ဂုဏ်ပြုဖျော်ဖြေ

 

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ 
စိတ်ပျော်ရွှင်ကြည်နူးချမ်းမြေ့စေရန်အတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် 
စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် နယ်လှည့်ပြည်သူ့ဆက်ဆံရေးအဖွဲ့များနှင့် 
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) အဖွဲ့တို့က သွားရောက်ဂုဏ်ပြုဖျော်ဖြေ

 

နေပြည်တော်   ဒီဇင်ဘာ   ၇


တိုင်းဒေသကြီးနှင့်     ပြည်နယ် အသီးသီးရှိ တိုင်းရင်းသား ပြည်သူ များ စိတ်အေးချမ်းသာစွာ နေထိုင် လုပ်ကိုင်   စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ်      စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေရေး          နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန် များကို မိဝေးဖဝေး၊ မိသားစုများ နှင့်    ဝေးကွာစွာဖြင့်     နေ့မအား ညမနား ထမ်းဆောင်လျက်ရှိသည့်  လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် ၎င်းတို့၏    မိသားစုများအပေါ် လွမ်းဆွတ် သတိရသည့်စိတ်များ ခေတ္တခဏမျှ ပြေပျောက်စေရန်နှင့် စိတ်ပျော်ရွှင်     ကြည်နူးစေရန် အတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့်  စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြား ရေးမှူးရုံး    ကွပ်ကဲမှုအောက်ရှိ နယ်လှည့်   ပြည်သူ့ဆက်ဆံရေး အဖွဲ့များမှ    အရာရှိ၊     စစ်သည်၊ စစ်သမီးများနှင့်  မြန်မာ့အသံနှင့်  ရုပ်မြင်သံကြား (MRTV) မှ အဖွဲ့သူ၊ အဖွဲ့သားများက တိုင်းစစ်ဌာနချုပ် အသီးသီးရှိ ရှေ့တန်းစခန်းများနှင့် နယ်မြေခံတပ်ရင်း    ဌာနချုပ်များ သို့       အလှည့်ကျသွားရောက်၍  ကိုယ်ချင်းစာစိတ် အပြည့်အဝဖြင့် ဂုဏ်ပြုဖျော်ဖြေသီဆိုကပြလျက် ရှိသည်။

 


ထိုသို့     သွားရောက်ဂုဏ်ပြု သီဆိုကပြ         ဖျော်ဖြေလျက်ရှိရာ ယနေ့တွင်  မြောက်ပိုင်းတိုင်းစစ် ဌာနချုပ်နယ်မြေ မြစ်ကြီးနားမြို့ နှင့် ဝိုင်းမော်မြို့တို့ရှိ နယ်မြေခံ တပ်ရင်း  ဌာနချုပ်များသို့   နယ် လှည့်    ပြည်သူ့ဆက်ဆံရေးအဖွဲ့ များမှ အရာရှိ၊ စစ်သည်၊ စစ်သမီး များနှင့် မြန်မာ့အသံနှင့် ရုပ်မြင် သံကြား   (MRTV)  မှ   အဖွဲ့သူ၊ အဖွဲ့သားများက     စစ်ချီတေး၊ စစ်သည် တေးသီချင်းများ၊ ခေတ် ပေါ်နှင့် ခေတ်ဟောင်း တေးသီချင်း များဖြင့် သီဆိုကပြဖျော်ဖြေကြရာ တပ်မတော်သားများနှင့် မိသားစု ဝင်များက      စိတ်လက်ပျော်ရွှင် ကြည်နူးချမ်းမြေ့စွာဖြင့်   ကြည့်ရှု အားပေး၍ အချို့စစ်သည်များနှင့်  မိသားစုများက လွတ်လပ်ပေါ့ပါး စွာဖြင့် အတူတကွ ပါဝင်သီဆိုကြ သည်။ ထိုကဲ့သို့ လာရောက်သီဆို ဖျော်ဖြေပေးကြသည့်    အဖွဲ့သူ၊ အဖွဲ့သားများကို နယ်မြေခံတပ်မှ တာဝန်ရှိသူများနှင့်    မိသားစုဝင် များက     ဒေသထွက်လက်ဆောင် ပစ္စည်းများ ပေးအပ်ကြပြီး ဒေသ ထွက် အစားအစာများဖြင့် ဧည့်ခံ ကျွေးမွေးခဲ့ကြသည်။ 


သတင်းစဉ်