အာဆီယံအပေါင်း အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့ ADMM-Plus EWG on CT အစည်းအဝေးကျင်းပ

 

နေပြည်တော်    ဒီဇင်ဘာ    ၇ 


မြန်မာ-ရုရှား ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိသော  အာဆီယံအပေါင်း    အကြမ်းဖက်မှုတန်ပြန်   တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့၏ ဒုတိယအကြိမ် စီမံကိန်းရေးဆွဲရေး အစည်း အဝေး  (Middle  Planning Conference)  ကို  ဒီဇင်ဘာ   ၆   ရက်မှ ၇ ရက်အထိ Video Teleconferencing (VTC) စနစ်ဖြင့် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ဦးဆောင်ကျင်းပသည်။

 


အစည်းအဝေးတွင်   အာဆီယံအပေါင်း     အကြမ်းဖက်မှုတန်ပြန် တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့၏ ပူးတွဲဥက္ကဋ္ဌအဖြစ်           တာဝန်ယူထားသော ကာကွယ်ရေးဦးစီးချုပ်ရုံး  (ကြည်း) မှ ဗိုလ်ချုပ် အောင်မျိုးသန့်နှင့် ရုရှားနိုင်ငံမှ  ပူးတွဲဥက္ကဋ္ဌ Vice-Admiral Berezovsky D.V တို့က နှုတ်ခွန်းဆက်စကားများပြောကြားပြီး  အာဆီယံအပေါင်း အကြမ်းဖက်မှု    တန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ    ကျွမ်းကျင်လုပ်ငန်း အဖွဲ့၏ ရှေ့လုပ်ငန်းစဉ်များအား ပူးပေါင်းဆောင်ရွက်နိုင်ရန် အာဆီယံ နိုင်ငံများ၊ ဆွေးနွေးဖက်နိုင်ငံများအကြား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

 


အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ ဆွေးနွေးဖက်နိုင်ငံများဖြစ်သော ရုရှား၊ တရုတ်၊ အိန္ဒိယတို့မှ ကိုယ်စား လှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ ပါဝင် တက်ရောက်ဆွေးနွေးခဲ့ကြသည်။

 


မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် အာဆီယံအပေါင်း  အကြမ်းဖက်မှု တန်ပြန်  တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့၏  အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ တာဝန်ယူဆောင်ရွက်လျက် ရှိပြီး   ဒေသတွင်းအကြမ်းဖက်မှု   တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက်  ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။                

သတင်းစဉ်