ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုညစာစားပွဲတွင် ပါဝင်တီးခတ်ဖျော်ဖြေမည့် နိုင်ငံတော်သံစုံတီးဝိုင်းလေ့ကျင့်မှု ကြည့်ရှုအားပေး

 

ရန်ကုန်    ဒီဇင်ဘာ   ၁၆


ပြန်ကြားရေး         ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး   ဦးမောင် မောင်အုန်းသည် ယနေ့ညနေပိုင်း က     ရန်ကုန်မြို့     ပြည်လမ်းရှိ မြန်မာ့အသံနှင့်  ရုပ်မြင်သံကြား တွင် (၇၅) နှစ်မြောက်   စိန်ရတု လွတ်လပ်ရေးနေ့   ဂုဏ်ပြုညစာ စားပွဲ၌    ဖျော်ဖြေတင်ဆက်မည့် နိုင်ငံတော်  သံစုံတီးဝိုင်း တီးခတ် လေ့ကျင့်မှုကို ကြည့်ရှုအားပေး သည်။  

 


ရှေးဦးစွာ     ပြည်ထောင်စု ဝန်ကြီးသည်     မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စတူဒီယို(ဘီ)တွင် နိုင်ငံတော်   သံစုံတီးဝိုင်းအဖွဲ့၏ MNSO Overture     သံစဉ်ဖြင့် အဖွင့်တီးခတ်ဖျော်ဖြေမှု၊ စန္ဒရား လှထွဋ်    ရေးစပ်သီဆိုထားသည့် “အချစ်ဘယ်ကစ”၊ “အလှသစ္စာ တရား”      တေးသီချင်းများဖြင့် တီးခတ်         ဖျော်ဖြေသီဆိုမှုနှင့် X Conon D Major  သံစဉ်တီးခတ် မှုတို့ကို ကြည့်ရှုအားပေးသည်။

 


ထို့နောက်      ပြည်ထောင်စု ဝန်ကြီးက  နိုင်ငံတော်သံစုံတီးဝိုင်း အဖွဲ့အား   တွေ့ဆုံမှာကြားရာတွင် ၂၀၂၃  ခုနှစ်    ဇန်နဝါရီ   ၄ ရက် တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု    လွတ်လပ်ရေးနေ့သည် မြန်မာနိုင်ငံအတွက်         အထူး အရေးပါသည့်   ဂုဏ်ယူဖွယ်ရာ နေ့ထူးနေ့မြတ်ဖြစ်ပြီး   (၇၅)   နှစ် ဆိုသည့်    စိန်ရတုအချိန်အခါနှင့် တိုက်ဆိုင်မှုမှာလည်း ကြုံတောင့် ကြုံခဲအခွင့်အရေးတစ်ခု     ဖြစ်ပါ ကြောင်း၊ ထိုကဲ့သို့ နေ့ထူးနေ့မြတ် တွင်         ခမ်းနားထည်ဝါစွာနှင့် ဂုဏ်ယူစွာ    ကျင်းပပြုလုပ်မည့် အခမ်းအနားများအနက်မှ ဂုဏ်ပြု ညစာစားပွဲ         အခမ်းအနားတွင် နိုင်ငံတော်    သံစုံတီးဝိုင်းအနေနှင့် ပထမဆုံးအကြိမ်အဖြစ်     ပါဝင် ဖျော်ဖြေခွင့်           ရရှိခြင်းဖြစ်ပါ ကြောင်း၊    ထိုကဲ့သို့  ဖျော်ဖြေခွင့် ရရှိချိန်တွင်      တစ်ဦးချင်းစီမှစပြီး တစ်ဖွဲ့လုံးအနေဖြင့်    အချိုးညီစွာ ပေါင်းစပ်တီးခတ်မှုနှင့်  မြိုင်မြိုင် ဆိုင်ဆိုင်  ဖျော်ဖြေနိုင်ရန်    လိုအပ် ပါကြောင်း၊    ထိုကဲ့သို့    ဖျော်ဖြေ တင်ဆက်ရသည့်အတွက်  တစ်ဦး ချင်း    လေ့လာမှုနှင့်  တစ်ဖွဲ့လုံး စုပေါင်း      လေ့ကျင့်မှုတို့အပြင် ဝတ်စုံမှစ၍  သပ်သပ်ရပ်ရပ်ဖြစ်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း       မှာကြားပြီး နိုင်ငံတော်   သံစုံတီးဝိုင်းအဖွဲ့အား ဂုဏ်ပြုဆုငွေများ ပေးအပ်သည်။

 


ယင်းနောက်   ပြည်ထောင်စု ဝန်ကြီးသည်     မြန်မာ့အသံနှင့် ရုပ်မြင်သံကြား    အဆောက်အအုံ မြေညီထပ်တွင်   ခင်းကျင်းပြသ ထားသည့်   (၇၅)   နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့  အထိမ်း အမှတ်      ကျင်းပပြုလုပ်လျက် ရှိသည့်     “တူယှဉ်နွှဲပျော်     ဂီတ ပွဲတော်” Season-2   သီချင်းဆို ပြိုင်ပွဲတွင်    ချီးမြှင့်ရန်   ပြင်ဆင် ခင်းကျင်းပြသထားသည့် ဆုတံဆိပ် များနှင့်     ဂုဏ်ပြုမှတ်တမ်းများ အား   ကြည့်ရှုစစ်ဆေးပြီး   တာဝန် ရှိသူများကို            လိုအပ်သည် များ    မှာကြားခဲ့ကြောင်း   သိရ သည်။                    

သတင်းစဉ်