးဌာနများမှ    ခရီးသွား လုပ်ငန်း  ကျွမ်းကျင်ပညာရှင်များ၊ အာဆီယံအဆင့်နှင့် နိုင်ငံအဆင့် သင်ကြားရေး၊  စစ်ဆေးအကဲဖြတ် ရေး   ဆရာများ၊   သင်ကြားရေး ဆရာများ၊           ဟိုတယ်များမှ ကိုယ်စားလှယ်များ၊    အာဆီယံ ခရီးသွားလုပ်ငန်း   ကျွမ်းကျင် ပညာရှင်များ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊    အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ  တာဝန်ရှိ သူများ၊   အာဆီယံ  ၁၀  နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက် ကြသည်။         
သတင်းစဉ်