ဆောက်လုပ်ရေးလုပ်ငန်း စိစစ်ညှိနှိုင်းရေးအဖွဲ့ (ငွေလုံးငွေရင်း) ၏ (၁/၂၀၂၂) ညှိနှိုင်းစည်းဝေး

 

နေပြည်တော်   ဒီဇင်ဘာ    ၇
ဆောက်လုပ်ရေးလုပ်ငန်း     စိစစ်ညှိနှိုင်းရေးအဖွဲ့ (ငွေလုံးငွေရင်း) ၏ (၁/၂၀၂၂) ညှိနှိုင်းအစည်းအဝေး ကို   ယနေ့   မွန်းလွဲ ၁ နာရီခွဲတွင်   နေပြည်တော်ဆောက်လုပ်ရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပ သည်။ (အောက်ပုံ)
အစည်းအဝေးသို့ ဆောက်လုပ်ရေးလုပ်ငန်း စိစစ် ညှိနှိုင်းရေးအဖွဲ့ (ငွေလုံးငွေရင်း)နှင့် တည်ဆောက်ရေး လုပ်ငန်း     စိစစ်ရေးညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊    ကော်မတီဒုတိယဥက္ကဋ္ဌများဖြစ်သည့်  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊    ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ ပြည်ထောင်စုအဆင့်  ဗဟို အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဌာနများမှ  အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေး မှူးချုပ်များ၊     ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ဆောက်လုပ်ရေးလုပ်ငန်း စိစစ်ညှိနှိုင်းရေး အဖွဲ့ (ငွေလုံးငွေရင်း)နှင့်      တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ ဆောက်လုပ် ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  ဦးမျိုးသန့် က       နိုင်ငံတော်     စီမံအုပ်ချုပ်ရေးကောင်စီရုံး၏ လမ်းညွှန်ချက်နှင့်အညီ     နိုင်ငံတော်ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှုမရှိစေရန်နှင့်     အသုံးစရိတ်များ ဟန်ချက်ညီညီ     ဆောင်ရွက်နိုင်ရန်  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏     ဘဏ္ဍာရေးဆိုင်ရာ ညွှန်ကြားချက်များကို   ပြည်ထောင်စုအဆင့်   အဖွဲ့ အစည်းများ၊    သက်ဆိုင်ရာဝန်ကြီးဌာနများ အနေ ဖြင့်   အထူးအလေးထား    လိုက်နာဆောင်ရွက်ရန် လိုပါကြောင်း။
၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေး လုပ်ငန်းများ လျာထားရာတွင် လုပ်ငန်းစီမံကိန်းများ (Projects) နှင့် လုပ်ငန်းများ (Works) ဆိုပြီး နှစ်ပိုင်း ရှိသည့်အပြင် မဟာဗျူဟာမြောက် လုပ်ငန်းစီမံကိန်း များ၊   Project Bank  တွင်  လျာထားမည့်  လုပ်ငန်း စီမံကိန်းများ ပါဝင်ပါကြောင်း၊ လုပ်ငန်းစီမံကိန်းများ အားလုံးကို  Myanmar Sustainable Development Plan  နှင့်   ချိတ်ဆက်ပြီး ဆောင်ရွက်လျက်ရှိသည့် အတွက် တည်ဆောက်ရေးလုပ်ငန်းများကို လျာထား ရာတွင် လုပ်ငန်းစီမံကိန်းသစ်၊ ဆောင်ရွက်ဆဲလုပ်ငန်း စီမံကိန်းများဖြင့် ခွဲခြားဖော်ပြပြီး မိမိတို့ဝန်ကြီးဌာန များမှ ခွဲဝေရရှိထားသော ငွေလုံးငွေရင်း အသုံးစရိတ် ဘောင်အတွင်းမှ         လျာထားဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ကော်မတီဒုတိယဥက္ကဋ္ဌ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင် မောင်ဝင်း က ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများအနေဖြင့် ဘဏ္ဍာငွေ ရသုံးခန့်မှန်းခြေငွေစာရင်းများ ရေးဆွဲတင်ပြရာတွင်  ငွေလုံးငွေရင်းနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ရန် အချက်များကို    ညွှန်ကြားထားပြီးဖြစ်ပါကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများ      ဘဏ္ဍာရေးနှစ် အတွင်း ပြီးစီးရေး လိုက်နာဆောင်ရွက်ရမည့် ဘဏ္ဍာ ရေးစည်းမျဉ်း၊    စည်းကမ်းများနှင့်  ပတ်သက်၍ လည်းကောင်း၊    ဆက်လက်၍   ကော်မတီဒုတိယ ဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ က  ကော်မတီအနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ စည်းမျဉ်း၊ စည်းကမ်းများ၊ မူဝါဒ များနှင့်  ပတ်သက်၍  လည်းကောင်း   ဆွေးနွေး ပြောကြားသည်။
ယင်းနောက်   ဆောက်လုပ်ရေးလုပ်ငန်း   စိစစ် ညှိနှိုင်း ရေးအဖွဲ့    (ငွေလုံးငွေရင်း)       အတွင်းရေးမှူးနှင့်  ကော်မတီအဖွဲ့ဝင်များဖြစ်သည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့်  သက်ဆိုင်ရာ  ပြည်ထောင်စု ဝန်ကြီးဌာနများမှ    တာဝန်ရှိသူတို့က    မိမိတို့နှင့် သက်ဆိုင်သည့်  ကဏ္ဍအလိုက်   အကြံပြုဆွေးနွေး တင်ပြရာ ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်