ကျေးရွာထုတ်ကုန် တိုးမြှင့်ဖို့ ဈေးကွက်ရှာဖွေ ဖန်တီးစို့

Type

 

ညိုညိုဝင်း(ကျေးလက်ဦးစီး)
 

မြန်မာနိုင်ငံတွင် ကျေးရွာပေါင်း ၆၃၀၀၀ ကျော်ရှိပြီး နိုင်ငံ့လူဦးရေ၏ ၇၀ ဒသမ ၄ ရာခိုင်နှုန်းသည် ကျေးလက်ဒေသများတွင် နေထိုင်ကြပါသည်။ ၂၀၁၉ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် မြန်မာနေထိုင်မှုအခြေအနေ စစ်တမ်း၂၀၁၇ အရ ကျေးလက်လူဦးရေ၏ ၃၀ ဒသမ ၂ ရာခိုင်နှုန်းဖြစ်သော ၁၁ ဒသမ ၂ သန်းခန့်သည် ဆင်းရဲနွမ်းပါးသူများဖြစ်ကြပါသည်။ ပြည်တွင်းနှင့် နိုင်ငံတကာ အတွေ့အကြုံများအရ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းများသာမက မိသားစုဝင်ငွေတိုးပွားရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးကိစ္စရပ်များကို ချိတ်ဆက် ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါသည်။
စဉ်ဆက်မပြတ်     ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်း များ    ဆောင်ရွက်ရာ၌   လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် ဦးစီးဌာနဝန်ထမ်းများ၏ လုပ်ငန်း စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့်             ကျေးလက်နေ ပြည်သူများ  အသက်မွေးဝမ်းကျောင်း မြှင့်တင်ရေး အတွက်     အသက်မွေးဝမ်းကျောင်းသင်တန်းများ   ဖွင့်လှစ်ပေးခြင်းတို့ကို       ဆောင်ရွက်ခြင်းသည်   လွန်စွာအဓိကကျပါသည်။              စဉ်ဆက်မပြတ် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက်     လူ့စွမ်းအား အရင်းအမြစ်စီမံခန့်ခွဲမှု    ပြည့်စုံကောင်းမွန်အောင်   တည်ဆောက်ပြီးပါက   ရေရှည်တည်တံ့ ခိုင်မြဲမည့်     ကျေးလက်အသက်မွေးဝမ်းကျောင်း  မြှင့်တင်ရေး လုပ်ငန်းများ     ဆောင်ရွက်ခြင်း၊      တန်ဖိုးမြှင့် ထုတ်ကုန်များထုတ်လုပ်၍ ထုတ်ကုန်များ ဈေးကွက် အရောက် ပို့ဆောင်နိုင်မှသာ ရေရှည်တည်တံ့သည့် စဉ်ဆက်မပြတ် ကျေးလက်ဖွံ့ဖြိုးရေးကို ဖော်ဆောင် နိုင်မည်ဖြစ်သည်။ 
ဒေသနှင့်ကိုက်ညီသည့်  အသက်မွေးဝမ်းကျောင်း သင်တန်းများ ဖွင့်လှစ်ရေးအတွက် အသက်မွေးဝမ်း ကျောင်းသင်တန်း      အမျိုးအစားရွေးချယ်ရာတွင် အောက်ပါအချက်များကို         အဓိကထည့်သွင်း စဉ်းစားသင့်ပေသည် -
(၁)     ဒေသထွက် ကုန်ကြမ်းရရှိနိုင်မှု
(၂)     နည်းပညာ
(၃)     အရင်းအနှီးရရှိနိုင်မှု
(၄)     ကုန်ထုတ်လုပ်မှု ကုန်ကျစရိတ်
(၅)     ကျွမ်းကျင်လုပ်သားရရှိနိုင်မှု
(၆)     အမြတ်အစွန်းရရှိနိုင်မှု
(၇)     ဈေးကွက်နှင့် ချိတ်ဆက်နိုင်မှု
(၈)     အလုပ်အကိုင်ရရှိနိုင်မှု    
(၉)     ကိုယ်ပိုင်လုပ်ငန်း  ဆောင်ရွက်ရန် အလား အလာရှိမှု
(၁၀)     တန်ဖိုးမြှင့်ထုတ်လုပ်နိုင်မှု
(၁၁)     ထုတ်ကုန်များ      ထုတ်လုပ်ပြီးပါက ထုတ်ကုန်များ            ရောင်းချနိုင်မည့် ဈေးကွက်ရရှိမှု
ရည်ရွယ်ဖွင့်လှစ်
အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ် ရာတွင် ကျေးလက်နေပြည်သူများအတွက် အလုပ် အကိုင်အခွင့်အလမ်းများရရှိရေး၊ ဝင်ငွေတိုးလုပ်ငန်း များ   ပိုမိုတွင်ကျယ်စွာ   ဆောင်ရွက်နိုင်လာစေရန်၊ လုပ်ငန်းစွမ်းဆောင်ရည်    ဖွံ့ဖြိုးတိုးတက်စေရန်၊ ဒေသနှင့်    ကိုက်ညီသော       အလုပ်အကိုင်အခွင့် အလမ်းများပေါများသည့် အသက်မွေးပညာရရှိပြီး လုပ်ငန်းခွင်သို့      တိုက်ရိုက်ဝင်ရောက်လုပ်ကိုင် နိုင်သည်အထိ   ကျွမ်းကျင်တတ်မြောက်စေရန်၊ တစ်နိုင်တစ်ပိုင်   အိမ်တွင်းစီးပွားရေးလုပ်ငန်းများမှသည် အသေးစား၊   အလတ်စားစီးပွားရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ဆောင်ရွက် ရန် လိုအပ်ပါသည်။
ရရှိလာမည့် အကျိုးကျေးဇူးများ
အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ် ပေးခြင်းအားဖြင့် ကျေးလက်နေပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ    တိုးပွားလာခြင်း၊ မိသားစုဝင်ငွေ တိုးပွားလာခြင်း၊ ဒေသနှင့် ကိုက်ညီမှု ရှိသော       အလုပ်အကိုင်အခွင့်အလမ်းများကို  တိုက်ရိုက်ဝင်ရောက်          လုပ်ကိုင်နိုင်သည်အထိ ကျွမ်းကျင်တတ်မြောက်လာခြင်း၊         နည်းပညာနှင့် ကျွမ်းကျင်မှုကို          လက်ဆင့်ကမ်းမျှဝေနိုင်ခြင်း၊ အိမ်တွင်း စီးပွားရေးအဖြစ် မိသားစုတစ်နိုင်တစ်ပိုင် လုပ်ကိုင်နိုင်ခြင်း၊ အသေးစား/အလတ်စား စီးပွားရေး လုပ်ငန်းများ    ထူထောင်နိုင်ပြီး   ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာ ခြင်း၊  နိုင်ငံ၏   ကုန်ထုတ်စွမ်းအား၊    စီးပွားရေးနှင့် ဝင်ငွေမြှင့်တင်နိုင်ခြင်းစသည့်   အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ပါသည်။
အလားအလာရှိသော ကျေးရွာများအား ရွေးချယ်မှု
မြန်မာနိုင်ငံတွင် ကျေးရွာပေါင်း ၆၃၀၀၀ ကျော် ရှိသည့်အနက်  နိုင်ငံတော်၏ ဘတ်ဂျက်အခြေအနေ အရ    တစ်နိုင်ငံလုံး   တစ်ပြိုင်တည်းဆောင်ရွက်၍ မရနိုင်သဖြင့် နှစ်အလိုက်      အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ မြှင့်တင်ရေးကို    ဦးစားပေး ရွေးချယ် ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍  ဒေသ၏ ကုန်ကြမ်းရရှိနိုင်မှုအပေါ် မူတည်၍ ကျေးရွာတစ်ရွာထုတ်ကုန်တစ်ခု ဦးတည် ၍ လက်ရှိဆောင်ရွက်နေသည့် ကျေးရွာတစ်ရွာချင်း ကုန်ပစ္စည်းတစ်မျိုးကို     ကျွမ်းကျင်သူအများစုမှ အရေအတွက်များစွာ ထုတ်လုပ်သည့် လုပ်ငန်းများ၊ ကျေးရွာများကို   ဦးစားပေးရွေးချယ်ရမည်ဖြစ်ပါ သည်။
မိမိအနေဖြင့်   ၂၀၀၅   ခုနှစ်က   ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့  One  Tambon  One Product ဆောင်ရွက်မှုကို       သွားရောက်လေ့လာရာတွင် Target area ထားရှိပြီး ဘဏ္ဍာနှစ်အလိုက် ပထမ ဦးစားပေး၊   ဒုတိယဦးစားပေး၊   တတိယဦးစားပေး သတ်မှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။
 အလားတူစွာ အခြားနိုင်ငံများတွင်လည်း ကမ္ဘာ့ သမိုင်းဝင်နေရာများတွင် Tourism Village များ တည်ဆောက်ကာ ဒေသထွက်ပစ္စည်းများ ရောင်းချ ပြီး နိုင်ငံခြားသားများအား ဆွဲဆောင်ခြင်း၊ မိမိလူမျိုး ဓလေ့ထုံးတမ်းစဉ်လာများ     လက်တွေ့အနီးကပ် လေ့လာနိုင်ရန်   Traditional  Tourism  Village များတည်ဆောက်ကာ   ဒေသထုတ်ကုန်အမျိုးမျိုး ခင်းကျင်းပြသရောင်းချလျက်ရှိကြောင်း တွေ့ရှိရ ပါသည်။ 
သို့ဖြစ်ပါ၍ အသက်မွေးဝမ်းကျောင်းသင်တန်း များ    ဖွင့်လှစ်ရေးအတွက်    အလားအလာရှိသော ကျေးရွာရွေးချယ်ရေးသည် လွန်စွာအရေးပါလှသည်။
နည်းပညာ တီထွင်ဆန်းသစ်ခြင်း
နိုင်ငံတကာရှိ အိမ်တွင်းစက်မှုလက်မှုဖွံ့ဖြိုးရေးဆိုင်ရာအဖွဲ့အစည်းများနှင့် ဆက်သွယ်ပြီး အိမ်တွင်း စက်မှုလက်မှုနည်းပညာ      နှီးနှောဖလှယ်ပွဲများ ကျင်းပပေးခြင်း၊ တက်ရောက်စေခြင်းဖြင့် အိမ်တွင်း စက်မှုလက်မှုနည်းပညာကို     ဆန်းသစ်မြှင့်တင်ပေး ခြင်းတို့ကိုလည်း ဆောင်ရွက်ပေးရန်အထိ မျှော်မှန်း ထားရပါမည်။ 
ထို့ပြင် အိမ်တွင်းမှု ကုန်ထုတ်လုပ်ငန်းလုပ်ကိုင် သူများအတွက်   လိုအပ်သည့်နည်းပညာများကို    စူးစမ်းရှာဖွေလေ့လာဖော်ထုတ်ခြင်း၊ အထောက် အကူပြုပစ္စည်းများ    တီထွင်ဖန်တီးပေးခြင်းများ လည်း    ပါဝင်လျက်ရှိရာ     သမဝါယမဦးစီးဌာန၊ အသေးစားစက်မှု          လက်မှုလုပ်ငန်းဦးစီးဌာန၊       စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာန၊ စက်မှုလယ်ယာ ဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊   မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနတို့အပြင်       အခြားဆက်စပ် ဌာနများနှင့်လည်း    ချိတ်ဆက်ဆောင်ရွက်ပေးခြင်း ဖြင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါသည်။
မတည်ရင်းနှီးငွေ ထူထောင်ပေးခြင်း
အသေးစား စက်မှုလက်မှုလုပ်ငန်းများအတွက် လိုအပ်သည့် ငွေကြေးအရင်းအနှီးကို သက်ဆိုင်ရာ မြန်မာ့စီးပွားရေးဘဏ်နှင့်  ပုဂ္ဂလိကဘဏ်များတွင် ချေးယူနိုင်သည်ဟုဆိုသော်ငြားလည်း အဆိုပါဘဏ် များ၏ ငွေချေးယူရန်လိုအပ်သည့် စံသတ်မှတ်ချက် များနှင့်   ကိုက်ညီရန်မှာ အသေးစားစက်မှုလက်မှု လုပ်ငန်းရှင်များအတွက်          ခက်ခဲလျက်ရှိသဖြင့် လုပ်ငန်းရှင်များဆောင်ရွက်နိုင်သည့် စံသတ်မှတ် ချက်များသို့           ပြင်ဆင်သတ်မှတ်ပေးနိုင်ရေး သမဝါယမဦးစီးဌာန၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် လက်အောက်ရှိဘဏ်များနှင့် ညှိနှိုင်းဆောင်ရွက်ရန်၊ အစိုးရမဟုတ်သော   နိုင်ငံတကာအဖွဲ့အစည်းများ (INGOs) စသည့်   အသေးစားငွေစုငွေချေးအဖွဲ့များ နှင့်   ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန်၊   မြစိမ်းရောင် ကျေးရွာစီမံကိန်း(MSY)၊ မတည်ရန်ပုံငွေစီမံကိန်းများ (VRFP)နှင့်လည်း ပိုမိုအလေးထား   ချိတ်ဆက် ဆောင်ရွက်ရန် လိုအပ်ပါသည်။
လတ်တလောတွင်    နိုင်ငံတော်မှ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေအဖြစ်    ကျပ်ဘီလီယံ ၄၀၀ လျာထားသတ်မှတ်၍   တိုင်းဒေသကြီး၊   ပြည်နယ် အစိုးရအဖွဲ့များနှင့်    ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ များသို့ မတည်ထောက်ပံ့ငွေ ထုတ်ပေးဆောင်ရွက် လျက်ရှိကြောင်း တွေ့ရှိရပါသည်။
ကုန်ထုတ်လုပ်မှု ကုန်ကျစရိတ်
စိုက်ပျိုးရေး၊ မွေးမြူရေး ထုတ်ကုန်များအတွက် ကုန်ကြမ်းရရှိနိုင်မှု   အရေးကြီးသကဲ့သို့   ယင်း ကုန်ကြမ်းများကုန်ချောအဖြစ်     ထုတ်လုပ်ရာတွင် ထုတ်လုပ်မှုလုပ်ငန်းစဉ် အဆင့်ဆင့်အတွက် ကုန်ကျ စရိတ်များလည်း ကြိုတင်တွက်ချက်ရန် လိုအပ်ပေ သည်။ ယင်းသည် ကျွမ်းကျင်လုပ်သား  ရရှိနိုင်မှုနှင့် လည်း ဆက်စပ်နေပေသည်။ ကျွမ်းကျင်လုပ်သား အလွယ်တကူမရရှိနိုင်ပါက     ထုတ်လုပ်မှုကုန်ကျ စရိတ် မြင့်မားပေမည်။
အမြတ်အစွန်းရရှိနိုင်မှု
ကုန်ကြမ်းအလွယ်တကူ ရရှိနိုင်မှု၊ ကုန်ထုတ် လုပ်မှု ကုန်ကျစရိတ်သက်သာမှု၊ ကျွမ်းကျင်လုပ်သား အလွယ်တကူရရှိနိုင်မှုတို့သည်   အမြတ်အစွန်းရရှိ နိုင်မှုနှင့်  တိုက်ရိုက်ဆက်စပ်နေပါသည်။    ထို့ပြင် ငွေကြေးအရင်းအနှီး မတည်ငွေ အတိုးနှုန်းသက်သာ စွာဖြင့်    ရရှိနိုင်မှုသည်လည်း   အမြတ်အစွန်းရရှိ နိုင်မှုကို   ဖြစ်ပေါ်စေသည်။   အဆိုပါအချက်များ အပြင်       အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ရွေးချယ်ရာ၌      အဓိကစဉ်းစားရမည့်အချက်မှာ ဈေးကွက်ရရှိအောင် ချိတ်ဆက်ပေးခြင်းဖြစ်ပါသည်။
ဈေးကွက်ရှာဖွေဖန်တီးရေး
နိုင်ငံတစ်ဝန်း နှစ်စဉ်ကျင်းပလျက်ရှိသည့် ရာသီ အလိုက် ဘုရားပွဲ၊ နတ်ပွဲ၊  မီးပုံးပျံပွဲစသည့် ပွဲတော်များတွင်    နိုင်ငံအနှံ့ပြည်သူ များ   လာရောက်လည်ပတ်လျက်ရှိပါသည်။ ပွဲတော် ဈေးတန်းများတွင် နိုင်ငံအနှံ့မှ    ဒေသထွက်ကုန် မျိုးစုံကို လာရောက်ရောင်းချလေ့ရှိပြီး  ကျေးလက် ပြည်သူအများစုမှာ              ပွဲတော်အချိန်ရောက်မှ   လိုအပ်သည့်      ပစ္စည်းများကို     စုပုံဝယ်ယူခြင်း၊    ဘုရားဖူးများ  လာရောက်လည်ပတ်သူများကလည်း မိမိတို့  ဒေသတွင်ရှားပါးသည့်   ကုန်ပစ္စည်းများကို   ဝယ်ယူသွားခြင်း အလေ့အထများရှိပါသည်။
အဆိုပါ ပွဲတော်ဈေးတန်းများတွင် နိုင်ငံအနှံ့မှ အိမ်တွင်းစက်မှုလက်မှုထုတ်ကုန်များကို  လုပ်ငန်း တူအစုအဖွဲ့များအလိုက် ပြသရောင်းချပြီး ဈေးကွက် မြှင့်တင်နိုင်ရေး အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနနှင့်   ပူးပေါင်း၍   သက်ဆိုင်ရာ  ပြည်နယ်/တိုင်းဒေသကြီးအစိုးရအဖွဲ့များသို့ ချိတ်ဆက်ကူညီ ဆောင်ရွက်ပေးရန် လိုအပ်ပါသည်။
ထုတ်ကုန်ပစ္စည်းများကို         ထိုင်းနိုင်ငံကဲ့သို့ OTOP City သီးခြားဖွင့်လှစ်၍ စုပေါင်းရောင်းချပေး ခြင်း၊ OTOP City သို့  ခရီးသွားဧည့်သည်များလာရောက်လည်ပတ်နိုင်ရေး Tourism နှင့်  ချိတ်ဆက် ဆောင်ရွက်ခြင်း၊ လေယာဉ်ကွင်းများနှင့်ဟိုတယ်များ တွင်လည်း OTOP ရိုးရာပစ္စည်းများ အလွယ်တကူ ဝယ်ယူနိုင်ရန်အတွက်    ဈေးကွက်များ   ဖန်တီး၍ ရောင်းချပေးခြင်းများ ဆောင်ရွက်နိုင်ပါသည်။
လက်ရှိအချိန်တွင်      ကျေးလက်နေပြည်သူ အများစုအနေဖြင့် လက်ကိုင်ဖုန်းများဖြင့် Social Media (Facebook)ကို      အသုံးပြုနိုင်ပြီဖြစ်ရာ Online (Facebook) မှတစ်ဆင့် ကျေးလက် အိမ်တွင်း စက်မှုလက်မှုထုတ်ကုန်များ ရောင်းချနည်းသင်တန်း ကို   သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပေါင်းစပ်ပြီး ပူးပေါင်းဖွင့်လှစ်၍ နည်းလမ်းများ ပြသဆောင်ရွက် ပေးသင့်ပါသည်။
အိမ်တွင်း      စက်မှုလက်မှုလုပ်ငန်းရှင်များက ဈေးကွက်၏ ဝယ်လိုအားနှင့် ရောင်းလိုအားအခြေ အနေများ သိရှိနိုင်ရေး စီးပွားရေးနှင့်   ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်တွင်းကုန်သွယ်ရေး ဖွံ့ဖြိုးမှုနှင့်   သုတေသနဌာနခွဲ/စားသုံးသူရေးရာ ဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နိုင်ပါသည်။
မိမိတို့နိုင်ငံအတွင်း   ထုတ်လုပ်သည့်  အိမ်တွင်း စက်မှုလက်မှု ထွက်ကုန်ပစ္စည်းများကို အားပေး၍ နိုင်ငံခြားမှ   တင်သွင်းမှုများကို     ကန့်သတ်/ထိန်းချုပ်ပေးရေးဆောင်ရွက်ရန် လိုအပ်ပါသည်။ 
သီးနှံထွက်ရှိရာနေရာများမှ    သိုလှောင်မည့် နေရာ၊  ကုန်စည်ဒိုင်နေရာများသို့    ပို့ဆောင်ရန် ကုန်ထုတ်လမ်းများကောင်းမွန်ရေး ပိုမိုဆောင်ရွက် ပေးရန် လိုအပ်ပါသည်။
စိုက်ပျိုးထုတ်ကုန်ဈေးကွက် ခိုင်မာရေးအတွက် တစ်နိုင်ငံလုံးရှိ   ကုန်စည်ဒိုင်များ၏ ထွက်ပေါ်လာ သော       ဈေးနှုန်းသတင်းအချက်အလက်များကို တောင်သူများ သိရှိအောင် ဆောင်ရွက်ပေးနိုင်ရေး Viber Group, Messanger Group များဖြင့် အချိန် နှင့်တစ်ပြေးညီသိရှိအောင်        ကူညီဆောင်ရွက်  ပေးသင့်ပါသည်။
ဝယ်လိုအားနှင့်     ရောင်းလိုအားဈေးကွက်ကို ချိန်ဆပြီး အစုအဖွဲ့များစုဖွဲ့၍      ညှိနှိုင်းဆောင်ရွက် သင့်ပါသည်။ စိုက်ပျိုးရေးထုတ်ကုန်နှင့် ပတ်သက်၍ ဈေးကွက်ဖော်ဆောင်ရန်          သက်ဆိုင်ရာဌာန  အချင်းချင်း ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်သင့်ပါသည်။
ကုန်ပစ္စည်းသိုလှောင်ရေး
အဆင့်မီသိုလှောင်ရုံများတွင်  သိုလှောင်နိုင်ရေး လုပ်ငန်းရှင်များအနေဖြင့်      သက်ဆိုင်ရာဦးစီးဌာန များ၊  ဒေသအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက် ရန် လိုအပ်ပါသည်။
စဉ်ဆက်မပြတ် ကျေးလက်ဒေသဖွံ့ဖြိုးရေး
အသက်မွေးဝမ်းကျောင်းလုပ်ငန်း   အမျိုးအစား များရွေးချယ်ပြီးပါက အဆိုပါ  လုပ်ငန်းများအတွက် လိုအပ်သည့် အသက်မွေးဝမ်းကျောင်း အထောက် အကူပြုသင်တန်းများ   ရွေးချယ်ပြီး သင်တန်းများ ဖွင့်လှစ်ပေးကာ      လုပ်ငန်းအမျိုးအစားအလိုက် ကိုယ်ပိုင်လုပ်ငန်း     ဆောင်ရွက်ခြင်း၊   အစုအဖွဲ့ဖြင့် ဆောင်ရွက်ခြင်း၊     သမဝါယမအသင်းများစုဖွဲ့ ဆောင်ရွက်ခြင်း၊ ကုမ္ပဏီများ၊ အစုစပ်လုပ်ငန်းများ တွင် ဝင်ရောက်လုပ်ကိုင်ခြင်း           စသည်တို့အထိ စောင့်ကြည့်၍      ကုန်ထုတ်လုပ်မှုလုပ်ငန်းအတွက် ဈေးကွက်များ ချိတ်ဆက် ဆောင်ရွက်ပေးခြင်းတို့ဖြင့် စဉ်ဆက်မပြတ်      ကျေးလက်ဒေသဖွံ့ဖြိုးရေးအထိ ဦးတည်၍ သက်ဆိုင်ရာဌာနများ ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားကြရပါမည်။
အသေးစား၊ အငယ်စားနှင့် အလတ်စား(MSME)လုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်ရေး
နိုင်ငံ့စီးပွားရေး      ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကျသည့် MSME လုပ်ငန်းများ အားကောင်း အောင် ဆောင်ရွက်ပြီး နိုင်ငံခြားဝင်ငွေစီးဝင်လာ အောင်    ကြိုးစားဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့်လည်း လိုအပ်ချက်များဖြည့်ဆည်းဆောင်ရွက်လျက်ရှိပါသည်။ အသေးစား၊ အငယ်စားနှင့် အလတ်စား(MSME)များတိုးတက် အောင်     အားပေး၍     ပြည်တွင်းလိုအပ်ချက်ကို ပြည်တွင်း၌ပင် ထုတ်လုပ်နိုင်သည်အထိ ကြိုးစား ဆောင်ရွက်ရာ၌ ကျေးလက်ဒေသ အသက်မွေးဝမ်း ကျောင်း လုပ်ငန်းများရွေးချယ်၍    သင်တန်းများ ပေးကာ    လုပ်ငန်းများဆောင်ရွက်ရန်    ဈေးကွက် ချိတ်ဆက်ဆောင်ရွက်မှုနှင့် ချိတ်ဆက်၍ နိုင်ငံတော် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအထိ ရည်မှန်းချက် ထားရှိကာ  သက်ဆိုင်ရာဌာနများ၊ ကျေးလက်နေ ပြည်သူများ    ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပါသည်။        ။