မဲစာရင်းပြုစုရာတွင် အခြေခံရမည့် လူဦးရေစာရင်းများ ကိုက်ညီမှန်ကန်စေရေး ပြည်ထောင်စုနယ်မြေအတွင်း ကွင်းဆင်းစိစစ်

 

နေပြည်တော် ဒီဇင်ဘာ ၇


ပြည်ထောင်စု     ရွေးကောက်ပွဲ ကော်မရှင်သည် အရေးပေါ်ကာလ ဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက   ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့် အညီ  လွတ်လပ်ပြီး   တရားမျှတ သော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ကျင်းပပေးနိုင်ရေး အတွက် ကြိုတင်ပြင်ဆင်ဆောင် ရွက်လျက်ရှိရာ    ပြည်ထောင်စု နယ်မြေ နေပြည်တော်အတွင်းရှိ မြို့နယ် ရှစ်မြို့နယ်၌ မဲစာရင်းပြုစု ရာတွင်   အခြေခံရမည့်    လူဦးရေ စာရင်းများ မှန်ကန်စေရေးအတွက် စိစစ်ခြင်းလုပ်ငန်းများကို     ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များသည်     သက်ဆိုင်ရာ မြို့နယ်အလိုက်  ကွင်းဆင်းစိစစ် ဆောင်ရွက်ကြသည်။

 


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ  ဖြစ်ကြ သည့်  ဦးအောင်လွင်ဦးနှင့် ဦးခင် မောင်ဦးတို့သည် ပုဗ္ဗသီရိမြို့နယ်၌ လည်းကောင်း၊ ဦးအောင်စောဝင်း နှင့် ဦးစောဘလှိုင် တို့သည် ဥတ္တရ သီရိမြို့နယ်၌    လည်းကောင်း၊ ဦးသန်းထွန်း၊   ဦးသန်းဝင်းနှင့် ဦးသန်းအောင်ကျော်တို့သည် ပျဉ်း မနားမြို့နယ်၌   လည်းကောင်း၊ ဦးအောင်မိုးမြင့်နှင့်     ဦးသန်းစိုး တို့သည် ဇမ္ဗူသီရိမြို့နယ်၌လည်း ကောင်း၊ ဒေါက်တာ ဘမောင်နှင့် ဒေါ်နုမြဇံတို့သည်      ဒက္ခိဏသီရိ မြို့နယ်၌လည်းကောင်း၊ ဦးမြင့်ဦး နှင့် ဦးမြင့်သိန်းတို့သည် လယ်ဝေး မြို့နယ်၌လည်းကောင်း၊ ဦးကိုကို လွင်နှင့်    ဦးမင်းမင်းဦး   တို့သည် ဇေယျာသီရိမြို့နယ်၌    လည်း ကောင်း၊ ဦးစိုးဦးနှင့် ဦးဘရန်ရှောင် တို့သည်  တပ်ကုန်းမြို့နယ်၌လည်း ကောင်း လုပ်ငန်းဆောင်ရွက်မှုများ ကို ကြီးကြပ်ဆောင်ရွက်ကြသည်။

 


ကော်မရှင်အဖွဲ့ဝင်များသည် ပြည်ထောင်စုနယ်မြေ ရှစ်မြို့နယ် အတွင်းရှိ ဥပဒေနှင့်အညီ နေထိုင် လျက်ရှိသော လူဦးရေစာရင်းများ ကို မြို့နယ်တစ်ခုနှင့်တစ်ခု အပြန် အလှန် တိုက်ဆိုင်စစ်ဆေး ဆောင် ရွက်ခြင်း (Cross-check)  ဖြင့် တွေ့ရှိရသည့်  နှစ်ကြိမ်ထပ်၊  သုံး ကြိမ်ထပ်၊ လေးကြိမ်နှင့်အထက် ထပ်နေသည့်     စာရင်းများကို စနစ်တကျ   မှန်ကန်မြန်ဆန်စွာ စိစစ်ဆောင်ရွက်နိုင်ရန် နေပြည် တော်ကောင်စီ၊     အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊   လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့မှ     သက်ဆိုင်ရာ မြို့နယ်အလိုက်  တာဝန်ရှိသူများ နှင့်  လိုအပ်သည်များကို  ညှိနှိုင်း ဆောင်ရွက်ကြသည်။ 
ယင်းစိစစ်ခြင်း   လုပ်ငန်းကို ဒီဇင်ဘာ ၇ ရက်မှ ၉ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။                

သတင်းစဉ်